ဟန်ကျမောင်

ဟန်ကျမောင်
May 30, 2017 Asian Fame
ဟန်ကျမောင်

HanKyaMg“ကလေးကိုမကျွေးကြဘူးလား”

“ဘာဖြစ်လို့လဲအမေ”

“နင့်သား လမ်းထိပ်ဆိုင်နား ရပ်ပြီး လူတကာစားတာကို လိုက် မျှော်နေတာလေ”
“အမေ့မြေးကဒီလိုပဲ၊ ဘယ် လောက်ကျွေးကျွေး လိုက်မျှော် နေတာပဲ။ ငတ်လို့မျှော်တာမဟုတ် ဘူး။ မျှော်တာကို ဝါသနာပါတာ”
ဟန်ကျမောင်လေးကို လမ်းထိပ် မုန့်ဆိုင်ကနေ လက်ဆွဲခေါ်လာ ခဲ့သော အဘွားက မုန့်တစ်ခုဝယ် ကျွေးပြီး အိမ်ကိုခေါ်လာခဲ့ရသည်။ အဘွားဝယ်ပေးသော မုန့်ကိုမစားဘဲ ကိုင်လာသည့် ဟန်ကျမောင်လေးက အဘွားကို တစ်လှည့်၊အမေ့ကိုတစ် လှည့်ကြည့်နေသည်။ ဟန်ကျမောင် လေးတို့ သားအမိမှာ နွေရာသီ ကျောင်းပိတ်ချိန် အဘွားရှိရာရွာကို လာလည် ကြခြင်းဖြစ်သည်။ ဟန်ကျမောင်လေး တို့ မိသားစုက မြို့ပေါ်မှာလည်း စားနိုင်သောက် နိုင်သော မိသားစု ဖြစ်သည်။ အဖေက စက်လှေပိုင်ရှင် ဖြစ်သဖြင့် ချောင် ချောင်လည်လည် ရှိသည်။

ကလေးကလည်း ဟန်ကျမောင် လေး တစ်ယောက်သာ ရှိသေးသဖြင့် အဖေနှင့် အမေက ဖူးဖူးမှုတ်ထား သည်။ လိုချင်တာဆို ဝယ်ပေးပြီးသား၊ စားချင်တာဆို ဝယ်ကျွေးပြီးသားဖြစ်သည်။ ဟန်ကျမောင်လေး တို့ အိမ် တွင် ရေခဲသေတ္တာထဲ အသီးအနှံ မျိုးစုံရှိသည်။ ကြောင်အိမ်ထဲတွင် မုန့် မျိုးစုံကို ဝယ်ထည့်ပေးထားသည်။ ဟန်ကျမောင်လေးမှာ မုန့်တွေကို လက်လှမ်း မီသော်လည်း ဘယ်တော့ မှယူမစားပေ။ မုန့်စားချင် သည်ဟူ ၍လည်း တောင်းလေ့ တောင်းထ မရှိပေ။ လူကြီးတွေက ကျွေးမှယူ သည်။ ပေးမှ စားသည်။ မကျွေး၊ မပေး လျှင်မစားတော့ပေ။   မုန့်သာလျှင် မဟုတ်၊ ထမင်းကိုလည်း ချော့မော့ ခွံ့ကျွေးမှစားသည်။ ထမင်းစား ချင်သည်၊ ဗိုက်ဆာသည် ဟူ၍ ဘယ် တော့မှတောင်းလေ့ ၊ပူဆာ လေ့ မရှိပေ။ လူတကာစားလျှင်တော့ ဟန်ကျမောင်လေးက မျှော်တတ် သည်။ တခြားလူတွေ စားတာကိုသာ မျှော်တတ်သည် မဟုတ်။ အဖေ၊ အ မေတွေ စားလျှင်လည်း မျှော်တတ် သည်။ သူ့ကိုထမင်း ကျွေး ထားပြီး ဖြစ်သော်လည်း အဖေနှင့်အမေ ထမင်းစားလျှင် အနားလာပြီး မျှော်တတ်သည်။ အဖေတို့ အမေတို့ ကခွံ့ကျွေးတော့လည်း စားလိုက် တာပဲဖြစ်သည်။ သူ့ကို ဘယ်လောက် ဝအောင် ကျွေးထားထား မျှော်တာ ပဲဖြစ်သည်။

