နန်းမြတ်ဖြိုးသင်း ဂီတပိုင်းကို နားထားရခြင်း အကြောင်း

နန်းမြတ်ဖြိုးသင်း ဂီတပိုင်းကို နားထားရခြင်း အကြောင်း
May 19, 2017 Asian Fame
နန်းမြတ်ဖြိုးသင်း ဂီတပိုင်းကို နားထားရခြင်း အကြောင်း

nm

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ယခုတလောမှာ “ချစ်ခြင်းဖြင့်နှောင်ဖွဲ့သောကြိုး” ဇာတ်ကားမှာ ကောင်းပြည့် နဲ့အတူ ပန်းရောင်းပြီးဝမ်းရေးအတွက် ရှာဖွေနေတဲ့ ကောင်မလေး နေရာက ပါဝင်သရုပ်ဆောင်နေပါတယ်။ နန်းမြတ်ဖြိုးသင်းအနေနဲ့လည်း ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ကားတွေ ရိုက်ကူးမှုများနေတဲ့ အတွက် ဂီတပိုင်းကို ခဏနားထားတယ်လို့ဆိုပါတယ်။သီချင်းတွေဝယ်ထားပေမယ့် အခွေမလုပ်ဖြစ်သေးတာကြောင့် သူ့အနေနဲ့ ပရိတ်သတ်တွေကို အားနာမိတယ်လို့နန်းမြတ်ဖြိုးသင်းက ပြောပြပါတယ်။

“ အခုတလောမှာ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေလက်ခံထားတာများတယ်။ နန်းမြတ်က တေးရေးဆရာတွေနဲ့တွေ့တိုင်းလည်း သီချင်းတွေဝယ်ဖြစ်တယ်။ သီချင်းတွေဝယ်ထားတာဆို လက်ထဲမှာ အများကြီးပဲ။၇ပုဒ်၊ ၈ပုဒ် လောက်ရှိတယ်။ ဒါတွေကို အခုထိမကိုင်ဖြစ်သေးဘူး။ ရိုက်ကူးရေးပိုင်းတွေကြာနေလို့ပါ။ နန်းမြတ်လည်း သီချင်းတွေလုပ်ချင်တယ်။ ဒါပေမယ့် အဲဒီဘက်ကို မသွားနိုင်သေးဘူး။ ပထမက နန်းမြတ်ရဲ့အခွေကို ၂၀၁၇ထဲမှာ ထွက်ဖို့မှန်းထားတာပါ။ အခုကလည်း နှစ်လယ်လည်းရောက်နေပြီဆိုတော့ ပရိတ်သတ်တွေကို အားနာမိပါတယ်။” လို့နန်းမြတ်ဖြိုးသင်းက ပြောပြပါတယ်။

ဆက်လက်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း နန်းမြတ်ဖြိုးသင်းက မာမာထန်ထန် ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်နေတဲ့ ပရိတ်တွေအတွက်လည်း….

“နန်းမြတ်က ဂျုံးဂျုံးကျ၊ ရှင့်ကိုချစ်တယ် ဇာတ်ကားလေးတွေ ရိုက်ထားပါတယ်။ နန်းမြတ်ရဲ့ ဗီဒီယို၊ ရုပ်ရှင်တွေ ထွက်မယ်ဆိုလည်း ဘယ်အနုပညာကို မဆိုစောင့်ကြည့်အားပေးကြပါဦး။ နန်းမြတ်ရိုက်ထားတဲ့ ကြောက်…ကြောက်…ကြောက် တို့၊ ရပ်ကျော်ရွာကျော် တို့ ရုံတင်ရင်လည်းအားပေးကြပါဦး။” လို့ နန်းမြတ်ဖြိုးသင်းကပြောပြပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*