ကြည်နူးရိပ်ဆင်လွမ်းစိတ်နှင်မဆုံးဖွယ် အမှတ်တရ ငယ်ဘဝဖြစ်ရပ်များ

ကြည်နူးရိပ်ဆင်လွမ်းစိတ်နှင်မဆုံးဖွယ် အမှတ်တရ ငယ်ဘဝဖြစ်ရပ်များ
June 5, 2017 Asian Fame
ကြည်နူးရိပ်ဆင်လွမ်းစိတ်နှင်မဆုံးဖွယ် အမှတ်တရ ငယ်ဘဝဖြစ်ရပ်များ

Khaingthazin Nu War

လူတိုင်းကိုယ်စီမှာ ငယ်ဘဝ ဖြတ်သန်းမှုထဲက အမှတ်ရစရာများရော၊ ကြည်နူးပီတိဖြစ်စရာများပါ ရှိတတ်ကြစမြဲပါ။ အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်ဘဝတုန်းက ကျော်လွန်ဖြတ်သန်းခဲ့ရသမျှ လှုပ်ရှားမှု ပုံရိပ်တွေ၊ဓာတ်ပုံတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေ ပြန် ပြောင်းအောက်မေ့ကာ အတွေးရိပ် ထဲပုံဖော်ဖြစ်တဲ့အခါ မည်သူမဆို အတိတ်အရိပ်ဆီမှာ ကြည်နူးအေးမြ မှုများရော၊ ဆွတ်ပျံ့လွမ်းမောဖွယ် စိတ်ခံစားမှုကိုယ်စီဖြစ်တတ်ကြစမြဲ ပါ။ အဲဒီလို ရိုးသားဖြူစင်ပြီး ရှင်းသန့် အေးမြပူပင်သော ကကင်းဝေးတဲ့ ငယ်ဘဝ ပုံရိပ်များကို အကောင်း အဆိုးခွဲမမြင်ကြဘဲ သူသူကိုယ်ကိုယ် ဖြတ်ကျော်ကုန်ဆုံးခဲ့ကြခြင်းကလည်း ဆယ်ကျော်သက် ငယ်ဘဝ ချစ်စရာ့ အသွင်သဏ္ဌာန်အနှစ်သာရလို့ ဆိုရမယ်ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စီ ငယ်ဘဝကို ကျော်လွန်ဖြတ်သန်း ခဲ့ကြပြီး အချိန်တိုင်းလိုလို ပြန်ပြောင်း အောက်မေ့ဖွယ် အမှတ်တရ ငယ်ဘဝ ဖြစ်ရပ်တွေ ဓာတ်ပုံလေးတွေအကြောင်း ပြောပြတဲ့ အနုပညာရှင်တို့ရဲ့ ရင်တွင်းစကားသံများကို စုစည်းဖော်ပြ လိုက်ရပါတယ်။

ခိုင်သဇင်ငုဝါ

ငယ်ငယ်က ကျောင်းတက်နေ ချိန်တုန်းကတော့ ကျောင်းမြန်မြန် ပြီးချင်တယ်။ ကျောင်းပြီးလို့၊ တက္ကသိုလ်တက်ပြီး ဘွဲ့ရရင် ကိုယ် လုပ်ချင်တာလုပ်လို့ရပြီလို့ တွေးမိတယ်။ ဘွဲ့လည်းရပြီးတဲ့အချိန် ကျတော့ ကျောင်းပြန်တက်ချင်လာ ရော။ အသက်ကြီးလာတဲ့အချိန်မှာ ရတဲ့ သူငယ်ချင်းတွေ၊ ပျော်ရွှင်မှုတွေ က ငယ်ဘဝနဲ့တော့ တခြားစီပဲ။ ငယ်ငယ်က တအားဖြူစင်တယ်။ ဘာ အရောင်မှ မပါဘူး။ ငယ်ငယ် ကဆို ကျောင်းသွားတဲ့အခါ လှိုင်ွှဃ က ကျောင်းဝင်းကြီးမှာ သူငယ်ချင်း တွေနဲ့ ဆော့ကြတယ်။ အဲဒီအချိန် လေးက ဘာနဲ့မှလဲလို့ မရအောင် တန်ဖိုးရှိတယ်။ သူငယ် ချင်းတွေနဲ့ အားလုံးလည်း ကျောင်း ဝတ်စုံ လေးတွေနဲ့ ငယ်ဘဝကို ပြန်သွားတဲ့ ပုံစံလေးတွေ လုပ်ချင် တယ်။ ငယ်ငယ် ကတော့ ငုဝါက ကြီးလာရင် မော်ဒယ်လုပ်မယ်။ မင်းသမီး လုပ်မယ်ဆိုပြီး မတွေးခဲ့ ဘူး။ သာမန်လူငယ်တစ်ယောက်လို ပဲ အလုပ်လုပ်မယ်။ ဘွဲ့ယူမယ်ပေါ့။ အနုပညာရှင်ဖြစ်မယ်ဆိုပြီး စိတ် လည်း မကူးခဲ့မိဘူး။ ၁ဝတန်းပြီး တဲ့အချိန်လေယာဉ်ကုမ္ပဏီမှာလုပ် ပြီးမှ မော်ဒယ်ဘက်ကို တဖြည်း ဖြည်း ရောက်လာခဲ့တာပါ။

