PSY ရဲ့ သီချင်းဗီဒီယို မှာပါဝင်မယ့် Lee Byung Hun

PSY ရဲ့ သီချင်းဗီဒီယို မှာပါဝင်မယ့် Lee Byung Hun
May 9, 2017 Asian Fame
PSY ရဲ့ သီချင်းဗီဒီယို မှာပါဝင်မယ့် Lee Byung Hun

22_PsyAND_SS_MG_7728Gangnam Style  သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ PSY ဟာ အခုလည်း သီချင်းအသစ် ထပ်မံ ထွက်ရှိဖို့ တဲ့ အင်အား အပြည့်နဲ့ ကြိုးစားနေ ပါတယ်။ မကြာခင် ထွက်ရှိတော့မယ်လို့ သိရပြီး နာမည်ကြီး ရုပ်ရှပ် သရုပ်ဆောင် Lee byung Hun  က ပါဝင် သရုပ်ဆောင်မယ်လို့ သိရတဲ့ အတွက် စောင့်ကြည့် သင့်တဲ့ သီချင်းတစ်ပုဒ်ပါ။ နောက်လထဲ ထွက်ရှိမယ် လို့ သိရတဲ့အတွက် ကိုရီယား ပရိသတ်တွေ စိတ် လှုပ်ရှားနေပါတယ်။ YG Entertainment အရ Lee Byung Hun ဟာ PSY ရဲ့ သီချင်း ဗီဒီယို အသစ်မှာ ပါဝင်မှာဖြစ်ပြီး အခုထိတော့ Lee Byung Hun ပါဝင်ရမယ့် နေရာကို မသိရသေးဘူးလို့ ပြောပါတယ်။ ပရိသတ် အသည်းကျော် မင်းသား lee byung hun ပါဝင်မယ့် သီချင်းကို စောင့်ကြည့်ရမယ့် အတွက် ဝမ်းသာမိပါတယ်။

Lee Byung Hun နဲ့ PSY တို့က သူငယ်ချင်း အရင်းတွေလို့ သိရပြီး တစ်ယောက်ပွဲကို တစ်ယောက် အချိန်ရရင် တက်လေ့ ရှိတယ်လို့ သိရပါ တယ်။ PSY က Lee Byung Hun ရဲ့ Red ဇာတ်ကား မိတ်ဆက်ကို တက်ရောက်ခဲ့ပြီး Lee Byung Hun ကလည်း PSY Concerts တွေကို တက်ရောက်ခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*