အလှမယ် တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံမှာ ဘာမှလုပ်စရာ မရှိဘူး ဂုဏ်ရည်အေးကျော်

အလှမယ် တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံမှာ ဘာမှလုပ်စရာ မရှိဘူး ဂုဏ်ရည်အေးကျော်
May 22, 2017 Asian Fame
အလှမယ် တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံမှာ ဘာမှလုပ်စရာ မရှိဘူး ဂုဏ်ရည်အေးကျော်

Gone-Yi-Aye-KyawMiss Myanmar International 2013 ဆုရှင်တစ်ဦးဖြစ်တဲ့ ဂုဏ်ရည် အေးကျော်ကို အခုနောက်ပိုင်းမှာ Presenter အဖြစ် တွေ့မြင် ရတာ များပါတယ်။ Miss ပြိုင်ပွဲဆုရရှိသူ အများစုက  မော်ဒယ်၊ မင်းသမီး၊ အဆိုတော် အစရှိတဲ့ အနုပညာ အလုပ်တွေလုပ် ကိုင်လာကြပေမယ့် သူကတော့ အစီအစဉ် တင်ဆက်သူအဖြစ်ပဲ ဆက်လက်ရပ် တည်သွားမယ် လို့ ဆိုပါတယ်။ အသက် မွေး ဝမ်းကြောင်း အလုပ်အနေနဲ့ အစီအစဉ် တင်ဆက်သူဘဝကို ရွေးချယ်ဖြစ်တာနဲ့ ပတ်သက်ပြီး ဂုဏ်ရည်အေးကျော်က “Miss တစ်ယောက် က တကယ်တော့ ဘာမှ လုပ်စရာ မရှိဘူး။ မြန်မာပြည်မှာက Professionally  ဝင်ငွေရလောက်အောင် Miss တစ်ယောက် အနေနဲ့ ရပ်တည်စရာ ဘာမှမရှိဘူး။ ကြော်ငြာရိုက်တာ တစ်ခုတည်း နဲ့လည်း ဘာမှရှိလာမှာ မဟုတ်ဘူး။ Miss Myanmar  သည် Professional တစ်ခုမဟုတ်ဘူး။ Title တစ်ခု သာဖြစ်တယ်။ ဂုဏ်ရည် ကတော့ Presenter အလုပ်ကို နဂိုကတည်း က ဝါသနာပါတယ်။ စင်မြင့်ထက်မှာ ပြောတာ ဆိုတာတွေ၊ ဟောတာ ပြောတာတွေအကုန် လုံးကလည်း အတွေ့ကြုံ ရှိနေပြီးသား ဆိုတော့  ၂ဝ၁၃ ခုနှစ်မှာ Miss ရတယ်။ ၂ဝ၁၄ ခုနှစ် ကတည်းက Presenter လုပ်ဖြစ်တာ အခုဆိုရင်၂ နှစ်ကျော် ပြီပေါ့နော်။ ပွဲတွေ လည်းတော်တော် များလာခဲ့ ပြီဆိုတော့ ဒီအလုပ်ကိုပဲ ဆက်လုပ်ဖြစ်နေဦးမယ်။ တီဗွီရှိုး တွေမှာ  Presenter Host  အနေနဲ့ ရိုက်ဖြစ်မယ်” လို့ဆိုပါတယ်။

လက်ရှိမှာ ဂုဏ်ရည်အေးကျော် က Presenter  အနေနဲ့ သာမက ဟိုတယ်နှင့် ကုမ္ပဏီတွေမှာ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်မှု ဆရာမ အနေနဲ့ လုပ်ကိုင်လျက်ရှိပြီး သူမရဲ့ ရည်မှန်းချက်တွေ အတွက် နောက်မဆုတ်ဘဲ လုပ်စရာရှိတာ တွေ လုပ်ကိုင် သွားမယ် လို့လည်း ဆိုပါတယ်။

ထူးရွှေရည်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*