Go Away ဆိုတဲ့ ရတနာမိုင်

Go Away ဆိုတဲ့ ရတနာမိုင်
May 9, 2017 Asian Fame
Go Away ဆိုတဲ့ ရတနာမိုင်

Yadanar-Myရတနာမိုင်က သူမ နောက်ဆုံး ထွက်ရှိထားတဲ့ “သူ သိစေ” စီးရီး DVD ကို ရိုက်ကူးနေပြီဖြစ်ပြီး  DVD  မထွက် ရှိခင် ကာလမှာတော့ ရတနာမိုင်က သူမရဲ့ပရိတ်သတ် တွေအတွက် သီချင်းသစ် တစ်ပုဒ်ကို အွန်လိုင်းက တင်ပေးမှာ ဖြစ်ပါတယ်။ ဒီမေလဆန်းမှာ ဖြန့်ချိမယ့် ရတနာမိုင်ရဲ့ သီချင်းသစ်ကိုတော့  Go Away  လို့ အမည်ပေးထားပြီး မိုးထက်ရဲ့ လက်ရာ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Tropical House ပုံစံ သီချင်းတစ်ပုဒ် ဖြစ်တဲ့ Go Away ကို အွန်လိုင်းက တစ် ဆင့်ဖြန့်ချိပုံနဲ့ပတ်သက်ပြီး ရတနာမိုင် ပြောတာက

“ညီမအနေနဲ့ သီချင်း ပုံစံသစ်လေး လည်း ဆိုကြည့်ချင်တဲ့ ဆန္ဒရှိတယ်။ ပြီးတော့ ပရိသတ်တွေ ကိုလည်း စီးရီး သစ်မထွက်ရှိခင်မှာ သီချင်းသစ်တစ် ပုဒ် နားထောင်စေ ချင်တာကြောင့်ပါ။ တကယ်တမ်းက ညီမ Mini Album  လုပ်နေတာ။အဲဒါလေး မထွက် ရှိနိုင်သေးခင် ဒီတစ်ပုဒ်ကို အရင်အွန်လိုင်းမှာ တင်ပြီး ပရိ သတ်တွေကို လက်ဆောင်ပေး တဲ့ သဘောပါ” လို့  သူမက ပြောပါတယ်။

ရတနာမိုင်က Mini Album  တစ်ချပ်ကိုလည်း စီ စဉ်နေပြီး ဒီ Album မှာ တော့ သီချင်း ၄ပုဒ်နဲ့ ၆ ပုဒ်ကြားပါ မယ်လို့လည်း သိရပါတယ်။ ဒီနှစ်ထဲမှာပဲ “သူသိစေ” စီးရီးရဲ့ DVD လည်း ထွက်ရှိမယ့် ရတနာမိုင် ကသူမ အနေနဲ့ ၂ဝ၁၇ ခုနှစ်အတွင်းမှာ သီ ချင်းတွေ အများကြီး ထွက်ရှိလာနိုင်ဖို့ ကြိုးစားမယ်လို့ လည်း ဆိုပါတယ်။

“ဒီနှစ်ထဲမှာ တော့ “သူသိစေ” စီး ရီး DVD ထွက်ဖို့ရှိမယ်။ အဲဒီ မတိုင်ခင်မှာ  Mini Album က အရင်ထွက် လာဖို့လည်း များတယ်။ ဘာ ပဲ ဖြစ်ဖြစ် ဒီနှစ်ထဲ မှာတော့ သီ ချင်းသစ်တွေနဲ့ အနုပညာ ထုတ် ကုန်သစ် ထုတ်နိုင်အောင် ကြိုး စားသွားမှာပါ”လို့ ရတနာ မိုင်က ပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*