“အမေ့မြေးက ကျွေးထား  လည်း မျှော်တာပဲ။ ဗိုက်ဝနေလည်း မျှော်တာပဲ။ တခြားလူတွေ ကမြင်ရင် အဖေအမေတွေက မကျွေးဘဲ ပစ် ထားသလို”

“အဲဒါကိုပြင်ပေး ရမှာပေါ့၊   ကလေးက ငယ်ငယ်လေး ရှိသေးတာ။ ဒီအကျင့်ကို မပြင်ရင် ကြီးလာရင် ပိုဆိုးမယ်။ ခုလည်းမုန့်ဆိုင် မှာသွား ငေးနေတာ။ မကြီးသင်က သားဘာ စားချင်လဲဆိုတော့ ခေါင်းခါပြ တယ်တဲ့။ ဒီအတိုင်း ရပ်ပြီးလာဝယ် တဲ့ သူတွေဆီကနေပဲမျှော်နေတာ  တဲ့။ ရှက်ဖို့ကောင်းလိုက်တာ။ က လေးကို အဲဒီအကျင့်မြန်မြန်ဖျောက်ပေးကြမှပေါ့”

“ပြင်တာပဲအမေရဲ့။ အမေ့မြေး က ဘယ်လိုမှကို သင်လို့ မရတာ။ ကျွန်မတို့က လိုလေသေးမရှိထား ပေးထားတာ။ ကျွေးတာကိုသိတဲ့ သူတွေကဆို စားရလွန်းတဲ့ကလေး ပို ငတ်တယ်ပဲကြားဖူးတာ။ စားချင်တာ စား လို့ရလေ ပိုမျှော်လေဖြစ်နေပြီတဲ့”

“မဖြစ်ဘူး။ ဒီမှာရောက်တုန်း ငါ့မြေးကို ဒီအကျင့်ဆိုးဖျောက်ပေးလိုက်မှဖြစ်မယ်”

“အမေ့မြေးကို အမေသေချာ ပြင်ပေးလိုက်ပါဦး၊ အမေရယ် ကျွန်မတို့လည်းပြင်ပေးတာ မရလို့ စိတ်ညစ်နေတာပဲ။ ဘယ် လိုပြင် ပေး ရမှန်းကိုမသိဘူး။ ငတ်လို့မျှော် တာ၊မစားရလို့ မျှော်တာဆိုလည်း ထားတော့”

“ငါက ကလေးလေးယောက် တောင် မွေးထားတာပါ၊ ဒီလိုမျှော်  ဖို့နေနေသာသာသူများ ကျွေးတာ တောင် မစားကြရတာ နင်တို့အသိ ဆုံးပဲ”

“အမေသင်တာကို ကျွန်မတို့က နားထောင်တယ်လေ။ အမေ့မြေးကျ တော့ မရပါဘူးဆို။ ဒါကြောင့်အမေ့ ကိုအပ်နေတာ။ အမေ့မြေး သင်ပေး ပါဦးအမေ”

“အေးပါ၊ ငါ့တာဝန်ထားလိုက်။ နင်တို့မပြန်ခင် ငါ့မြေးကိုဘယ်သူ့ ဆီကမှ မမျှော်အောင် ငါသေချာ သင်ပေးလိုက်မယ်။ နင် တို့မြို့ပြန် ရောက်ရင်သာ အကျင့်ပြန်မပျက်စေ နဲ့”

