ပရိသတ်တွေကို အားနာတာကြောင့် သီချင်းသစ်တွေ ဖန်တီးနေတဲ့ မိစန္ဒီ

ပရိသတ်တွေကို အားနာတာကြောင့် သီချင်းသစ်တွေ ဖန်တီးနေတဲ့ မိစန္ဒီ
May 9, 2017 Asian Fame
ပရိသတ်တွေကို အားနာတာကြောင့် သီချင်းသစ်တွေ ဖန်တီးနေတဲ့ မိစန္ဒီ

Mi-Sandiဒီရက်ပိုင်းတွေ အတွင်းမှာ အဆိုတော်မလေး မိစန္ဒီက လူမှုကွန်ရက် စာမျက်နှာ အသုံးပြုမှုလည်း မရှိ၊ ပြင်ပ ဂီတဖျော်ဖြေပွဲတွေ သီဆိုမှု လည်း သိပ်မတွေ့ရဘဲ သူမရဲ့စီးရီးသစ် အတွက် စတူဒီယို ထဲမှာပဲ သီချင်းတွေ ဖန်တီးနေဖြစ်တယ်လို့ သိရပါတယ်။ ဂီတဖျော်ဖြေ ပွဲ တွေမှာလည်း သူမကို သိပ်မတွေ့ရဘဲ ပရိသတ်တွေကို သီချင်းသစ်တွေ ထပ်မံပေးချင်တာကြောင့် သီချင်းသစ်တွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သူမက ပြောပါတယ်။

“ညီမကို ဒီရက်ပိုင်း ပျောက်နေတယ်လို့ ပြောကြတယ်။ ညီမက facebook ကိုလည်း deactivate လုပ်ထားတာ။ သီချင်းတွေဘက်ကို အားစိုက် ချင်လို့ပါ။ facebook ကတော့ သုံးမိရင် တော်တော်နဲ့ မထွက်ဖြစ်ဘူး။ ဒါကြောင့် သိပ်မသုံးဖြစ်ဘဲ သီချင်းတွေ ပဲအားစိုက်နေ တာပါ။  ပွဲတွေ သိပ်မဆိုဖြစ်ဘူး ဆိုတာ ကလည်း သီချင်းသစ်လည်း ထပ် မထုတ်ဖြစ်သေးတော့ ပရိသတ်ကို သီချင်း ဟောင်းတွေပဲ ဆိုပြနေ ရတာ အားနာတာ လည်း ပါပါတယ်။ အခု ညီမရဲ့ တတိယစီးရီးက ၆လပိုင်းမှာ ထွက်ဖို့ စီစဉ်ထားပါတယ်” လို့  မိစန္ဒီက ပြော ပါတယ်။ မိစန္ဒီရဲ့စီးရီးသစ် ကိုတော့ အသည်းလေးလို့ အမည်ပေးထားပြီး ဒီ စီးရီး မှာတော့ သူမစိတ်တိုင်းကျ သီချင်းတွေနဲ့ သူမ အားအရဆုံး စီးရီးတစ်ခွေ ဖြစ် တယ်လို့ ပြောပါတယ်။ “ညီမ ဒီအခွေမှာတော့ အရင် စီးရီးတွေနဲ့ မတူတဲ့ ပုံစံမျိုး ရအောင် လုပ်ထားတယ်။ အကြောင်းအရာတွေ ကအစ အသည်းကွဲတဲ့ အလွမ်းအဆွေးတွေ အပြင် လူမှုဝန်းကျင်က အဖြစ်အပျက်တွေ ကို ဖွဲ့ထားတဲ့ သီချင်းတွေ လည်းပါမှာပါ။ သီချင်း အများစုကတော့ ညီမရေးတာ များပါတယ်။ တခြား တေးရေးတွေလည်း ပါကြပါတယ်”လို့ မိစန္ဒီက ပြောပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*