Rose Rider အတွက် မင်းသမီးသစ်ကို မေလတွင် ရွေးချယ်မည်

Rose Rider အတွက် မင်းသမီးသစ်ကို မေလတွင် ရွေးချယ်မည်
May 2, 2017 Asian Fame
Rose Rider အတွက် မင်းသမီးသစ်ကို မေလတွင် ရွေးချယ်မည်

rose

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးမယ့် Rose Rider ရုပ်ရှင်ဇာတ်ကားကြီးအတွက် နှင်းဆီမင်းသားများနဲ့ တွဲဖက်သရုပ်ဆောင်ရန် မင်းသမီးအသစ် ခေါ်ယူခြင်း လျှောက်လွှာခေါ်ဆိုမှု ကို ဧပြီလ ၂၅ရက်နေ့က ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ လျှောက်လွှာ ခေါ်ယူချိန်မှာတော့ အနယ်နယ် အရပ်ရပ်က လာလျှောက်ထားသူ နှစ်ထောင်ကျော်ခန့်ရှိပြီး ဆန်ခါတင် လူတွေ့စစ်ဆေးခြင်းကိုတော့ မေလထဲမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမ ဆန်ခါတင် အယောက် ၂ဝထဲက နောက်ဆုံး ဆန်ခါတင် ၅ဦးကို ရွေးချယ်မှာဖြစ် ပြီး ၅ဦးအနက် မင်းသမီးတစ်ဦးကို ရွေးချယ်ကာ Rose Rider ဇာတ်ကားကြီးမှာ ပါဝင်ခွင့် ရမယ်လို့ နှင်းဆီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျော်ကျော်ဗိုက ပြောပြပါတယ်။ Rose Rider အတွက် ရွေးချယ်သွားမယ့် မင်းသမီးပုံစံနဲ့ ပတ်သက်ပြီး

” ကိုကြံ့တို့ Rose Rider အတွက်က ဇာတ်ရုပ်ရှိပြီးသားပါ။ ဒါကြောင့်အဲဒီဇာတ်ရုပ်နဲ့ လိုက်ဖက် အံဝင်တဲ့မင်းသမီးပေါ့။ မျက်နှာသစ်ကို ပိုပြီးဦးစား ပေးတယ်။ ချစ်စရာကောင်းတဲ့ဘက်ကိုသွားပြီး ငယ်ရွယ်ရမယ်။ မြန်မာလိုရော၊ အနောက်တိုင်းလိုရော လိုက်ဖက်တဲ့ပုံစံဖြစ်ရမယ်ဆိုတဲ့အချက်လေးတွေကို အဓိကထားပြီး ရွေးချယ်သွားမှာပါ။ လူတွေ့ခေါ်စစ်ပြီး Finalist ၅ ယောက်ထဲက တစ်ယောက်ကို Rose Rider ရဲ့ ခေါင်းဆောင်မင်းသမီးအဖြစ်ထားမှာပါ။ ကျန်တဲ့လေးယောက်ကတော့ အစ်ကိုတို့ နှင်းဆီအဖွဲ့က မင်းသားတွေရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ သူတို့ကိုတွဲပြီး ခေါ်သွားပေးမှာပါ” လို့ ကျော်ကျော်ဗိုက ပြောပါ တယ်။

နှင်းဆီဲအဖွဲ့အနေနဲ့လည်း နိုင်ငံခြားဖျော်ဖြေမှုအဖြစ် စက်တင်ဘာလမှာ အမေရိကန်နိုင်ငံကို သွားရောက် ဦးမယ်လို့ သိရပါတယ်။ ပြက်လုံးအတွက် စဉ်းစားထားတာတွေ ရှိတယ်ဆိုတဲ့ ကျော်ကျော်ဗိုက အမေရိက ခရီးစဉ်နဲ့ ပတ်သက်ပြီး  …

” ကိုကြံ့တို့ ဒီတစ်ခေါက် ခရီးကလည်း အမေရိကမှာ သွားခဲ့တဲ့ မြို့တွေပဲဖြစ်ဖို့များပါတယ်။ အဲဒီမှာ လည်း ပွဲသွင်းတဲ့သူတွေနဲ့ ကြည့်တဲ့ ပရိသတ်တွေ ပုံမှန်ပဲဖြစ်နေပြီဆို တော့လေ။ ဖျော်ဖြေရေးအနေနဲ့ လည်း လေးပွဲလောက်ပဲ လုပ်မှာပါ။ ဘာလို့လဲဆိုတော့ ကိုကြံ့တို့က တစ်ပတ်မှာတစ်ရက် သောကြာနေ့၊ ဒါမှမဟုတ် စနေနေ့တစ်ညပဲ ကလို့ ပါ။ တစ်မြို့ကို တစ်ပတ်ဆိုရင်တောင် လေးမြို့ပဲ ကလို့ရတယ်။ ပြက်လုံးတွေ အတွက်လည်း ခေါင်းထဲမှာ စဉ်းစား ထားတာမျိုးရှိတယ်။ ထွေထွေထူးထူး တော့ လုပ်စရာမလိုတော့ပါဘူး။ အစ်ကိုတို့အဖွဲ့က တစ်ယောက် မျက်နှာတစ်ယောက်မြင်ရင် ပြောစရာ အလိုလိုထွက်လာလို့ပါ” လို့ ပြောပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*