ဒီကိစ္စက တစ်ခုခု ကမောက် ကမဖြစ်သွားခဲ့မယ် ဆိုရင် ထိုင်းနဲ့ မြန်မာ အတွက်လည်း မကောင်းဘူး စည်ဖြိုး

ဒီကိစ္စက တစ်ခုခု ကမောက် ကမဖြစ်သွားခဲ့မယ် ဆိုရင် ထိုင်းနဲ့ မြန်မာ အတွက်လည်း မကောင်းဘူး စည်ဖြိုး
May 8, 2017 Asian Fame
ဒီကိစ္စက တစ်ခုခု ကမောက် ကမဖြစ်သွားခဲ့မယ် ဆိုရင် ထိုင်းနဲ့ မြန်မာ အတွက်လည်း မကောင်းဘူး စည်ဖြိုး

Si-Phyoလိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ကျခံနေရသည့် မြန်မာ လုပ်သားနှစ်ဦး အမှုကို ပြန်လည် သုံးသပ်ရန်နှင့် ၄င်းတို့ လွတ်မြောက် မှုအတွက် အတတ်နိုင်ဆုံး ကူညီပေးရန် မြန်မာနိုင်ငံမှ ရှေ့ဖြစ်ဟော အကြားအမြင် ဆရာမကြီး အီးတီ (ခ) ဒေါ်ဆွေဆွေဝင်းက ထိုင်း ဘုရင် မင်းမြတ်ထံ မေတ္တာရပ်ခံ အသနားခံစာ ကို ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးတွင် ထိုင်းသံအမတ်ကြီးအား မေလ ၃ ရက်နေ့ ညနေ ၄နာရီ တွင် သွားရောက် တွေ့ဆုံပေးအပ်ခဲ့ပါတယ်။ အဒေါ်ဖြစ်သူ ဆရာမ အီးတီနဲ့အတူ လိုက်ပါသွားခဲ့ပြီး ဝင်းနဲ့ဇော်အတွက် အတတ်နိုင် ဆုံး ကူညီပေးခဲ့တဲ စည်ဖြိုးက…

“ကျွန်တော် အစကတည်းက ဒီကိစ္စကို ကြားနေတာပဲလေ။ ဘယ်လို ပဲဖြစ်ဖြစ်မြန်မာ အချင်းချင်းပဲ။ ကျွန်တော် ထင်တယ် ဒီကိစ္စက တချို့က သေး သေးလေး ထင်ကြပေမယ့် ဒီကိစ္စကမသေးဘူးဗျ။ ဒီကိစ္စက တစ်ခုခု ကမောက် ကမဖြစ်သွားခဲ့မယ် ဆိုရင် ထိုင်းနဲ့ မြန်မာ အတွက်လည်း မကောင်းဘူး။ ဒါနောက်ဆုံးမျှော် လင့်ချက်ပါ။ နောင်များအဖြေသည် Yes ဖြစ်ခဲ့သည်ရှိသော်၊ NO ဖြစ်ခဲ့သည်ရှိသော် ဘယ်လိုပဲဖြစ်ခဲ့ သည်ရှိသော် ကိုယ်အတတ်နိုင်ဆုံး လုပ် ပေးခဲ့ရတယ် ဆိုတာကို ကိုယ့်ဘာသာ ကိုယ် လိပ်ပြာလုံနိုင်အောင် ပါ။ ဘာမှ မလုပ်ပေးလိုက်ရဘဲ ပြီးသွားတော့မှ “ဟာ ငါဘာမှ မလုပ်ပေးလိုက်ရဘူး” ဆို တာကို အကြောက်ဆုံးပဲ။ အဲဒါကြောင့် ကျွန်တော်နောက်ဆုံး အနေနဲ့ အတတ် နိုင်ဆုံး လုပ်ပေးလိုက်တာပါ။

ကျွန်တော့ အဒေါ်ရဲ့မျက်နှာကြောင့်လည်း ပါ မှာပေါ့လေ။ အဲဒါကြောင့် အဆင်ပြေစွာပဲ စကားပြောဆို ခဲ့ရပါတယ်။ အဆင် ပြေပါတယ်” လို့ ပြောပါတယ်။  လတ်တလောမှာ စည်ဖြိုးက ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “တစ်လုံးချိုင့်” ရုပ်ရှင်ဇာတ်ကားကို မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေရဲ၊ အိချောပို တို့နဲ့အတူ ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ အမြဲတမ်း ပြုံးနေပြီးတော့ သွေးအေး တတ်တဲ့ ကြေးစားလူမိုက် အနေနဲ့ သရုပ်ဆောင် နေပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*