အလှမယ် ရွှေအိမ်စည် ရိုက်ကူးမယ့် ပထမဆုံး ရုပ်ရှင်ဇာတ်ကား

အလှမယ် ရွှေအိမ်စည် ရိုက်ကူးမယ့် ပထမဆုံး ရုပ်ရှင်ဇာတ်ကား
May 8, 2017 Asian Fame
အလှမယ် ရွှေအိမ်စည် ရိုက်ကူးမယ့် ပထမဆုံး ရုပ်ရှင်ဇာတ်ကား

Shwe Eain Si 1

အလှမယ် ရွှေအိမ်စည်က မေလထဲမှာ သူ့အတွက် ပထမဆုံး ဗီဒီယိုဇာတ်ကားကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် သူထူးစံနဲ့အတူ မြဝတီမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။ မြဝတီကို သွား ရင်း ပြန်ပေးဆွဲခံရတဲ့ သူဋ္ဌေးသမီးနေရာက ပါဝင်မယ့် ရွှေအိမ်စည်က ပထမဆုံး သရုပ်ဆောင်ရမယ့်အပေါ် အနည်းငယ်စိုးရိမ်မှုတွေရှိတယ်လို့ ဆိုပါတယ်။

” အိမ်စည်က မြဝတီမှာ Miss Grand International အတွက် ဗီဒီယိုလေးသွားရိုက်ကူးရင်း ကိုသူထူးစံနဲ့ ရိုက်ကူးဖို့ အိမ်စည့်အတွက် ဇာတ်ညွှန်းရှိတယ်ဆိုတာနဲ့ လက်ခံလိုက်တာပါ။ ပထမဆုံးဆိုတော့ အိမ်စည်နည်းနည်းလည်းလန့်တယ်။ ဒီဇာတ်ကားထဲက အိမ်စည့် Character က စပ်စလူးစိန် သူဋ္ဌေးသမီးပေါ့။ ပြန်ပေးဆွဲခံရရင်း ကိုသူထူးစံက လာကယ်တော့ ချစ်ကြိုက်သွားကြတယ်ဆိုတဲ့ပုံစံလေးပါ။ အိမ်စည့်အတွက် က စိန်ခေါ်မှုတစ်ခုပါပဲ။ သရုပ်ဆောင်ပိုင်းမှာ မာမာ ထန်ထန် Strong ဖြစ်တဲ့အပိုင်းဆို အိမ်စည် သရုပ်ဆောင်နိုင်တယ်။ ငိုပါဦး၊ မျက်ရည်ကျပါဦး၊ ဆွေးပါဦးဆိုရင် အိမ်စည့်ပုံစံက တောင့်နေတဲ့ အ တွက် ဟာသလိုဖြစ်နေပြီး ကြည့်ရတာ အဆင်မပြေ သေးပါဘူး” လို့ ရွှေအိမ်စည်က ပြောပါတယ်။ ဒါ့အပြင် ရွှေအိမ်စည်က MTV တစ်ခုမှာလည်း ထွန်းကိုကိုနဲ့ အတူ တွဲဖက်သရုပ်ဆောင်ထားတာ ကို တွေ့ရပါတယ်။

ဒီလိုအနုပညာ လှုပ်ရှားမှုလေးတွေ ရှိနေတာကြောင့် အလှမယ် ရွှေအိမ်စည်က နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ရပ်တည် သွားမလားဆိုတာ မေးမြန်း တော့ ” အိမ်စည်ကသရုပ်ဆောင် လုပ်မလားဆိုတာ Miss Grand International ပွဲမပြီးသေးတဲ့အတွက် သေသေချာချာ မပြောနိုင်သေးပါဘူး။ အိမ်စည်က နည်း နည်းတောင့်တော့ ကိုယ်နဲ့လည်း အဆင်ပြေပြီး ပျော့ပျော့ ပျောင်းပျောင်းလေးဖြစ်အောင် ဟိုဟာလေးလုပ်ကြည့်၊ ဒီဟာလေးလုပ်စမ်းကြည့်ရင်း ကိုယ့်ရဲ့ ပျော့ပျောင်းမှုကို လေ့ကျင့်ကြည့် နေတာမျိုးပါ။ ဒီလိုလေ့ကျင့်ရင်း ဘယ်လိုနေရ၊ ထိုင်ရမလဲဆိုတာ မျိုးလေးတွေအပြင် စကားပြောရဲသွားတာမျိုးလေးတွေ ဖြစ် နိုင်မယ်ထင်ပါတယ်” လို့ ရွှေအိမ် စည်က ပြောပြပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*