ချောက်တွေ၊ ရေတံခွန်တွေ ဖြတ်ပြီး ရိုက်ကူးခဲ့ရတဲ့ သင်ဇာဝင့်ကျော် ရဲ့ ရုပ်ရှင်ဇာတ်ကား

ချောက်တွေ၊ ရေတံခွန်တွေ ဖြတ်ပြီး ရိုက်ကူးခဲ့ရတဲ့ သင်ဇာဝင့်ကျော် ရဲ့ ရုပ်ရှင်ဇာတ်ကား
May 8, 2017 Asian Fame
ချောက်တွေ၊ ရေတံခွန်တွေ ဖြတ်ပြီး ရိုက်ကူးခဲ့ရတဲ့ သင်ဇာဝင့်ကျော် ရဲ့ ရုပ်ရှင်ဇာတ်ကား

Thinzar-Wint-Kyaw-(2)သင်ဇာဝင့်ကျော်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “လူများကို ခြောက်လှန့်ရန် တစ္ဆေ တစ်ကောင် အလိုရှိသည်” ရုပ်ရှင် ဇာတ်ကားကြီး မှာ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နိုင်း နိုင်း၊ ကျော်ကျော်ဗိုလ်၊ စံရတီမိုးမြင့် တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထား တာကို တွေ့ ရပါတယ်။ ဒီဇာတ်ကား အပေါ် သင်ဇာဝင့်ကျော် ရဲ့ ကျေနပ် အားရမှုကို မေး ကြည့်တော့

“ကျေနပ် အားရမှုရှိပါတယ်။ ဇာတ်ကားတစ်ကား လုံး ခြုံကြည့်မယ် ဆိုလည်း ကောင်းတယ်။ ကြောက်ဖို့လည်း ကောင်းတယ်။ ရင်တုန် ဖို့လည်း ကောင်းတယ်။ တချို့အခန်း တွေဆို ကြက်သီးပါ ထတယ်။ ထူးထူး ခြားခြား အမှတ်တရတော့ မရှိပါဘူး။ ကိုယ် ကိုယ်တိုင် ဇာတ်လမ်းသိပြီး ကြည့်တာတောင်မှ သည်းထိတ် ရင်ဖိုဖြစ်ရတယ်။ ပရိသတ်တွေ လည်း ကြိုက်ကြမယ်လို့ မျှော် လင့်ပါတယ်”လို့ပြောပါတယ်။

ဒါရိုက်တာ စတီးရိုက် ကူးတဲ့ “တည်ကြက်” ရုပ်ရှင်ဇာတ် ကားကြီးကို သင်ဇာဝင့်ကျော်က နေတိုး နဲ့အတူ ပြင်ဦးလွင်မြို့မှာ သွားရောက် ရိုက် ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဖိုက် တင်ဇာတ် ဝင်ခန်း တွေလည်းပါဝင်ပြီး ဇာတ် လမ်းပီပြင်ဖို့ အတွက် ကိုယ်တိုင် ဖိုက်တင် ဝင်ချခဲ့ကြောင်း သင်ဇာဝင့် ကျော်က ပြောပါတယ်။

“ဖိုက်တင် အခန်းတွေကို ကိုယ် ကိုယ်တိုင်ချတော့ ပရိသတ် ကြည့်ရင် ကိုလည်း အရသာရှိတော့ ကိုယ်ကိုယ် တိုင်ဝင်ချတယ်။ ဂူတွေထဲ မှာလည်း အသေအလဲ ဖိုက်တင်ချရတယ်။ ကြိုသင် ထားတာလည်း မရှိဘူး။ ဆင်းမ်ပေါ် ရောက်မှ ကိုလူချော အဖွဲ့က ဖိုက်တင်ချ ပြတယ်။ သူတို့ပြတဲ့ အတိုင်း ကိုယ်လိုက်ချ တယ်။ ဒီ ဇာတ်ကားက အကြီးကျယ် ပင်ပန်း တယ်။ အပင်ပန်းဆုံး ဇာတ်ကားလို့ ပြောရ မယ်။ တက်လိုက်ရတဲ့ တောင်တွေ၊ ဆင်း လိုက်ရတဲ့ ချောက်ထဲတွေ ဖြတ်လိုက်ရတဲ့ ရေတံခွန်တွေ၊ ကူးလိုက်ရ တဲ့ ရေတွေ၊ တအား ကို ပင်ပန်းပါတယ်။ ရေတံခွန် မှာတောင် သင်ဇာ ပြုတ်ကျမလိုဖြစ်သေးတယ်။ ဒါပေမဲ့ ကိုယ်လုပ်ခွင့်ရတဲ့ အတိုင်းလည်း ကျေနပ်တယ်။ လုပ်ခွင့်ရတဲ့ အပေါ်မှာလည်း အပြည့်အဝ ကြိုး စားထားပါတယ်”လို့ ပြောပါတယ်။

မေလထဲမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “ရွာတွင်းစစ်” ဟာသ ရုပ်ရှင် ဇာတ်ကားကြီးကို ခန့်စည်သူ နဲ့အတူ ပုပ္ပါးမှာ သွားရောက် ရိုက်ကူးမှာဖြစ်ကြောင်း သိရ ပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*