မြန်မာနိုင်ငံမှာ Sex Education လုပ်ငန်းလိုအပ်တယ် Single Mothe ဂေဟာတည်ထောင်သူ ကိုစိုးထိုက်(ဖဒို) နဲ့တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှာ Sex Education လုပ်ငန်းလိုအပ်တယ် Single Mothe ဂေဟာတည်ထောင်သူ ကိုစိုးထိုက်(ဖဒို) နဲ့တွေ့ဆုံခြင်း
May 22, 2017 Asian Fame
မြန်မာနိုင်ငံမှာ Sex Education လုပ်ငန်းလိုအပ်တယ် Single Mothe ဂေဟာတည်ထောင်သူ ကိုစိုးထိုက်(ဖဒို) နဲ့တွေ့ဆုံခြင်း

soehk

အခုနှစ်ဖေဖော်ဝါရီလမှာတော့ ရန်ကုန်မြို့မှာ စွန့်ပစ်ခံကိုယ်ဝန်ဆောင်တွေကို စောင့်ရှောက်ပေးတဲ့ Single mother ဂေဟာလေး တစ်ခုဖြစ်တည်လာခဲ့ပြီဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ယူသူမဲ့နေရှာတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ခိုကိုးရာတစ်ခုကို ဖန်တီးလိုက်သူတစ်ဦးကတော့ ကိုစိုးထိုက်(ဖဒို) ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ Single mother စောင့် ရှောက်ရေးဂေဟာ ဖြစ်တည်လာပုံကို ပေါ်ပြူလာမှ အခုလိုမေးမြန်းထားပါတယ်။

မေး။ ။ Single mother ဆိုတဲ့ ဂေဟာလေးဖွင့်လှစ်ဖြစ်တဲ့ အကြောင်းလေးပြောပြ ပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ပရဟိတ အလုပ်လုပ်နေတာ ကြာပြီပေါ့နော်။ ကလေး လေးတွေကို ပညာရေးအတွက် ကျွန်တော်တို့ အဓိက ပံ့ပိုး ပေးတယ်။ တောင်ပေါ်ဒေသမှာ စာသင်ကျောင်းတွေ ဆောက်ပေးတယ်ပေါ့။ ကျွန်တော်တို့ဒီနှစ်ထဲမှာ ကျတော့ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ကလေး တွေ၊ အမှိုက်ပုံထဲမှာ မွေးကင်းစ ကလေးတွေ ပစ်ထားတာတွေတွေ့လာတော့ ကျွန်တော်တို့ ဒီဟာကိုလုပ် ရမယ်။ ဒီကိုယ်ဝန်သည် အမျိုးသမီး တွေအတွက်ကျွန်တော်တို့ထွက် ပေါက် တစ်ခုဖန်တီးပေးမယ်ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ တော့ ဒါကို အထူးအဆန်းဖြစ်နေ ချင်ဖြစ်နေလိမ့်မယ်။ နိုင်ငံတကာမှာ ဆိုရင်တော့ ဒါဘာမှအထူးအဆန်း မဟုတ်ဘူးပေါ့။ အားကိုးရာမဲ့နေတဲ့ ကိုယ်ဝန်ဆောင်သည်တွေလာပြီး ကလေးမွေးတယ်ပေါ့နော်။ ထွက် ပေါက်လေးတစ်ခု သူတို့အတွက် ဖန်တီးပေးလိုက်တယ်ပေါ့။ အဲဒီ အတွက်ကျွန်တော်တို့ဒါလေး လုပ်ဖြစ်တယ်။

