ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြင်တွေ့ရဦးမယ့် ဟစ်ဟော့ပ်အဆိုတော် X. Box

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြင်တွေ့ရဦးမယ့် ဟစ်ဟော့ပ်အဆိုတော် X. Box
May 16, 2017 Asian Fame
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြင်တွေ့ရဦးမယ့် ဟစ်ဟော့ပ်အဆိုတော် X. Box

xbox2Myanmar Broadcasting Company (MBC)နဲ့ ပူးပေါင်းပြီး ဟစ်ဟော့ပ်အဆိုတော် X. Box က ရုပ်ရှင်ရိုက်ကူးတော့မယ်ဆိုတော့ သူ လည်း ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်တော့မှာပါ။ လက် ရှိအချိန်မှာတော့ X. Box က Audio တုန်းက အောင်မြင်ခဲ့တဲ့ ‘ 9 ‘ အယ်ဘမ် Music Video ကို သူ့မွေးနေ့ဖြစ်တဲ့ မေလ ၂ဝ ရက်မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။
“မေလ ၂ဝ ရက် ကျွန်တော့် မွေးနေ့မှာ ရန်ကုန်မြို့ Junction Square Outdoor Area မှာ ညနေ ၅ နာရီကနေ ၉ နာရီအထိ ကျင်းပမယ်။ ကျင်းပတဲ့အခါ ပရိုမိုးရှင်း လက် မှတ်ထိုးသလိုမျိုး သာမန်လုပ်မှာ မဟုတ်ဘူး။ ရှိုးပွဲကြီးလိုမျိုး Sound System ကောင်း ကောင်းနဲ့ ပြုလုပ်မယ်။ ကျွန်တော့်မွေးနေ့ ဖြစ်တဲ့အတွက် ကိတ်ခွဲမယ်။ ပြီးတာနဲ့ နောက် နေ့မှာ အဲဒီအတိုင်းပဲ မန္တလေးက Mingalar Mandalay Outdoor Area မှာ သွားရောက်ဖျော်ဖြေမယ်။ အဲဒါပြီးတာနဲ့ တစ်ပတ်အချိန်ယူပြီး ၂၇ ရက်နေ့မှာ စင်ကာပူ၊ ပင်ဆီဆူလာ ပလာဇာ၊ မြရတနာစားသောက် ဆိုင်မှာ ကျွန်တော်တို့ MBC နဲ့ သူငယ်ချင်းတွေ အုပ်လိုက်ကြီး သွားဖျော်ဖြေပါမယ်”လို့ X. Box က ပြောပါတယ်။
သူ့အနေနဲ့ ရုပ်ရှင်ရိုက်ကူးတော့မယ် ဆိုတဲ့ အကြောင်းကိုလည်း X. Box က…
“အမ်တီဗီ ရိုက်ကူးနေတဲ့အချိန် အတွင်း မှာပဲ ကျွန်တော်တို့တွေ အခက်အခဲတွေ အများ ကြီး ကြုံခဲ့ ရတယ်။ ကျွန်တော်သရုပ်ဆောင် ညံ့တာတွေကို ဒါရိုက်တာတွေ ခဏခဏ သင် ပေးခဲ့ရတာတွေနဲ့ အခက်အခဲတွေ အများကြီးရှိပါ တယ်။ အခုတော့ သရုပ်ဆောင်ဘက်ကိုတော် တော်လေး ဝါသနာပါလာပါပြီ။ အခု MBC နဲ့ ပတ်သက်ပြီးတော့လည်း ဗီဒီယို၊ ရုပ်ရှင်တွေ ရိုက်ကူးဖို့ ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*