အလှမယ် လောက အတွက် အကျိုးပြုတဲ့ အလုပ်တွေ လုပ်သွားချင်တယ် အလှမယ် ခင်ရတနာသိန်းမြင့်

အလှမယ် လောက အတွက် အကျိုးပြုတဲ့ အလုပ်တွေ လုပ်သွားချင်တယ် အလှမယ် ခင်ရတနာသိန်းမြင့်
May 16, 2017 Asian Fame
အလှမယ် လောက အတွက် အကျိုးပြုတဲ့ အလုပ်တွေ လုပ်သွားချင်တယ် အလှမယ် ခင်ရတနာသိန်းမြင့်

Khin-Yandar-Thein-MyintMiss Myanmar World၂ဝ၁၅ ဆုရရှိပြီးတဲ့ နောက်ပိုင်းမှာ ဘဝအချိုးအကွေ့တစ် ခုကို ပြောင်းလဲ သွားစေခဲ့တယ်လို့ မန္တလေးသူ အလှမယ် ခင်ရတနာသိန်းမြင့် က ဆိုပါတယ်။ အလှမယ်လောက အတွက် အကျိုးပြုတဲ့ အလုပ် တွေ လုပ်ကိုင် သွားချင်တယ်လို့ဆိုတဲ့ ခင်ရတနာ သိန်းမြင့်က..

“Miss တစ်ယောက်ဖြစ်လာပြီးတဲ့ နောက် ပိုင်းမှာ အလုပ်အကိုင်တွေ ကအစ ပြောင်းသွား တယ်။ လားရာတွေက ပြောင်းလဲသွားတယ်။ အခု အချိန်မှာ အနုပညာ အလုပ်တွေကို ဆက်လုပ်မယ်။ အလှမယ်လေး တွေကိုလည်း တတ်နိုင်သလောက် ပိုပြီး မွေးထုတ်ချင်တယ်။ အသက် အရွယ်အရ မလုပ်ရတော့ဘူး ဆိုရင်တောင်မှ ဒီလောက အတွက် အကျိုးပြုတဲ့ အလုပ်တွေ၊ မြေတောင် မြှောက်တဲ့အလုပ်တွေကို လုပ်သွားချင်ပါ တယ်” လို့ ပြောပါ တယ်။ အလှမယ် ခင်ရတနာသိန်းမြင့် က Miss Myanmar World ၂ဝ၁၇ ပြိုင်ပွဲဝင်များရဲ့ Mission Leader အဖြစ် ဆောင်ရွက်ပေးနေသလို သူ့ရဲ့ အတွေ့အကြုံ များကိုလည်း ပြန်လည်ဝေမျှလျက် ရှိပါ တယ်။ နိုင့်ငံဂုဏ်ဆောင် အလှမယ် တွေပေါ်ပေါက်စေ လိုတဲ့ ရည်ရွယ်ချက်နဲ့ အလှမယ် ခင်ရတနာသိန်းမြင့်က Mission Leader ၂ဝ၁၇ ရဲ့ Miss Universe Kayar အဖြစ်လည်း ဆောင်ရွက်နေပါတယ်။ ပွဲစီစဉ်ရတာကို လည်း ဝါသနာပါသလို အခြားသော မျက်နှာသစ် အလှမယ် တွေကိုလည်း ပေါ်ပေါက်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့် အခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

Miss Universe Kalay ၂ဝ၁၇ ပြိုင်ပွဲကို မတ်လမှာ ကျင်းပခဲ့ ပြီး Miss Universe Kalay ၂ဝ၁၇ အဖြစ် အလှမယ် အေမီနေလင်းသန်းကို ရွေးချယ်ခဲ့ပါ တယ်။ ကလေးမြို့ကိုယ်စားပြု အလှမယ်ကို အကောင်းဆုံး ပံ့ပိုးပေးသွားမယ် လို့ဆိုတဲ့ အလှမယ် ခင်ရတနာသိန်း မြင့်က..

“သူ့ကို train တော့ အများကြီး ပေးထားတယ်။ လောလောဆယ် gym ကစားတယ်။ ယောဂ အမြဲတမ်း ကစားတယ်။ အင်္ဂလိပ်စကားပြော သင်တန်းလည်း တက် ရတယ်။ ကျွန်တော့် အနေနဲ့ အကောင်းဆုံးပံ့ပိုး မှာပါ။ ကျွန်တော်တို့ရဲ့ ပထမဆုံး အလှမယ်လည်း ဖြစ်တယ်။ သူအောင်မြင်တာက ကျွန်တော်တို့ အောင်မြင်သလိုပါပဲ” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*