ဇာတ်လမ်းတွဲ ရေးသားဖို့အတွက်ပဲ အချိန်ပို ပေးဖြစ်နေတယ် ရွှေရေးထင်ထင်

ဇာတ်လမ်းတွဲ ရေးသားဖို့အတွက်ပဲ အချိန်ပို ပေးဖြစ်နေတယ် ရွှေရေးထင်ထင်
May 22, 2017 Asian Fame
ဇာတ်လမ်းတွဲ ရေးသားဖို့အတွက်ပဲ အချိန်ပို ပေးဖြစ်နေတယ် ရွှေရေးထင်ထင်

Shwe Yay Htin Htin

စာရေးဆရာမ ရွှေရေးထင်ထင် ရဲ့ပထမဦးဆုံးလုံးချင်းဝတ္ထုဖြစ်တဲ့ “ရွှေကြာဖူးသစ်” ဝတ္ထုကို MRTV 4 ရုပ်သံလိုင်းမှ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးပုံဖော်နေပါတယ်။ ဒီဝတ္ထုကို ကိုယ်တိုင်ရေးသားသလို ရုပ်သံဇာတ်လမ်းတွဲအတွက်လည်း ကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးသား ဖြစ်တယ်လို့ ပြောပါတယ်။

” ရွှေရေးက လောဘကြီးတယ် ပြောရမလားမသိဘူး။ ကိုယ်ရေးတဲ့ ဇာတ်လမ်းတွေကို ပိတ်ကားပေါ်မှာ အသက်ဝင်တာမြင်ချင်တာပေါ့နော်။ ကိုယ့်ရဲ့ ပထမဦးဆုံးဝတ္ထုဖြစ်တဲ့ “ရွှေကြာဖူးသစ်” ကို MRTV 4 က ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးပုံ ဖော်တော့ အတိုင်းမသိဝမ်းသာမိပါတယ်။ ဇာတ်လမ်းရိုက်ကူးတဲ့ အခါမှာတော့ ရွှေရေးက လုံးချင်း ဝတÄုထွက်ရှိထားပြီးသား ဇာတ်တစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဇာတ်လမ်းရဲ့ ကျောရိုးအသွားအလာအားလုံးကို ပရိုဂျူဆာတွေက သိပြီးသား။ သူတို့ဘက်အပိုင်းအနေနဲ့ လိုချင်တဲ့ အပိုင်းကဏ္ဍလေးတွေကို ထပ်ပြီးတော့ ရွှေရေးနဲ့ညှိနှိုင်းတယ်။ ပြောဆိုတယ်။ ရွှေရေးဘက်ကလည်း ဇာတ်လမ်းကို လုပ်ချင်တဲ့အပိုင်း တွေကို သူတို့နဲ့ပြောဆိုပြီးတော့ ဒီဇာတ်လမ်းကို ပိုပြီးကောင်းမွန် အောင် မွမ်းမံပြီးတော့ ရွှေရေး ကိုယ်တိုင် ဇာတ်ညွှန်းခွဲဖြစ်ပါတယ်” လို့ ရွှေရေးထင်ထင်က ပြောပါတယ်။ “ရွှေကြာဖူးသစ်” ဇာတ်လမ်းတွဲကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားပြီး ရန်အောင်၊ ရဲအောင်၊ စတဲ့အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရွှေရေးထင်ထင်က အခုလတ်တလောမှာတော့ နောက်ထပ်ဇာတ်လမ်းတွဲ ရေးသားဖို့အတွက် ပြင်ဆင်ပြီး ဇာတ်လမ်းတွဲ ရေးသားဖို့အတွက် အချိန်ပိုပေးဖြစ်နေတယ်လို့ ဆို ပါတယ်။

” ဇာတ်လမ်းတွဲက အချိန်ပေးရတာ တအားကြာတယ်။ အပိုင်းကလည်း သိပ်ရှည်တယ်ဆိုတော့ ဗီဒီယို ဇာတ်ညွှန်းနဲ့ သိပ်မတူဘဲ တန်ပို အနိမ့်အမြင့်ညှိရတာတွေများတော့ ဆွေးနွေး တိုင်ပင်ရတာတွေများတော့ အချိန်ပေးရတယ်။ စိတ်ဖိစီးမှု ပို များတယ်။ သူ့ကိုအချိန်အဓိကထား ပေးချင်တော့ အရင်ကထက် စာရေး နှုန်းက တခြားဝတ္ထုတို့၊ ကဗျာတို့ ဆောင်းပါးတို့ ရေးနှုန်းမှာ နည်းနည်းတော့ အားနည်းသွားတာပေါ့။ ဝတ္ထုမှာကျတော့ ရွှေရေးက လွတ် လပ်စွာ ဖန်တီးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ပိတ်ကား ပေါ် မှာ ပုံဖော်ပြီး ရိုက်ကူးကြ တာ မဟုတ် ဘူးပေါ့။ ဒါပေမဲ့ ရိုက်ကူးတဲ့အခါမှာကျတော့ ရိုက်ကူးလို့ မရနိုင်တဲ့ အကွက် အကွင်းလေးတွေ ရှိတာမျိုးလည်း ရှိတယ်။ အရေးသဘောမဟုတ်ဘဲ အပြသဘောကို ဖန်တီးတဲ့အခါကျတော့ အပြသဘော နဲ့ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ရတာရှိတယ်” လို့ ရွှေရေးထင်ထင်က ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*