စံပြသဘင်ပြည်ပဖျော်ဖြေရေးတွေ မထွက်ဖြစ်ရခြင်းအကြောင်း

စံပြသဘင်ပြည်ပဖျော်ဖြေရေးတွေ မထွက်ဖြစ်ရခြင်းအကြောင်း
May 8, 2017 Asian Fame
စံပြသဘင်ပြည်ပဖျော်ဖြေရေးတွေ မထွက်ဖြစ်ရခြင်းအကြောင်း

sanpya

စံပြသဘင်အနေနဲ့ ပြည်ပနိုင်ငံတွေကနေ ဖျော်ဖြေရေးအတွက် ဖိတ်ခေါ်မှုတွေ ရှိခဲ့ပေမယ့်လည်း သွားရောက်ဖျော်ဖြေမှုကတော့ နည်းခဲ့ပါတယ်။ပြည်ပနိုင်ငံတွေကိုတော့ အလည်သက်သက်ပဲ မောင်နှမတွေသွား ရောက်ဖြစ် ကြပြီး ဖျော်ဖြေမှုအနေနဲ့သာ မသွားဖြစ်ခဲ့ကြတာပါ။

” အဲဒါမျိုးဆိုရင်အချိန်ပေးရတဲ့အတွက်ကြောင့်လည်း အဖေကလည်း သိပ်ပေးမသွားဘူး။ တစ်နိုင်ငံသွား ဖျော်ဖြေပြီဆိုရင် အချိန်ပေးလိုက် ရတယ် လေ။ အဲဒီတော့အဖွဲ့သူ အဖွဲ့သားတွေကလည်း ရှိသေးတယ်။ အဲဒီ့အခါကျတော့ အစ်မတို့က သိပ်မသွားတော့ဘူး။ သွားချင်ရင် မိုးတွင်းဆိုရင် အဖွဲ့သူ အဖွဲ့သားတွေလည်း အိမ်ပြန်နားကြတဲ့အခါကျတော့မှပဲ အစ်မတို့ သွားချင်တဲ့ ခရီးကို သွားတာများတယ်” လို့ စံပြသဘင်အနေနဲ့ ပြည်ပဖျော်ဖြေရေး မသွားဖြစ်ရခြင်းအကြောင်းကို တင်ဇာမိုးဝင်းက ပြောပါတယ်။စံပြသဘင်က မေလ၉ရက်နေ့မှ ၁၂ ရက်နေ့အထိ ဒလမြို့၊ ကျန်စစ်သား ရပ်ကွက်မှာ ကပြသွားမှာဖြစ်ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*