မေး။ ။ အစ်ကိုအနေနဲ့ အခုလက်ရှိ Single mother တွေကို ကူညီ စောင့်ရှောက်တဲ့အခါမှာ သူတို့ နဲ့တွေ့ဆုံချိန် သူတို့စိတ်ခံစားချက် လေးတွေပေါ့။ အစ်ကိုကြုံတွေ့ရတာ လေးတွေကို ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ဆီရောက်လာကတည်းက Single mother တွေက၊ ကျွန်တော်ဆီ ဖုန်းစဆက်ကတည်းက သူတို့ ကယ်ရာမဲ့တောပေါ့နော်။ ကယ်ရာမဲ့နေတယ်ဆိုတာက ကျွန်တော်တို့ မြန်မာဓလေ့မှာ လင်ကောင်မပေါ်ခဲ့ရင် အရမ်းအရှက်ရတယ်လေ။ သူတို့နေစရာ နေရာကို မရှိတော့ဘူး။ အဲဒီမှာ ကျွန်တော့်အကြောင်းကိုခေနဘသသု ကနေသိပြီးတော့ ဖုန်းတွေလှမ်းဆက်ပြီး ကျွန်တော်ဆီ ရောက်လာတယ်ပါ့။ ကျွန်တော်နဲ့ မတွေ့ခင်ကတော့ သူတို့မှာ တကယ့် ကို အားကိုးရာမဲ့နေသလိုပေါ့။ စိတ်ခံစားချက်ကတော့ ကျွန်တော်နဲ့ တွေ့ပြီးချိန်မှာ ကျွန်တော်က အဓိကအနေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာကိုပဲ အဓိကထားပြီးတော့ မြှင့်တင်ပေးတယ်။ စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်ဆိုတာက သူဒီကလေးမွေးပြီးလို့ရှိရင် ကလေးလက်ဆွဲပြီး လူမှုပတ်ဝန်း ကျင်မှာ ပြန်ပြီး ရင်ဆိုင်နိုင်ရမယ်။ အလုပ်အကိုင်တွေက အစ ကျွန်တော် တို့ ဖန်တီးပေးတယ်။ ဒီကလေးကို ငှါငညါူန သြအ့နမ တစ်ယောက် အနေနဲ့ ရဲရဲရင့်ရင့် ဘဝ လို့ ရင်ဆိုင် သွားမယ်ဆိုတဲ့ စိတ်ဓာတ် မျိုးအထိ မြှင့်တင်ပေးပြီးတော့မှ ပြန်လွှတ် လိုက်တာ။ ကလေးမွေး ပြီးရင် ကလေးကိုထားခဲ့ပြီး ပြန်ထွက်သွားတာလောက် ပဲရည်ရွယ်ချက်တင် မဟုတ်ဘူးပေါ့။

မေး။ ။အခုလို Single mother ဖြစ်ရတဲ့ အကြောင်းလည်းပြောပြပေးပါဦး။

ဖြေ။ ။ များသောအားဖြင့် တွေ့ရတာကတော့ ရည်စားနဲ့ ပြတ်သွားတာပဲ။ ပြီးတော့ ကျွန်တော်တို့ဆီမှာ တစ်ခုလပ်တို့ အိမ်ထောင်ရှိတယ်။ ကွဲသွားတာတို့ဆို ကျွန်တော့်ဆီလာ နေလို့ အဆင်မပြေဘူး။ ကျွန်တော်တို့က အိမ်ထောင်မကျသေးတဲ့ သမီးရည်းစားကြောင့် ဖြစ်သွားတာမျိုးကိုပဲ ပိုပြီး တော့ လက်ခံတယ်။ အဓိက က သူတို့ကောင်လေးတွေက သူတို့ကို ယူမယ်ဆိုပြီးတော့ ထွက်ပြေးသွားတာ ရှိတယ်။ ပတ်ဝန်းကျင်မှာ ပေါ်တင်နေမယ်။ ငါထွက်မပြေးဘူး။ တိုင်ချင်ရာတိုင်၊ ဒီကိုယ်ဝန်ကို ငါတာဝန် မယူနိုင်ဘူး။ ငါ့ကိုယ်ဝန်လည်း မဖြစ်နိုင်ဘူး။ ဘာညာဆိုပြီးငြင်းထားတာမျိုးတွေလည်းရှိတယ်။ နောက်တစ်ခုက မုဒိန်းကျင့်ခံရတာပေါ့။ မုဒိန်းသမားကတော့ထောင်ထဲ ရောက်သွားပြီး တရားဥပဒေနဲ့ ရင်ဆိုင်နေရပြီ။ ဒီကိစ္စနဲ့ သူ့ကိုယ်ဝန်ရလာတယ်။ ကိုယ်ဝန်ကလည်း ၅ လ ၆ လ စသဖြင့် ရင့်နေပြီ။ နောက်တစ်ချက်က ယောက်ျားလျာရှိတယ်။ ယောက်ျားလျာတွေကျတော့လည်း အရက်တွေဘာတွေတိုက်ပြီးမုဒိန်းကျင့်သွားတာမျိုးတွေရှိတယ်ပေါ့။ အဲဒါမျိုးလေးတွေ တွေ့ရပါတယ်။

