ဆိုင်း၊ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ရာမာယဏဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သွားမည်

ဆိုင်း၊ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ရာမာယဏဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သွားမည်
May 9, 2017 Asian Fame
ဆိုင်း၊ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ရာမာယဏဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်သွားမည်

Thabin 2

မြန်မာနိုင်ငံသဘင်ပညာရှင် များအစည်းအရုံး(ဗဟို)အနေနဲ့ ဆိုင်း၊ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ရာမာယဏဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ ကိုမေလအတွင်းမှာပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ဆိုင်းအနေ နဲ့ ကတော့ ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ် ပြီး အလုပ်ရုံဆွေးနွေးပွဲများကိုတော့ သဘင်အစည်းအရုံး (ဗဟို)ရုံးခန်းနဲ့ ဆရာစံပလာဇာတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲများကို ဆိုင်ရာဆိုင်ရာပညာရှင်များအပြင် လာရောက်လေ့လာလိုသူများလည်းတက်ရောက်လို့ရပြီး လူဦးရေကန့် သတ်ထားခြင်းမရှိပါကြောင်းသဘင် အစည်းအရုံး(ဗဟို)ပြန်ကြားရေးမှုး ဒေါ်ပတ္တမြားကေခိုင်က ပြောပါ တယ်။

” အလုပ်ရုံဆွေးနွေး ပွဲလုပ်တယ် ဆိုတာကလည်း အဓိကတော့ စည်းမျဉ်းစည်းကမ်းတွေထုတ်နိုင်ဖို့ပေါ့။ ပညာရှင်တွေအချင်းချင်းတိုင်ပင် ညှိနှိုင်းစေချင်တာပေါ့။ ဆိုင်းကတော့ ဒုတိယအကြိမ်မြောက်ပေါ့။ ဒီတစ်ခါ တော့ အတည်ပြုဆွေးနွေးကြမှာပါ။ အစ်မတို့အမှုဆောင်အဖွဲ့ အနေနဲ့ ကတော့ အလုပ်ရုံဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင်လို့လုပ်ပေးတာ ပေါ့။ ဒီအပေါ်မှာဝင်ရောက် ဆွေး နွေးတာမျိုးတွေတော့တအားကြီးရှိ မှာမဟုတ်ဘူး။ ဒါပေမယ့်ဇာတ်နဲ့ ပတ်သက်တာ ပြောမယ်ဆိုရင်တော့ လည်းဦးမိုးဝင်းကဝင်ပြောမှာပေါ့၊ ကို ဖိုးချစ်ဝင်ပြောမှာပေါ့။ ဒါကြောင့် ဖိတ်ခေါ်ပါတယ်။ တချို့အဆက်ပြတ် နေတာမျိုးတွေလည်းရှိပါတယ်။ တတ် နိုင် သလောက်တော့ အစ်မတို့ အနေနဲ့တိုင်းဒေသကြီး သဘင် အစည်းအရုံးနဲ့ မြို့နယ်သဘင် အစည်းအရုံးတွေကနေတစ်ဆင့်ဖိတ်ခိုင်းထားပါတယ်။ ဒါပေမဲ့လို့ မရောက် ခဲ့တာများရှိခဲ့ ရင် ဒီသတင်း ကိုဖတ်မိ ရင် သဘင်အစည်း အရုံး(ဗဟို)ကို ဆက်သွယ်ပေး ပါ။ တက်ရောက်နိုင် ဖို့အတွက် အစ်မတို့ကလည်း ဖိတ်ပါတယ်” လို့ အလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သဘင်အစည်းအရုံး (ဗဟို) ပြန်ကြားရေးမှူးဒေါ်ပတ္တမြား ကေခိုင်ကပြောပြပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို တက် ရောက်လိုသူများအနေနဲ့မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို)ရုံး၊ ဖုန်း ဝ၁၃၇၁၅၂၈ကို ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*