Su Myat No Oo

ဆုမြတ်နိုးဦး

ငယ်ဘဝကိုတော့ သတိရတယ်။ ကျောင်းတက်ရတာလည်း ပျော်စရာ ကောင်းခဲ့တယ်။ အရမ်းဆော့ကြ ဆိုးကြတဲ့အချိန်ပေါ့။ အမှတ်တရ တွေက အများကြီးပဲ။ ကျောင်းမှာ သားရေကွင်းကြိုးတွေခုန်လို့ ဆရာမ ရိုက်တာ။ အတန်းထဲ ဆရာမလစ် တာနဲ့ ခုံအောက်ဆင်းပြီး ခဲလုံး၅ လုံး နဲ့ ဆော့ကြတာလေ။ အဲဒါကိုဟိုမှာ တော့ =ကောက်မကောက်+တယ် လို့ ခေါ်တယ်။ ဒီမှာတော့ ဘယ်လို ခေါ်လဲမသိဘူး။ ကာယပြိုင်ပွဲတွေ ရော၊ ကျောင်းဝင်းထဲမုန့်ဈေးတန်း မှာ မုန့်ဝယ်စားကြတာရော၊ စာမေးပွဲ ဖြေလို့ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဘုရင့်နောင်တောင်ကုန်းပေါ်မှာ သွားဆော့ကြတာတွေရော။ အစား အသောက်တွေကိုရော အကုန်သတိ ရတယ်။ ငယ်ဘဝက ပျော်စရာ ရော၊ အမှတ်တရတွေရော အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ် ငယ်ငယ်တုန်းက အနုပညာရှင်ဖြစ်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ သရုပ်ဆောင်ကို ဝါ သနာပါပေမယ့် ဘာအဆက် အစပ် မှမရှိတော့ တစ်ခါမှကို မတွေး ခဲ့ဖူး တာပါ။

Yadanar Bo

ရတနာဗို

ငယ်ဘဝကတော့ ငယ်ငယ်က တည်းက အိမ်နဲ့ကျောင်း၊ ကျူရှင်သွား၊ အိမ်ပြန်၊ ပြီးတော့ ငယ်ငယ် ကတည်းကလည်း တစ်ယောက် တည်း အေးအေးဆေးဆေးပဲ နေ တတ်တော့ အပေါင်းအသင်းလည်း သိပ်မရှိဘူး။ ဒီတိုင်းပဲ ကိုယ့်ဘာသာ ဘာသိဘာသာနေတတ်တဲ့ အကျင့် ရှိနေတော့ အိမ်ထဲကနေ အိမ်ပြင်က လည်း သိပ်မထွက်ဆိုတော့ ငယ်ဘဝ ပြန်တောင့်တစရာ၊ အမှတ်ရစရာ သိပ် မရှိခဲ့ပါဘူး။ အမှတ်တရ အကြီး ကြီး မရှိခဲ့ပေမယ့် မန္တလေးသူဖြစ်ခဲ့တဲ့ အတွက် မန္တလေးမှာ နေခဲ့ရတဲ့ အချိန်တွေကိုတော့ အမြဲအမှတ်တရ ရှိနေပါတယ်။ ငယ်ဘဝကတော့ မိသားစုတွေနဲ့ နွေးနွေးထွေးထွေး နေရပါတယ်။ ဒါပေမဲ့တစ်ယောက် တည်းပဲနေတတ်တာဆိုတော့ ထွေထွေထူးထူးတော့ သိပ်မရှိ ဘူး။ ငယ်ငယ်ကတည်းက အနုပညာကို ဝါသနာပါတယ်။ ကိုယ် ဒီအလုပ်ကို လုပ်မယ်ဆိုတဲ့ စိတ်တော့ရှိခဲ့တယ်။ အဲဒါကို ဘယ်သူ့ကိုမှမပြောဖြစ်ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း လုပ်မယ်လို့ စိတ်ကူး ရှိခဲ့ပေမယ့် ဖြစ်မယ်လို့ မတွေး ထားမိဘူး။ ဒါပေမဲ့ ဖြစ် အောင်တော့ လုပ်ခဲ့တဲ့အတွက် အခု အချိန်မှာတော့ ကျေနပ်ပါတယ်။