အဘွားနှင့် အမေပြောနေသည် ကို ဟန်ကျမောင်လေး ကငေးကြည့် နေသည်။ ယခုနှစ်မှာမှ သူငယ်တန်း ကို တက်ရသော ဟန်ကျမောင်လေး မှာ မူကြိုထားကတည်းက ဆရာမ တွေက သူများ စားတာလိုက်လိုက် မျှော်နေတတ်သဖြင့် မမျှော်ဖို့သွန် သင်သော်လည်း မရဟု ဆိုကြသည်။ တခြားလူဆီကနေ လုစားတာမျိုးမ လုပ်သော်လည်း သူ့အတွက်ပေး သည့်မုန့်ကို ကိုင်ထားပြီး တခြား က လေးတွေ စားတာကို ဟိုကလေးနား ရပ်မျှော်၊ ဒီကလေး နားသွားမျှော် လုပ်နေတတ်သည်။ သူ့လက်ထဲက မုန့်ကို မစားသေးဘဲ ငေးနေသဖြင့် ဆရာမတွေက မုန့်ထုပ်ကို ဖောက် ပေး ပြီး သားစား လေဟု ပြောတော့မှ စားသည်ဟု ဆရာမတွေက ပြန် ပြောပြသည်။ သူ့မုန့်ကိုလည်း တစ် ကိုက်ကိုက်ပြီး ပါးစပ်ထဲ ငုံထား ကာ တခြားကလေးတွေ စားတာကိုပဲ လိုက်ငေးနေတာ ဟုဆိုသည်။

“ဆရာမရေ၊ ကလေးကဘာ   ဖြစ်လို့ မျှော်တာလဲမသိဘူး။ မ ကျွေးတာလည်း မဟုတ်။ မစားရတာ လည်း မဟုတ်။ ကျွေးနေ တဲ့ကြား က မျှော်မျှော်နေတတ်တာ”

“ဟုတ်တယ်အစ်မ။ တစ်ခါတ လေ တခြား ကလေးတွေက တောင်း ရင်လည်း သူ့မုန့်ကို ကျွေးလိုက်တာပဲ။ တခြားကလေး က ကျွေးရင် လည်း စားလိုက်တာပဲ။ ကလေး တစ် ယောက်ဆီက စားရပြီးရင်တခြား ကလေး တစ်ယောက်ဆီ သွားမျှော်ပြန် ရော။ သား လက်ထဲမှာ လည်း မုန့် ရှိတယ်လေ။ သားမုန့်ကိုစား၊ သူများ စားတာကို လိုက်မမျှော်နဲ့လို့ ပြော လည်း အစ်မ ကလေးက မရဘူး။ မျှော်တာပဲ”

ဆရာမတွေကလည်း သင်ပေး၊ ပြင်ပေးကြသည်ပင် ဖြစ်သော် လည်း ဟန်ကျမောင်လေး ကတော့ မျှော် တတ်တာကိုမပြင်ပေ။

“ဒီကလေး အရင်ဘဝက ငတ် ပြတ်ပြီးများ သေခဲ့တာလား မသိဘူး၊ စားရမဲ့သောက်ရမဲ့ ဖြစ်ခဲ့တာလား မသိဘူးလို့ ကျွန်မ တို့ကတောင် တွေး နေမိတယ်။ မိဘတွေက လိုလေသေး မရှိအောင် ကျွေးထားတာတောင် မျှော်တာကိုက အကျင့်ဖြစ်နေတာ အစ်မရဲ့။ ကျွန်မတို့လည်း ဘယ်လို သင်ပေးရမှန်းတောင် မသိတော့ဘူး”

