အမိ အဖ ကိုယ်စားပြု စေတီတော် နှစ်ဆူ တည်ပြီးမှ ထီးတော်တင်ပွဲ ကျင်းပမည့် ဦးကျော်သူ

အမိ အဖ ကိုယ်စားပြု စေတီတော် နှစ်ဆူ တည်ပြီးမှ ထီးတော်တင်ပွဲ ကျင်းပမည့် ဦးကျော်သူ
May 16, 2017 Asian Fame
အမိ အဖ ကိုယ်စားပြု စေတီတော် နှစ်ဆူ တည်ပြီးမှ ထီးတော်တင်ပွဲ ကျင်းပမည့် ဦးကျော်သူ

U Kyaw Thu 3မေလ ၁ဝရက်နေ့တွင် ကျရောက်ခဲ့သော ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ကဆုန်လ ပြည့်နေ့၌ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးကျော်သူ တည်ထားကိုး ကွယ်သည့် ပြည်မြို့တစ်ဖက်ကမ်းရှိ မဟာပဏီတ ပရဟိတ အောင်တော် မူစေတီတော်တွင် ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲ ကျင်းပပြုလုပ် ခဲ့သည်။

U Kyaw Thu 5
“အဲဒါက ၂ဝဝဝခုနှစ်က ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ခရီးစဉ်သွားတုန်းက အိန္ဒိယ ဝန်ကြီးချုပ် မန်ဟိုဖန်ဆင်း လက်ဆောင်ပေးခဲ့တဲ့ မဟာဗောဓိ ညောင်ပင်ကို ဒေါ်အောင်ဆန်းစု ကြည်က ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့တယ်။ ဆရာတော်ကြီး ပျံလွန်တော်မမူခင် မိန့်မှာထားမှု ကြောင့် အဲဒီမဟာဗောဓိညောင်ပင် က ကျွန်တော့်ဆီရောက်ခဲ့တယ်။ ကျွန်တော်က စေတီတည်ထားတဲ့ ဆီမှာ စိုက်ပျိုးထားလိုက်တာ မဟာ ဗောဓိညောင်ပင်ကနေ ညောင်ပင် ၄ ပင် ပေါ်ထွက်လာတယ်။ ညောင်ပင် ၄ပင်ဆိုတော့ ဗြဟ္မစိုရ် တရား ၄ ပါး ကိုယ်စားပြုတာပေါ့။ အဲဒါအခုက ဆုန်လပြည့်နေ့မှာ ညောင်ရေသွန်း လောင်း ပူဇော်ပွဲ ကျင်းပတာပေါ့။ ကျွန်တော်တို့ နာရေးကူညီမှု အသင်းက အသင်းသူ၊ အသင်းသား တွေ၊ ပရဟိတအဖွဲ့တွေ၊ စက်စက်ယို ကျေးရွာက ဆံရစ်ဝိုင်း ကလေးငယ်တွေ၊ ဘုရားဖူးလာ မိဘပြည်သူတွေ စုပေါင်း ညောင်ရေ သွန်းကြတာပေါ့” ဟု ဦးကျော်သူ ကဆိုသည်။ ညောင်ရေသွန်းကုသိုလ် ပြုရာတွင် ကမ္ဘာမြေကြီး ငြိမ်းချမ်း စေရန်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းစေ ရန်နှင့် လူသားအားလုံး ငြိမ်းချမ်း စေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

U Kyaw Thu 4
မဟာပဏီတပရဟိတ စေတီ တည်လာခဲ့သည်မှာ ၂နှစ်ကျော် ၃ နှစ်ရှိခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် ပြီးစီးသလောက် အနေအထားတွင် ရှိသလို အနယ်နယ်ရှိ ဘုရားဖူး လာရောက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်။ ဘယ်ကာလ လောက် ထီးတော်တင်မလဲဟု ဦးကျော်
သူအား မေးမြန်းရာ
“ထီးတင်ဖို့က လိုသေးတယ်။ ကျွန်တော်အမိကိုယ်စားပြု၊ အဖ ကိုယ်စားပြုစေတီ ၂ဆူ တည်ဖို့ရှိ သေးတယ်။ အားလုံးပြီးတော့မှပဲ ကျွန်တော်ထီးတော်တွေ တစ်ပြိုင် တည်း တင်မယ်။ စေတီစတည်က တည်းက လာဖူးတဲ့သူတွေနဲ့တော့ စည်ကားနေတာပဲ။ နိုင်ငံခြားသား တွေပါ စိတ်ဝင်စားကြတယ်”ဟု ပြောပြခဲ့သည်။

U Kyaw Thu
နွေရာသီတစ်တွင်းလုံး ညောင်ဦး မြို့နယ်၊ စက်စက်ယိုကျေးရွာတွင်ရေတွင်းတူးကာ ရွာသူ၊ ရွာသားများ အတွက် ပရဟိတရေအလှူဒါနပြုလုပ် ပေးနေသော ဦးကျော်သူအားလည်း ထိုအကြောင်း အားမေးမြန်းဖြစ်ရာ. . .
“စက်စက်ယိုက ကျွန်တော်က မနှစ်က ဒီမှာရေတူးတယ်။ တူးတဲ့ ဟာက ရေကထွက်သလိုလိုနဲ့ မထွက် ဘူး။ အရင်တစ်ခေါက်က ကမ္ဘောဇ ဘဏ်ကလုပ်တာပေါ့။ ကျွန်တော်တို့ ဦးစီးပြီး ကမ္ဘောဇဘဏ်ကတူးတာ။ တူးတဲ့ဟာက ရေက တကယ်တမ်း ကျတော့ မထွက်လာဘူး။ မထွက်လာတဲ့ အတွက် ဒီနှစ်ကို ကျွန်တော် တို့ဘာသာ ကျွန်တော်ကွန်ရက်ကနေ ပြီးတော့ အလှူရှင်တွေနဲ့ အလှူရှင် တွေနဲ့ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဒီမှာလုပ်ပေးနေတာ။ လုပ်ပေးရင်းနဲ့ စက်စက်ယိုက ကလေးတွေကို သံယောဇဉ်ဖြစ်တယ်။ စက်စက်ယိုက တကယ့်ကို အင်မတန်ရေအခက်အခဲ ဖြစ်တဲ့ရွာ။ ဒီမှာရက်ကြာသွားတာက MRTV 4 ရုပ်သံဇာတ်လမ်း တွဲတစ် ခုလည်း ရိုက်နေတယ်။ ရိုက်ကူးရေး ထဲမှာ ကျွန်တော်လည်းပါတယ်။ ဇာတ်ကား ရိုက်ရင်း၊ ရေတူးရင်းပေါ့”

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*