ဒုတိယအကြိမ်မြောက် ရဲအဖြစ် သရုပ်ဆောင်ဦးမယ့် ထွန်းကိုကို

ဒုတိယအကြိမ်မြောက် ရဲအဖြစ် သရုပ်ဆောင်ဦးမယ့် ထွန်းကိုကို
May 4, 2017 Asian Fame
ဒုတိယအကြိမ်မြောက် ရဲအဖြစ် သရုပ်ဆောင်ဦးမယ့် ထွန်းကိုကို

Tun Ko KO

ထွန်းကိုကိုက မေလမှာ ဒါရိုက်တာ စတီးလ် ရိုက်ကူးပုံဖော်မယ့် “လမ်းကြောင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ထွန်းထွန်းနဲ့အတူ တောင်ကြီးမှာ သွား ရောက်ရိုက်ကူးဖို့ရှိကြောင်း သိရပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ ပြည်သူ့ရဲ့ဇာတ်ရုပ်နေရာက သရုပ် ဆောင်မယ့် ထွန်းကိုကိုက ဇာတ်ကားနဲ့ ပတ်သက်ပြီး “ဒီမှာက ပြည်သူ့ရဲဇာတ်ရုပ် သရုပ်ဆောင်ရမှာ။ ခိုးဆိုးလုနှိုက်မှာတုန်းကလည်း ကျွန်တော့်ကို ရဲသားဇာတ်ရုပ်နဲ့ ပရိသတ်တွေအားပေးကြတယ်။ အခု ရဲနေရာ ဒုတိယဇာတ်ကားအနေနဲ့ရိုက်ကူးရ မှာဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားသွားမယ်”လို့ ပြောပါတယ်။

ဒီနှစ်သင်္ကြန်ကိုတော့ မြိတ်မှာ သီချင်းဆိုရင်း ဖြတ်သန်းခဲ့တဲ့ ထွန်းကိုကိုက သင်္ကြန်အမှတ်တရနဲ့ ပတ်သက်ပြီးလည်း ” မြိတ်က ပရိသတ်တွေတော်တော် အားပေးကြတယ်။ ဒီနှစ် သင်္ကြန်အမှတ်တရကတော့ ကျွန်တော်တို့ မဏ္ဍပ်က sea view ပုံစံမဏ္ဍပ်၊ sea view ဖြစ်တဲ့အတွက် မဏ္ဍပ်ရှေ့မှာ လမ်းရှိတယ်။ မဏ္ဍပ် ပေါ်က ကြည့်လိုက်မယ်ဆို ရင် ပရိသတ်တွေနဲ့ ပင်လယ်ကြီးပဲမြင်ရတယ်။ အဲဒါကတော့ ထူးခြားတယ်လို့ပြောလို့ရတယ်။ ပင်လယ်ကြီးရှေ့တည့်တည့်မှာဆိုရတော့ ခံစားချက်က တခြားနေရာမှာနဲ့မတူဘူး။ ပရိ သတ်တွေအားပေးမှုလည်း အများကြီးရခဲ့တယ်။ မြိတ်ဆိုတော့ မြိတ်ကပင်လယ် စာတွေလည်းစားဖြစ်တယ်” လို့ ပြောပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*