ဝိတ်​ချလို့မရ​သေးတဲ့ သက်​မွန်​မြင့်​ရဲ့အ​ကြောင်း

ဝိတ်​ချလို့မရ​သေးတဲ့ သက်​မွန်​မြင့်​ရဲ့အ​ကြောင်း
May 19, 2017 Asian Fame
ဝိတ်​ချလို့မရ​သေးတဲ့ သက်​မွန်​မြင့်​ရဲ့အ​ကြောင်း

thet

သက်မွန်မြင့်က လတ်တလောမှာဒါရိုက်တာကိုဇော် (အရုဏ်ဦး)ရိုက်ကူးတဲ့ `ဘာလာလာ`ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ် ကျော်ကျော်ဗိုလ် ခင်လှိုင်တို့နဲ့အတူ ချောင်းသာမှာသွားရောက်ရိုက်ကူးနေပါတယ်။ဇာတ်ကားတွေပြန်လည်ရိုက်ကူးသွားပေမယ့်လည်း အရင်ကလိုဆက်တိုက်ရိုက်ကူးဖို့မလွယ်သေးကြောင်း ဆိုပါတယ်။

“လက်ခံထားတဲ့ ဇာတ်ကားတွေတော့ရှိပါတယ်၊ အရင်လိုအများကြီးဆက်တိုက်ရိုက်ဖို့မလွယ်လောက်ဘူး၊အခု သားသားကလည်းအမေမှအမေ၊သမီးလေးကလည်း သက်မွန်နို့တိုက်နေတာဆိုတော့ အရမ်းကြီးမလွယ်လောက်ဘူး၊ဥပမာ နိုက်ဆင်းတွေဆိုအဆင်မပြေတော့ဘူး၊နည်းနည်းတော့ရွေးရိုက်ရမှာ အရင်လိုတော့လုပ်လို့မရသေးဘူး၊”လို့သက်မွန်မြင့်ကပြောပါတယ်။


ပရိတ်သတ်တွေအနေနဲ့ သူကိုမင်းသမီးတစ်ယောက်လို လှလှပပမြင်ချင်ကြပေမယ့်လည်း သမီးလေးကိုမိခင်နို့တိုက်နေတဲ့အတွက် ဝိတ်လျော့လို့မရသေးကြောင်းလည်းဆိုပါတယ်။

“ပရိတ်သတ်တွေချစ်ကြတယ်၊သက်မွန်ကိုကားပြန်ရိုက်ဖို့သူတို့မျော်လင့်ကြတဲ့အတွက်သက်မွန်ကားပြန်ရိုက်တာပါ၊တကယ်တမ်းဝိတ်ကမကျသေးဘူး၊ဒါပေမယ့် ပရိသတ်တွေကချစ်တော့ချစ်ကြတယ်၊မင်းသမီးတစ်ယောက်လို လှလှပပမြင်ချင်ကြတာပေါ့၊ကိုယ်ကလည်းနို့တိုက်နေတာဆိုတော့ ဝိတ်မလျှော့နိုင်သေးဘူး၊ဝိတ်မလျှော့သေးတော့ ကားတိုင်းလက်ခံလို့မရသေးဘူး၊အလုပ်လုပ်လို့အဆင်ပြေတဲ့ပုံစံရယ်၊ကိုယ်နဲ့လိုက်ဖက်တဲ့ ဇာတ်လမ်းပုံစံတွေကိုပဲရိုက်ရတာ၊ပရိတ်သတ်တွေလည်းစောင့်တာကြာပြီဆိုတော့ ပြန်ရိုက်တာပါ၊သူတို့လည်းနားလည်ပေးမယ်လို့ထင်ပါတယ်၊”လို့ သက်မွန်မြင့်ကပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*