ပွင့်လင်းရာသီမှာ Music Tour တွေ ပြန်သွားမယ့် Iron Cross တီးဝိုင်း

ပွင့်လင်းရာသီမှာ Music Tour တွေ ပြန်သွားမယ့် Iron Cross တီးဝိုင်း
May 22, 2017 Asian Fame
ပွင့်လင်းရာသီမှာ Music Tour တွေ ပြန်သွားမယ့် Iron Cross တီးဝိုင်း

IC (1)

Iron Cross တီးဝိုင်းက အခုနှစ် မိုးရာသီမှာ ဂီတ ဖျော်ဖြေပွဲများကို နားထားမှာဖြစ်ပြီး ပွဲအကြီးတွေကိုတော့ ပွင့်လင်းရာသီကျမှပဲ ပြန်လည်
လက်လံသီဆိုသွားဖို့ရှိတယ်လို့  သိရပါတယ်။ ” ကျွန်တော်တို့  အခု စာချုပ်အသစ်ချုပ်ထားတယ်။ မိုးတွင်းပြီးရင် Music Tour တွေ ပြန်လှည့်ပါမယ်။ ဒီမိုးတွင်းမှာတော့ ပွဲလုံးဝ မတီးဘူးရယ်တော့မဟုတ်ဘူး။ကြိုကြား ကြိုကြား ပွဲတွေတော့ ရှိမှာပါ။ Main Show တွေကတော့ ဒီမိုးတွင်း အကုန်မှာပြန်စပါမယ်” လို့ ICတီးဝိုင်းက ဂစ်တာသမား ချစ်စမ်းမောင်က ပြောပါတယ်။

IC အနေနဲ့ ဒီ မိုးတွင်းကာလမှာတော့ ဂီတဖျော်ဖြေပွဲတွေ သိပ်တွေ့ရမှာမဟုတ်ပေမယ့် စီးရီးသစ်တစ်ခွေထွက်ရှိလာဖို့ရှိတယ်လိုလည်း ချစ်စမ်းမောင်က ပြောပါတယ်။ ” ကျွန်တော်တို့ဒီမိုးတွင်းမှာ စီးရီးလုပ်ဖို့ ရှိတယ်။ အဲ့ဒါကတော့ IC က အဆိုတော် လေးယောက်ရဲ့  စီးရီးပါ။ အဲ့ဒါလေး လုပ်ဖို့ရှိတယ်။နှစ်ပတ်လည်စီးရီးအနေနဲ့ တော့ မဟုတ်ဘူး” လို့  ပြောတဲ့ ချစ်စမ်းမောင် က ခုချိန်ထိအားပေးလာတဲ့ ပရိသတ် အပေါ်မှာလည်းခုလိုပဲ စကား လက်ဆောင်ပြောခဲ့ပါတယ်။

” ကျွန်တော်တို့ လည်း တတ်နိုင်သလောက် အစွမ်းအစလေးတွေနဲ့ ကြိုးစားကြရတာပေါ့။ကြိုးစားရင်းနဲ့ ဒီအချိန်ထိရောက် လာတယ်ဆိုတာလည်း ပရိသတ်တွေအားပေးပြီး တစ်ယောက်နဲ့ တစ်ယောက်ရင်ခုန်သံ တွေတူပြီး စီးဆင်းလာကြလို့ပါ။အဲ့ဒီအတွက် ပရိသတ်အားလုံးကို ကျေးဇူးတင်နေပါတယ်” လို့  ချစ်စမ်းမောင်က ပြောပြခဲ့ပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*