ရုပ်ရှင်လောကနဲ့ ပထမဆုံးထိတွေ့ခွင့်ရရှိခဲ့တဲ့ လူငယ်ဂီတမှူး လင်းထက်

ရုပ်ရှင်လောကနဲ့ ပထမဆုံးထိတွေ့ခွင့်ရရှိခဲ့တဲ့ လူငယ်ဂီတမှူး လင်းထက်
May 29, 2017 Asian Fame
ရုပ်ရှင်လောကနဲ့ ပထမဆုံးထိတွေ့ခွင့်ရရှိခဲ့တဲ့ လူငယ်ဂီတမှူး လင်းထက်

Lin Htet

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ရက် သတ္တပတ်အတွက် ဒါရိုက်တာ အောင်လွင်ရိုက်ကူးမယ့် “သရစောထိ” ရုပ်ရှင်ဇာတ်ကားတစ်ကားလုံးအတွက် ဂီတပိုင်းကို တာဝန်ယူမယ့် သူက လူငယ်ဂီတမှူးလင်းထက်ပါ။ သူကတော့ ၂ဝ၁၃မြန်မာ့ဆီးဂိမ်း Theme Song ဖြစ်တဲ့ “ရောင်စုံဥယျာဉ်” သီချင်းရေးသားသူအဖြစ်နဲ့ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အခုဒီ “သရစောထိ” ဇာတ်ကားကတော့ သူ့ရဲ့ပထမဆုံးရုပ်ရှင်အတွေ့အကြုံပါ လို့ဆိုတဲ့ လင်းထက်က …

” ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် ဦးသူရက ကျွန်တော်တို့ကို ခေါ်တယ်ပေါ့ နော်။ ကျွန်တော်တို့ဆိုတာ Commercial ထဲမှာနေတယ်။ အထူးသဖြင့် ကြော်ငြာတွေပေါ့နော်။ ကျွန်တော်တို့ ကြော်ငြာထဲမှာနေနေတယ်။ Music နဲ့ပတ်သက်ပြီး Creation တွေက Commercial ဘက်မှာ အများဆုံးလုပ်ဖြစ်တယ်။ ဒါကျွန်တော့်အတွက်ကတော့ ရုပ်ရှင်လောက နဲ့ ပထမဦးဆုံးထိတွေ့ခွင့်ရတာပေါ့နော်။ ရှေ့မှာလည်း ကျွန်တော်အားကျခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကိုဓီရာမိုရ်တို့လို ပုဂ္ဂိုလ်မျိုးပေါ့။ ကျွန်တော်အရမ်းဖြစ်ချင်ခဲ့တဲ့ ဟာမျိုးတွေရှိတယ်။ ဒါပေမဲ့ ကျွန် တော်တို့ လူငယ်တွေကို ဘယ်သူကယုံမလဲပေါ့။ ဘယ်လာက်အထိ ယုံနိုင်မလဲပေါ့။ ဦးသူရက အဲဒီမှာ လှမ်းခေါ်တယ်။ ဒါရိုက်တာ ဘကြီးအောင်တို့ရောပေါ့။ ဒီဇာတ်ကားက အသစ်သော ရသတွေရလိမ့်မယ်။ ကျွန်တော်လည်း ဒီအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ဆီမှာရှိတဲ့ အကောင်းဆုံးဟာကို ဒီဇာတ်ကားထဲမှာ ထည့်ထားပါတယ်” လို့ သူက ပြောပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*