မေး။ ။ ဒီလိုမျိုး မဖြစ်ဖို့ဆိုရင် ဘာတွေရှောင်သင့်တယ် ဆိုတာမျိုး လေးတွေကိုလည်း အစ်ကို့အနေနဲ့ ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော့်တို့ဆီကို ရောက်လာတာ အများစုက သမီးရည်းစား ဖြစ်ပြီးတော့ ရောက်လာတာများတယ်။ အကြံပြုစကားဆိုရင်တော့ ဒီသမီးရည်းစားဖြစ်တာကို ကျွန်တော်တို့ကအစဉ်အဆက် တားမြစ်လာတယ်။ လက်မထပ်ခင်အတူ မနေနဲ့တို့ဘာတို့ပေါ့။ အဲဒီတားမြစ်တာတွေ တကယ် ထိရောက်ခဲ့လို့လား။ ဒါမြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး။ လက်မထပ်ခင် အတူမနေရဘူး။ အစဉ်အဆက်တားခဲ့တာဘာအကျိုးထိရောက်ခဲ့လို့တုန်း။ မထိရောက်ခဲ့ ဘူး။ အဲဒီတော့ ကျွန်တော်က သူတိ့ကို မလုပ်နဲ့ ဘာညာတော့မတား တော့ဘူး။ မတားဘူးဆိုတာ ကျွန်တော် လွှတ်ပေးထားတာ ပြောတာ မဟုတ်ဘူနော်။ တားတာထက် ဘာပိုထိရာက်မလဲပေါ့။ သူတို့ကို ပညာပေးရမယ်။ Sex Education ဆိုတာ သူတို့မှာရှိရမယ်။ ဒီခေတ်ကလေးတွေက ဘာမှန်းညာမှန်း မသိဘူး။ ဘာမှန်း မသိခင် မိဘရင်ခွင်က ဝေးပြီးတစ်နယ် တစ်ကျေးမှာအလုပ်တွေ သွားလုပ်ကြတယ်။ မိဘရင်ခွင်က ဝေးပြီး တက္ကသိုလ်တွေ သွားတက် ကြတယ်။ အဲဒီအချိန်မှာ ဒီလိုဖြစ်တာ။ ကျွန်တော်က သူ့တို့ကို Sex Education ပိုင်းကို နားလည်အောင်သွန်သင်ဆုံးမမယ်။ သူ့ကိုကို ပြောပြမယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ရည်ရွယ်ချက်က ဒီထွက်ပေါက် ကလေးတစ်ခုဖန်တီးပေးပြီးသွားလို့ ရှိရင် ကျွန်တော်တို့ ဒီကရလာတဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ စာသင်ကျောင်းတွေက အစ Sex Education သင်ကြားပေးဖို့အထိဆက်ပြီးတော့ လှုံ့ဆော်ကြိုးစားသွားပါမယ်။

မေး။ ။ ပြည်ပနိုင်ငံတွေ ထက်စာရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Sex Education ကဘယ် လောက်အထိလိုအပ်တယ်ဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့နိုင်ငံက ပိုပြီးလို အပ်တယ်ထင်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့ နိုင်ငံက ပိုလိုအပ်လဲဆို တော့ ကျွန်တော်တို့နိုင်ငံက ယဉ် ကျေးမှု မြင့်မားတယ်။ ယဉ်ကျေးမှု မြင့်မား ပြီး အရှက်အကြောက်ကြီးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့က Sex Education က ပိုလိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေ ရဲ့ အရှက်အကြောက်ကြီးမှုကို အခွင့် ကောင်းယူပြီးတော့ ယုတ်မာချင်တဲ့ သူကယုတ်မာသွားတဲ့အခါမှာပေါ့။ ဒီမိန်းကလေးတွေက အရှက် အ ကြောက်ကြီးတဲ့အတွက်မတိုင်ဘူး။ နောက်ပြီးတော့ ယဉ်ကျေးမှုမြင့်မားတဲ့အတွက် ကျွန်တော်တို့က ဒီလိုအရှက်ရစရာ ကိစ္စကို ပတ်ဝန်းကျင်မှာလည်း အရှက်ရစရာလို့ထင်တဲ့ အတွက်ပေါ့။ ဘယ်လိုပြောရမလဲ။ ဒီ Sex Education ဆိုတာမထိမ ကိုင်ရမယ့် ကိစ္စကြီးတစ်ခုလို့ ထင်နေတယ်။ တကယ်ရွံ့စရာကိစ္စကြီး တစ်ခုလို့ ထင်နေတယ်။ ထင်နေတဲ့ အတွက်ကျွန်တော်တို့နိုင်ငံကပိုပြီး လိုအပ်တယ်။

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*