သီသီဦးက သူ့သားနှင့်ပတ်သက် ၍ သူ့အမေ ကို အကြောင်းစုံပြော ပြနေသည်။ အဘွားကလည်း သေ ချာစွာ နားထောင်နေသည်။ သူ့မြေး ကိုဘယ်လို ပြုပြင်ပေးရမည်ကို စဉ်းစားနေသည်။ ကလေးဆိုတာက သူတို့ လိုချင်တာနှင့် မျှားကာ ကိုယ်လို ချင်သည့် ပုံစံရအောင် သိမ်းသွင်း ရမည်ကို အဘွားကသိသည်။ သူ့မြေး လေး ဘာလိုချင်သလဲ ဆိုတာကနေ စတင်ရမည်ဟု တွေးလိုက်သည်။

“မြေးလေး ဘာအရုပ်လိုချင်လဲ ကြည့်လေ”

ဒေါ်ကြည်ကြည်ဝေ ကသူ့မြေး လေး ဟန်ကျမောင်ကို အရုပ်ဆိုင် ခေါ်သွားပြီးမေးသည်။ဟန်ကျမောင် လေးက အရုပ်တွေကို စိတ်မဝင် စားဘဲ ထမင်းစားနေသော ကြောင် ကလေးနား သွားရပ်ကာမျှော်နေ သည်။ ဒေါ်ကြည်ကြည်ဝေမှာ မြေး ဖြစ်သူကို ကြည့်ပြီး ခေါင်းခါ လိုက် သည်။

“မြေးလေးက ကြောင်စားနေတဲ့ ထမင်းစားချင်တာလား။ ကြောင် က လေးစားနေတာစားမလား”

ဟန်ကျမောင်က အဘွားကို မော့ကြည့်လိုက်ပြီး ကြောင်ကလေး စားနေတာကို ပြန်မျှော်နေသည်။ အဘွားက ကြောင်ကလေး စားနေ သော ထမင်း ပန်းကန်ကို ယူလိုက်ပြီး ဟန်ကျမောင်လေးကို စားမလားဟု မေးလိုက်သည်။ ဟန်ကျမောင်လေး က ခေါင်း ခါပြသည်။

“ငါ့မြေးစားချင်တာလည်း မဟုတ်ဘဲနဲ့ ဘာလို့လိုက် မျှော်နေရ တာလဲမြေးရဲ့။ ရှက်စရာကြီး။ သူများ က ငါ့မြေးကို အငတ်ကြီးလို့ထင်မှာ ပေါ့။ သူများစားတာ ကိုမျှော်တာ ရှက်ဖို့ကောင်းတယ် မြေးရဲ့။ မမျှော်ရ ဘူးသိလား”

ဟန်ကျမောင်လေး ကအဘွား ကိုမော့ကြည့်ပြီး ခေါင်းညိတ်ပြသည်။ အဘွားက ဟန်ကျမောင်လေး လက်ကို ဆွဲလာပြီး အရုပ်တွေကို လိုက်ကြည့် ခိုင်းကာရွေးခိုင်းသည်။ ဟန်ကျမောင် လေးကတော့ လည်ပြန်လှည့်ပြီး ကြောင်ကလေး ထမင်းစား နေတာကို ပဲကြည့်နေ သည်။ အဘွား လက်လျှော့ လိုက်ပြီး ဆိုင်ထဲကနေ ပြန်ထွက် လာသည်။ ဆိုင်ထဲက အထွက် ကလေး တစ်ယောက်က ရေခဲချောင်း စုပ်ပြီး ထွက်လာ တာကို ဟန်ကျမောင် လေးက လိုက်ငေးနေသည်။ အဘွား က လိုက်မငေးဖို့ပြောပြီး ရေခဲချောင်း ဝယ်ကျွေးသည်။ သူ့လက်ထဲ က ရေခဲချောင်းကို မစားသေးဘဲ တခြား ကလေးရေခဲချောင်း စုပ်နေတာကို လိုက်ငေးနေပြန်သည်။ ဒေါ်ကြည် ကြည်ဝေ ဆိုင်ထဲ ကနေ မြန်မြန်ပြန် ထွက်လာခဲ့ရသည်။

