သီချင်းကြွေးတွေ ဆပ်နေတဲ့ အဆိုတော် ဖိုးကာ

သီချင်းကြွေးတွေ ဆပ်နေတဲ့ အဆိုတော် ဖိုးကာ
May 9, 2017 Asian Fame
သီချင်းကြွေးတွေ ဆပ်နေတဲ့ အဆိုတော် ဖိုးကာ

Pho-Karအဆိုတော် ဖိုးကာက ဒီမိုးတွင်း ကာလမှာတော့ အခြား အဆိုတော်တွေ အတွက် ရေးပေးစရာ ရှိတဲ့ သီချင်းအကြွေးတွေ ကို အပြီး သတ် ရေးပေးဖို့ရှိနေပြီး သူ့အတွက်တော့ မရေးဖြစ်သေး ဘူးလို့ ဆိုပါတယ်။

“ဒီလပိုင်းတွေထဲမှာ သီချင်းတွေ ရှိတယ်။ ကိုစည်သူလွင်၊ ဖြူဖြူ၊ ဇာနည်၊ ဝိုင်းစု သူတို့တွေအတွက် ရေးပေးဖို့တွေ ရှိတယ်။အဲဒီသီချင်း အကြွေးတွေ အရင်ရေးရမယ်။ ကျွန်တော့်အတွက် ကတော့ သီချင်း မလုပ်ဖြစ်သေးဘူး။ သီချင်း မရှိသေးတာပေါ့။ သူများ တွေ အတွက် ရေးဖို့တွေ လည်း ရှိနေတော့ ကျွန်တော့် အတွက် မရေးဖြစ်သေးဘူး။ ပြီးတော့ သမီးအတွက် လည်း လုပ်ပေးစရာတွေ ရှိ သေးတယ်။ အခုသမီးနဲ့ လည်း သီချင်း တစ်ပုဒ်တွဲ ဆို ထားတာရှိတယ်။ အဲ့ဒါ လေးလည်း Single အနေနဲ့ ထုတ်ဖို့ရှိတယ်” လို့ ဖိုးကာက ပြောပါတယ်။ ဖိုးကာက အခြားသူတွေ အတွက် သီချင်းတွေ ဆက်တိုက်ရေးပေးဖြစ်တာကြောင့် သူကိုယ်တိုင် အတွက် မရေးဖြစ်သေးပေမယ့် သီချင်းဟောင်း တွေကို လက်ရွေးစင်အနေနဲ့ ထုတ် ဝေဖို့ အစီအစဉ်ရှိတယ် လို့လည်း သိရပါ တယ်။

“ကျွန်တော့် သီချင်းတွေထဲ က ကောင်းနိုးရာရာ လေးတွေ ရေးပြီး ပြန်ဆိုရမလား။ ဒါမှ မဟုတ် ကျွန်တော် ကြိုက်ခဲ့တဲ့ သူများ သီချင်းဟောင်းလေး တွေကို ပြန်ဆိုရင် ကောင်း မလား စဉ်းစားနေတယ်။ လောလောဆယ်တော့ ကျွန်တော် ခဏနားဦး မယ်”လို့ ဖိုးကာက ပြောပါတယ်။ ဖိုးကာက သူ့အနေနဲ့ တစ်ကိုယ် တော်ဖျော်ဖြေပွဲ လည်း ပြုလုပ်ဖို့အစီ အစဉ်လည်း ရှိပေမယ့် စီစဉ်ရမယ့် ကိစ္စ တွေများ တာကြောင့်လတ် တလောမှာတော့ မပြုလုပ် နိုင်သေးဘူး လို့လည်း ဆိုပါ တယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*