ကိုယ်ပိုင်သီချင်းလေးတွေ ချပြခွင့်ရတဲ့အတွက်ဝမ်းသာမိတယ် စောထက်နိုင်စိုး

ကိုယ်ပိုင်သီချင်းလေးတွေ ချပြခွင့်ရတဲ့အတွက်ဝမ်းသာမိတယ် စောထက်နိုင်စိုး
May 22, 2017 Asian Fame
ကိုယ်ပိုင်သီချင်းလေးတွေ ချပြခွင့်ရတဲ့အတွက်ဝမ်းသာမိတယ် စောထက်နိုင်စိုး

sawh

Myanmar Idol Season(1) က စောထက်နိုင်စိုးက “အဓိက” ဆိုတဲ့သူ့ ရဲ့ပထမဆုံး တစ်ကိုယ်တော် စီးရီးကို ထွက်ရှိခဲ့ပြီး လတ်တလောမှာတော့ စီးရီးရဲ MTV ကို ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲကထွက်ပေါ်လာတဲ့ အဆိုတော်တွေအနေနဲ့  ပရိသတ်တွေကြားမှာ ကိုယ်ပိုင်သီချင်းရှိခြင်းမရှိခြင်းစတဲ့ ဝေဖန်သံတွေလည်း ရှိတာကြောင့်ပြိုင်ပွဲဝင် တစ်ဦး ဖြစ်ခဲ့တဲ့ စောထက်နိုင်စိုးအနေနဲ့ ဒီအပေါ်မှာ ဘာပြောချင်တာရှိလဲဆိုတော့ …

” ပြိုင်ပွဲကနေ ကျွန်တော်တို့ တက်လာရတယ်။ပြိုင်ပွဲမှာလည်း ပြိုင်ပွဲအရ အကောင်းဆုံး ကြိုးစားခဲ့တယ်။ ပြိုင်ပွဲက ထွက်လာရတဲ့ အခါမှာလည်း မှတ်တိုင်တစ်ခု မှာ လျှောက်နိုင်ပြီဖြစ်တဲ့အတွက် ကျွန်တော်ချပြချင်တဲ့ ကိုယ်ပိုင် သီချင်းလေးတွေ ချပြခွင့်ရတော့ဝမ်းသာမိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်းလည်း ဖြစ်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိပါတယ်” လို့ စောထက် နိုင်စိုးက ပြောပါတယ်။

လက်ရှိ မှာတော့ စောထက်နိုင်စိုးအနေနဲ့ ကြိုးစားဆဲ ဖြစ်တာကြောင့် ဖြည်းဖြည်းမှန်မှန်ပဲ သွားနေပါတယ်လို့ ဆိုပါတယ်။ ” ဘယ်တော့ မှတော့ ပြည့်စုံတယ်ရယ်လို့ တော့ မရှိဘူးပေါ့။ ကျွန်တော်တို့က ခုမှ ကြိုးစားဆဲဖြစ်တာကြောင့် အ ကောင်းဆုံး ဖြစ်အောင် မှန်မှန် လေးသွားနေပါတယ်။ပရိသတ်တွေရှေ့  မှာလည်းအကောင်းဆုံး တွေပဲ ဖြစ်အောင် အသစ် အသစ်တွေဖန်တီး နိုင်အောင်ကြိုးစားနေပါတယ်” လို့ စောထက်နိုင်စိုး ကပြောပြီးဒီနှစ် အတွင်းမှာတော့ အဓိကစီးရီး ရဲ့MTV ကို ထွက်ရှိနိုင်အောင် ကြိုး စားနေတယ်လို့လည်း ဆိုပါတယ်။ စောထက်နိုင်စိုးက မေလ ၁၄ရက်နေ့က ကျရောက်တဲ့အမေများ နေ့အမှတ် တရအနေနဲ့လည်း သီချင်းတစ်ပုဒ်ကို အွန်လိုင်းက ဖြန့်ချိ ခဲ့ပါသေးတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*