“နင်တို့ငယ်ငယ်လေး ကတည်း က မသင်ထားတော့ ကလေးကတော် တော် အကျင့်ရနေပြီ။ အချိန်ယူပြီးပြင် မှပဲ ရတော့မယ်။ ကလေးကို သွန်သင် တာ ဘာလုပ်နေကြမှန်းမသိဘူး”

“သင်တာပဲအမေရဲ့။ အမေ တွေ့တဲ့ အတိုင်းပဲ။ ဆရာမတွေက လည်း လက်လျှော့ ထားကြရတာ။ တစ်ခါတလေ ကျွန်မသူ့ကို အငတ်ခံ ပြီးတော့ကိုထားတာ။ ဒီလောက် ဖြစ်တာ ဆိုပြီး။ သူများ စားတာကို မျှော်တာ ငတ်လို့မျှော်တာ။ မျှော်တာ က ဗိုက်မဝဘူး။ စားမှ ဗိုက်ဝတာဆိုပြီး သင်ပေးတာပဲ။ ဒါပေမဲ့အမေ့ မြေးက မရဘူး”

ဒေါ်ကြည်ကြည်ဝေ ကတော့ လက်လျှော့မည့် ပုံစံမရှိပေ။ မြေး ဖြစ်သူကို ဘာလိုချင်လဲ ဘာလုပ်ချင် လဲဆိုတာကို အမြဲမေးနေတတ်သည်။

“မြေးလေးဘာလုပ်ချင်လဲ။  ဆော့ချင်တာမဟုတ်လား။ ဆော့မ လား။ ဘာနဲ့ဆော့မလဲ”

ဟန်ကျမောင်လေးကအဘွား မေးတာကိုဟုတ်ဟူ၍သာ ဖြေလေ သည်။ ငါ့မြေးကြိုက်တာ နဲ့ဆော့ဆို တော့ သူမမြင်ဖူးသည့် အုန်းလက် နွားကို ကြိုးဖြင့် ဆွဲရတာကို သဘောကျစွာရွေးသည်။ အုန်းလက်နွားက လေးကို အဘိုးက လုပ်ပေးထား ခြင်း ဖြစ်သည်။  ချိုကော့ နေအောင်လုပ်ပေးထား သဖြင့်နွား လေးကကြော့နေသည်။ အဘွားက ဟန်ကျ မောင်ဆွဲနေသော အုန်းလက် နွားလေး ကို ဟန်ကျမောင် ဆီကနေ ယူလိုက်သည်။

“မြေးလေး၊ အုန်းလက်နွားလေး နဲ့ဆော့ရတာပျော်လား”

“ဟုတ် ပျော်တယ်ဘွားဘွား”

“အုန်းလက်နွားလေးကိုကြိုက် လား။ အိမ်ပြန်ရင်ယူသွားမလား”

“ကြိုက်တယ်ဘွားဘွား။ အိမ်ပြန် ရင်ယူသွားမယ်”

“အေး ဟုတ်ပီ၊ဘွားဘွားက ဘိုးဘိုးကို နောက်တစ်ကောင်ထပ် လုပ် ခိုင်း မယ်။ နှစ်ကောင်ယူသွား ရမယ်နော်”

“ဟေး ပျော်တယ်ကွ၊နွားနှစ် ကောင်ရတော့မယ်ကွ။ နွားနှစ် ကောင် ဆွဲမယ်နော်ဘွားဘွား”

“ဆွဲရမှာပေါ့မြေးရဲ့။ ဒါပေမဲ့ ဘိုးဘိုးကို နောက်တစ်ကောင် ထပ်လုပ်  ခိုင်းရမယ်။ ဘိုးဘိုးကပြော တယ်။ မြေးလေးက သူများစားတာ သောက်တာကို လိုက်ငေးတာမ ကြိုက်ဘူးတဲ့။ သူတောင်းစားဆိုတာ မြေးလေးသိလား”

ဆက်လက်ဖော်ပြပါမည်
စိုးဘားဒိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*