ဘာသာတရားက စိတ်ကို တည်ငြိမ် အေးချမ်းစေတယ် ရွှေစင်

ဘာသာတရားက စိတ်ကို တည်ငြိမ် အေးချမ်းစေတယ် ရွှေစင်
May 8, 2017 Asian Fame
ဘာသာတရားက စိတ်ကို တည်ငြိမ် အေးချမ်းစေတယ် ရွှေစင်

Shwe-ZInဗုဒ္ဓဘာသာဝင် အများစုဟာ ဘိုးဘွားမိဘတို့ အစဉ်အဆက် ကတည်းက မိရိုး ဖလာ ကိုးကွယ်ကြ သူများပဲဖြစ်ပါ တယ်။ ဘာသာ တရား လေ့လာ လိုက်စားခြင်းဟာ လူသားတို့ ရဲ့ စိတ်နှလုံး သားကို နူးညံ့သိမ့်မွေ့ပြီး ကြည်နူး အေးမြမှုရရှိစေသလို ဘုရား ရိပ်တရားရိပ် တို့ဟာ သောကကင်းဝေး ငြိမ်းချမ်းရေး ဖြစ်တည်ရှိစေပါတယ်။ ဒါကြောင့်မို့ ဘာသာတရား ကိုးကွယ် မှုရော ကုသိုလ် ဒါနပြုမှုတို့မှာပါ လူငယ် မျိုးဆက်သစ်တွေ အင်တိုက် အားတိုက် ပါဝင်လုပ်ဆောင် ယုံကြည် ကိုးကွယ် လာခြင်းဟာ ဗုဒ္ဓဘာသာ သာသနာ ရေရှည် တည်တံ့ရေး အတွက် အားတက်စရာ အနာဂတ် အင်အားပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ် အမျိုးသမီး အနုပညာ ရှင် ရွှေစင်က နေ့စဉ် နေ့တိုင်း ဘုရားဝတ် ပြုမပျက်ဘဲ မေတ္တသုတ်နဲ့ ပဋ္ဌာန်းတို့ ရွတ်ပွားလေ့ ရှိသလို ဘာသာတရား အလုပ်လုပ်ဖြစ်ပုံတွေ အကြောင်းကို ပြောပြတာကတော့

“ဘယ်လောက်ပဲ အလုပ်ရှုပ် ရပါစေ။ ဘုရားဝတ်ပြုခြင်းကို မနက် တစ်ကြိမ် ညတစ်ကြိမ် လုပ်ဖြစ်ပါ တယ်။ တစ်ရက်ကို ပဋ္ဌာန်း(၃) ကြိမ်ရွတ်ပါတယ်။ မေတ္တသုတ် ရွတ်ပါ တယ်။ အဓိဋ္ဌာန် ဝင်တယ် ဆိုတာက ဒါလေးဖြစ်ရင် ဒါလေးလုပ်မယ် ဆိုပြီး  ဘယ်တုန်းကမှ လုပ်လေ့မရှိပါဘူး။ ဘာဖြစ်ရင် ဘာဖြစ်ရမယ် ဆိုတဲ့ အဓိဋ္ဌာန် မျိုးတော့ လုပ်လေ့မရှိပါဘူး” လို့ပြောပါတယ်။

ဆက်လက်ပြီးတော့ ဘုရား တရား အလုပ်လုပ်တဲ့ အခါ ဘုရားရိပ် တရားရိပ်ခိုလှုံရတဲ့အခါ စိတ်အေး ချမ်းငြိမ်းချမ်းစေသလို လူသားတို့ရဲ့ အပြုအမူတွေ သိမ်မွေ့ ယဉ်ကျေး စေအောင် ထိန်းကျောင်းပေးကာ ဘဝ တစ်လျှောက်လုံး အတွက် ဘာသာ တရား က သိပ်အရေး ပါပုံ အကြောင်း ကိုလည်း

“ဘုရားတရား လုပ်တာ မပြောနဲ့ ဦး။ အနည်းဆုံး ဘုရားသွားတာနဲ့ပဲ အေးချမ်း သွားတယ်လို့ ခံစားရပါ တယ်။ အကုန်လုံးလည်း အဲဒီလိုပဲ ခံစားရမယ်လို့ထင်ပါတယ်။ ဘာသာ တရားက စိတ်ကို တည်ငြိမ်အေးချမ်း စေတယ်။ အပြုအမူတွေကို ယဉ်ကျေး စေတယ်။ ဘာသာ တရားက လူတွေ ကိုလည်း ထိန်းကျောင်း ပေးတယ်။ ဘာသာတရားက ဘဝ တစ်လျှောက် လုံးအတွက် သိပ်အရေးပါပါ တယ်” လို့ရွှေစင်က ဆိုပါတယ်။

ဒီနောက်မှာတော့ ဗုဒ္ဓ ဘာသာ ဝင်တစ်ယောက် ဖြစ်ခွင့်ရတာ မိမိ ကိုယ်ကို ဂုဏ်ယူ မိသလို လူငယ်တိုင်း ဘာသာရေး အလုပ် လုပ်ကြဖို့ တိုက် တွန်းစကားကို ရွှေစင်က ပြောရာ မှာတော့ “ဘဝမှာ ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်ရတဲ့ အတွက် အရမ်း ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ နောင် ဘဝ ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ချင်ပါတယ်။ ရွှေစင် အနေနဲ့ လူငယ်တိုင်းကို လှိုက်လှိုက်လှဲလှဲ တိုက်တွန်းချင်ပါတယ်။ ဘာသာရေး လုပ်တာပဲ ဖြစ်ဖြစ်၊ ပရဟိတ လုပ်တာ ဖြစ်ဖြစ် လုပ်ကြည့်လေ။ စိတ်နှလုံး အေးချမ်းခြင်း ငြိမ်ခြင်းတွေ ကို ဖြစ် ပေါ်စေတဲ့ အတွက် ဘာသာရေးကို လုပ်စေချင်ပါတယ်” လို့ကိုယ်တိုင် ဘာသာရေးနဲ့ ပတ်သက်ပြီး သူ့အမြင် အယူအဆများကို ပြောပြပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*