ပရိသတ်တွေအပေါ်မှာ သရုပ်ဆောင်ရသ အစစ်အမှန်ကိုပေးချင်တဲ့ အိစိကွေး

ပရိသတ်တွေအပေါ်မှာ သရုပ်ဆောင်ရသ အစစ်အမှန်ကိုပေးချင်တဲ့ အိစိကွေး
May 4, 2017 Asian Fame
ပရိသတ်တွေအပေါ်မှာ သရုပ်ဆောင်ရသ အစစ်အမှန်ကိုပေးချင်တဲ့ အိစိကွေး

Ei Si Kwaye (1)

မတ်လထဲမှာ ကျင်းပပြုလုပ်ခဲ့တဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့သူ သရုပ်ဆောင်အိစိကွေးက စာမေးပွဲအတွက် စိတ်လှုပ်ရှားနေကြောင်း ပြောပါတယ်။

” စိတ်တော့လှုပ်ရှားပါတယ်။ ခုချိန်ကတည်းက ရင်တွေခုန်နေတာ။ ၅လပိုင်း၁ဝရက်နေ့စာမေးပွဲအောင် စာရင်းထွက်မယ်လို့ ကြားတယ်။ အဓိကကတော့ အောင်ရင်တော်ပါပြီ။ ဂုဏ်ထူးပါသည်၊ မပါသည်ဆိုတာကတော့ ကံပဲပေါ့။ ကိုယ်ကအကောင်းဆုံး ကြိုးစားခဲ့တာပေါ့။ ဂုဏ်ထူးကတော့ လိုချင်ပါတယ်။ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒကို တော်တော်အားရပါတယ်” လို့ ပြောပါတယ်။ ၁ဝ တန်းစာမေးပွဲကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အိစိကွးက စာမေးပွဲပြီးသွားပြီဖြစ်လို့မို့ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လုပ်မှာဖြစ်ပြီး မကြာခင်မှာလည်း သီချင်းတစ်ပုဒ်စီကို အွန် လိုင်းပေါ်မှာတင်ဖို့ကြိုးစားနေ ကြောင်း ပြောပါတယ်။

” အနုပညာအလုပ်တွေ ပြန်လုပ်သွားမယ်။ သီချင်းတွေလည်းလုပ်နေပါတယ်။ Album အတွက်က သီချင်းတွေ စုနေပါတယ်။ ဒါပေမဲ့ တစ်ပုဒ်ချင်းစီ ကိုတော့ အွန်လိုင်းပေါ်မှာ တင်ဖို့ကြိုးစားနေပါတယ်။ ခုစလုပ် နေပါပြီ။ သီချင်းပုံစံက EDM ပုံစံလေးတွေ ဖြစ်မှာပါ။ အခုကျွန်တော့်အရွယ်က စပ်ကူးမတ်ကူး အရွယ် ရုပ်ရှင်မင်းသားလည်း လုပ်လို့ မရသေးတော့ သီချင်းဘက်ကိုပဲလုပ်သွားဖြစ်မယ်။ သီချင်းဘက် ကမှ တဖြည်းဖြည်းနဲ့ ရုပ်ရှင်ဘက်ကို လုပ်သွားမှာပါ” လို့ ပြောပါတယ်။ အနုပညာလောကထဲကို ကလေးသရုပ် ဆောင်အနေနဲ့ ဝင်ရောက်ခဲ့ပြီး ပရိသတ်အား ပေးမှုလည်း အခိုင်အမာရရှိထားတဲ့ သရုပ် ဆောင် အိစိကွေးက အနုပညာလောကမှာ ဆက်လက်ရပ် တည်ဖို့အတွက် ပရိသတ်တွေရဲ့ အားပေးမှုလိုအပ် ကြောင်း ပြောပါတယ်။

” ပရိသတ်တွေက ကျွန်တော့်ကို ဟိုးငယ် ငယ်လေးကတည်းက အားပေးလို့ အခုလို အိစိကွေး ဖြစ်လာတယ်။ နောက်ထပ်အိစိကွေးအနေနဲ့ ရပ်တည်ဖို့အတွက် ပရိသတ်တွေရဲ့အားပေးမှုလို အပ်တယ်။ ကျွန်တော့်ဘက်ကလည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ တက်သင့်တဲ့ သင်တန်းတွေ တက်ပြီးသွားပြီ။ ပရိသတ်တွေအတွက် တကယ့် အစစ်အမှန်ရသကိုပေးနိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွား မယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*