EP Album တစ်ချပ် စီစဉ်နေတဲ့ ဇာနည်

EP Album တစ်ချပ် စီစဉ်နေတဲ့ ဇာနည်
May 9, 2017 Asian Fame
EP Album တစ်ချပ် စီစဉ်နေတဲ့ ဇာနည်

R-Zar-Niလတ်တလောမှာတော့ Rဇာနည်က သီချင်း ၄ပုဒ်မှ ၅ ပုဒ် အတွင်း ပါဝင်မယ့် EP Album တစ်ချပ်ကို ထုတ်ဝေဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီ Album အတွက် သီချင်းတွေလည်း စုဆောင်းနေပြီ ဖြစ်ပြီး ခုလို EP အနေနဲ့ အခွေထုတ်ဖြစ် တာကလည်း အချိန် အကြာကြီး မစောင့်စေချင်တာကြောင့်လို့ ဆိုပါတယ်။

“ရှေ့ မှာလည်း စီနီယာ အဆိုတော်ကြီးတွေ ထုတ်ခဲ့ကြပါတယ်။ ကျွန်တော့် အနေနဲ့ အဓိက ကတော့ အချိန်ပေါ့။ အချိန်လည်း မြန်မြန်မြန် ဆန်ဆန်နဲ့ ပရိတ်သတ် ဆီပေးနိုင် အောင်ပါ။ ပြီးတော့ သီချင်းပုဒ်ရေ နည်းနည်းကို ကျစ်ကျစ်လျစ်လျစ် နားထောင် လို့ရတာပေါ့။ အဲ့ဒါလေး ကတော့ကမ္ဘာသား DVD ထွက်ပြီးရင် ထွက်မှာပါ” လို့ ပြောတဲ့ Rဇာနည်က ကမ္ဘာသား DVD မှာတော့ ရိုက်ကူးဖို့  ၂ ပုဒ် ကျန်နေသေးတယ်လို့လည်း ပြောပါတယ်။

“အခုတော့ ၂ ပုဒ်ပဲ ကျန်တယ်။ အဲဒါကို ဝဏ္ဍခွာနီးနဲ့ FG က ဒါရိုက်တာ တစ် ယောက်နဲ့ ရိုက်ကူးဖို့  စီစဉ်ထားတယ်။ ဒီလပိုင်းထဲမှာပဲ ရိုက်ကူးပြီးတာနဲ့ တန်းထွက်မှာပါ။ ၆ လပိုင်းထဲမှာဖြစ်ဖို့ များပါတယ်” လို့ Rဇာနည်က ပြောပါတယ်။ Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံက ရွှေပြည်သာမြို့နယ်မှာ သီလရှင် ကျောင်းတစ်ကျောင်း ကိုလည်း ဆောက်လုပ် လှူဒါန်းလျက်ရှိပြီး မကြာမီ အချိန်အတွင်းမှာ ဆောက်လုပ် ပြီးစီးတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*