La Min Ka Byar

လမင်းကဗျာ

ငယ်ငယ်တုန်းက မင်းသမီး ဖြစ်ချင်ခဲ့တာပါ။ အခုတော့ ဇာတ်ပို့ သရုပ်ဆောင်အဖြစ် ရပ်တည်နေပါ တယ်။မင်းသမီးဆိုတာ အတိတ်ကံ တော်တော်ကောင်းမှ ဖြစ်မှာလေ။အခုလည်း လက်ရှိအခြေအနေကို ကျေနပ်ပါတယ်။ ငယ်ငယ်ကလေး ဘဝက ပျော်စရာကောင်းတာပေါ့။ အရမ်း အဆော့သန်တယ်။ အရမ်း အပြေးသန်တယ်။ အရမ်းလည်းစွာ တယ်၊ ချော်ခဏခဏလဲတယ်၊ ရန်ခဏခဏ ဖြစ်တယ်။ အဲဒါလေးတွေ တော့ ဘယ်တော့မှ မမေ့ပါဘူး။ ငယ်ငယ်က အမှတ်တရကတော့ အရမ်းချစ်ရတဲ့သူငယ်ချင်းနဲ့ မြောင်းထဲမှာ ငါးသေးသေးလေးတွေ ဆင်းဖမ်းတာ ဘယ်တော့မှ မမေ့ပါ ဘူး။ ကျောင်းဝတ်စုံ တွေနဲ့ ဗွက်တွေ ပေကျံပြီးတော့ အရမ်းပျော်ခဲ့ရပါ တယ်။ ငယ်ဘဝအမှတ်တရတွေက များတော့ ပြောရင်ကုန်မှာမဟုတ်ပါဘူး။

Angle Lamone-4

အိန်ဂျယ်လမုန်

ငယ်စဉ်ဘဝက အမှတ်တရ တွေကတော့ အများကြီးရှိပါတယ်။ တနင်္ဂနွေနေ့ဆိုရင် ဘုရားကျောင်းကို သွားဖို့ လာကြိုတဲ့ ဘုရားကျောင်း ကားကို သွားစောင့်ပြီး စီးရတာ တွေ။ ဘုရားကျောင်းကနေ ပြန်လာ ကြပြီဆိုရင် သူငယ်ချင်းတွေ အကုန် လုံးနဲ့ပေါ့နော်။ ဘုရားကျောင်းကား က ဟိုဘက်လမ်းမှာ။ ညီမတို့နေတာ က ဒီဘက်လမ်း။ ဟိုဘက်လမ်းကနေ ညီမတို့အိမ်ကို အကူးမှာ ညီမရဲ့ အမေကို မောင်နှမတွေ အကုန်လုံးက “အနူး အနူး” ဆိုပြီး အော်ခေါ်ပြီး အိမ်ကို ပြေးကြတယ်။ အမေကလည်း ညီမတို့ ပြန်လာတော့မှာသိလို့ အိမ်မှာ ထမင်းဟင်းတွေ ချက်ထား ပြီး အဆင်သင့်စောင့်နေတာ။ အဲဒီ အချိန်တုန်းက စားရတဲ့ထမင်းဟင်း က တအားအရသာရှိတယ်။ ပြီးတော့ တနင်္ဂနွေနေ့ မနက် ဘုရားကျောင်း ကို ၆ နာရီခွဲလောက် သွားရတာ ဆိုတော့ အိပ်ရေးမဝတဝနဲ့ ထခဲ့ရ တာတွေကို သတိရမိတယ်။ စနေည ဆို တစ်ဝမ်းကွဲ ညီမတွေ အိမ်ကိုလာအိပ်ကြတယ်လေ။ တအားပျော်ဖို့ ကောင်းပါတယ်။ တကယ့်ကို အမှတ် တရလေးတွေပါ။ ငယ်ဘဝက တော် တော် ပျော်စရာ ကောင်းခဲ့ပါတယ်။ မောင်နှမတွေ ညီအစ်မတွေ စည်းစည်းလုံးလုံး အတူကစားကြ၊ စားကြ သောက်ကြတာတွေ များ တယ်လေ။ အခုခေတ် ကလေးတွေ ကျတော့ IT ခေတ်ဆို တော့ Phone နဲ့ပဲ ဆော့ နေကြတယ်။ လူ့ဘဝရဲ့ ပြင်ပမှာရမယ့် ရင်းနှီးမှုတွေ၊ ချစ်ခင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ မရကြဘူး။ Phone တွေနဲ့ပဲ အလုပ်ရှုပ်နေပြီး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မတွေ့ ကြတော့ဘူး။ ညီမတို့ ခေတ်ထိကတော့ တော်တော်လေး ပျော်ဖို့ ကောင်းပါတယ်။

ပေါ်ပြူလာအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*