Movie of the year ဆုကို လက်ခံရရှိခဲ့တဲ့ Beauty and the Beast ဇာတ်ကား

Movie of the year ဆုကို လက်ခံရရှိခဲ့တဲ့ Beauty and the Beast ဇာတ်ကား
May 16, 2017 Asian Fame
Movie of the year ဆုကို လက်ခံရရှိခဲ့တဲ့ Beauty and the Beast ဇာတ်ကား

beauty and the beastBeauty and the Beast ကြယ်ပွင့်ဖြစ်တဲ့ Emma Watson နဲ့ Josh Gad တို့ဟာ 7 May – LA မှာ ကျင်းပပြုလုပ်ခဲ့တဲ့ MTV Movie & TV Awards ဆုပေးပွဲ စင်မြင့်ပေါ်ကနေ Director Bill Condon ကို ဖိတ်ခေါ်ခဲ့ပါတယ်။ Emma Watson က သူမဆုရခဲ့တာ ဟာ Bill Condon ရဲ့ ညွှန်ကြားပြသမှုများ ကြောင့်ပါလို့ ပြောဆိုလိုက်ပြီး Bill Condon ကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်ခဲ့တာပါ။
Condon က ဇာတ်ကားအောင်မြင်မှုရရှိဖို့ အားပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီး ပရိသတ်များရဲ့ အင်ပြည့်အားပြည့် အားပေးမှုကြောင့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေး လုပ်ငန်းများအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြောခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*