ပြင်ဦးလွင်မှာ ရုပ်ရှင် အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့တဲ့ အိန္ဒြာကျော်ဇင် ရဲ့ မွေးနေ့ပွဲ

ပြင်ဦးလွင်မှာ ရုပ်ရှင် အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့တဲ့ အိန္ဒြာကျော်ဇင် ရဲ့ မွေးနေ့ပွဲ
May 2, 2017 Asian Fame
ပြင်ဦးလွင်မှာ ရုပ်ရှင် အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့တဲ့ အိန္ဒြာကျော်ဇင် ရဲ့ မွေးနေ့ပွဲ

EDKZအိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့အ ထိမ်းအမှတ် အဖြစ် ရုပ်ရှင်အဖွဲ့သား တွေနဲ့အတူ ဧပြီလ ၂၃ရက်နေ့ ညက ပြင်ဦးလွင် နေအိမ် မှာ မွေးနေ့ ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီမွေးနေ့ပွဲ ကိုတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးက စီစဉ် ပေးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင် အဖွဲ့ သားတွေ နဲ့အတူ ပျော်ပျော် ပါးပါး ဖြတ်သန်းခဲ့တဲ့ မွေးနေ့ပွဲနဲ့ ပတ်သက် ပြီး အိâန္ဒာကျော်ဇင်က

“အစ်မ မွေးနေ့ရက်လေးမှာ ပါချုပ် ဆရာတော်ကြီးရဲ့ ကျောင်းက အောင်ချမ်းသာ မှာရှိတော့ အဲဒီမှာ ဝတ္ထုလည်းကပ်ရင်းနဲ့ အလှူတစ်ခု လည်း လုပ်ချင်တယ်။ အစ်ကိုက လည်း ပြင်ဦးလွင်မှာ ရှိနေတာနဲ့ ကလေးကျောင်း ပိတ်တာနဲ့ လိုက် သွားလိုက်တာပါ။  မွေးနေ့ မတိုင်ခင် ဧပြီလ ၂၃ရက်နေ့ ညမှာ ကိုပြေတီဦး က နေ့လယ် လောက် ကတည်းက မွေးနေ့အထိမ်း အမှတ် အနေနဲ့ ခြံထဲမှာ ရုပ်ရှင်အဖွဲ့သား တွေနဲ့ စားကြ သောက်ကြမယ်တဲ့။ မွေးနေ့လုပ်မယ်ဆိုတာ အဲဒီညနေမှ ပဲသိတာ။ ရုပ်ရှင်အဖွဲ့သားတွေ ဆိုတာ ကလည်း သူနဲ့ “ရွာခံအုပ်ကြီး” ရုပ်ရှင် ဇာတ်ကား ရိုက်နေတဲ့ ဒါရိုက်တာပြည် ဟိန်းသီဟရော၊ လူရွှင်တော်တွေ ဟာသ သရုပ်ဆောင်တွေ အများကြီး ပါတယ်။ မဂွမ်းလေးကနေ ဦးဆောင် ပြီးတော့ တစ်ယောက်ကိုဘယ် လောက် ဆိုပြီး စုကောက်ပြီး အစ်မ အတွက် မွေးနေ့ ကိတ် အကြီးကြီး ဝယ်လာပေး ကြတယ်။ လူရွှင်တော်တွေ၊ဟာသ သရုပ်ဆောင်တွေ ဆိုတော့ ရယ်ရတာ ပါးစပ် မပိတ်ရဘူး။ အစ်မက ဧပြီ ၂၄ရက် နေ့ ညနေ ရန်ကုန်ပြန်မှာ ဆိုတော့ ၂၃ရက်နေ့ ညမှာ မွေးနေ့ လုပ်ပေးကြတာပါ။ ကိုပြေတီဦးက တော့ အစားအသောက်တွေ အားလုံး စီစဉ်ပေးတာပေါ့။ ကိုယ့် ရုပ်ရှင် အဖွဲ့ သားတွေ နဲ့ မဆုံရတာကြာပြီ။ အကုန် လုံးပြန် ဆုံကြ၊ ပျော်ကြ၊ ရယ်ကြမောကြ စနောက်ကြ နဲ့ ပျော်ဖို့တော့ တော် တော်လေး ကောင်းပါတယ်။ ခုလို စီစဉ်ပေးတဲ့ အတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ်” လို့ပြော ပါတယ်။

မွေးနေ့မနက်မှာတော့ ပြင်ဦး လွင်မြို့ရှိ ပါမောက္ခချုပ် ဆရာတော် ကြီး ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ ဆရာတော်ကြီးရဲ့ ကျောင်းကို သွားရောက်ပြီး သင်္ကန်းပရိက္ခရာ ၈ပါးနှင့် ဝတ္ထုငွေများ လှူဒါန်းခဲ့ပြီး မွေးနေ့ အလှူ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ပရိသတ်တွေ ဖြစ် တဲ့ Our Princess Eaindra Kyaw Zin အဖွဲ့သားတွေကလည်း မွေး နေ့ လက်ဆောင်တွေကို ပြင်ဦးလွင်ကို ပို့ပေးခဲ့ကြပါ တယ်။ မွေးနေ့ လက် ဆောင်ကို သေချာ အချိန်ပေးပြီး တ ကူးတက ဖန်တီးထားတဲ့ အတွက် လည်း ပရိသတ်တွေ ကို ကျေးဇူးတင် ကြောင်းလည်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။

အိန္ဒြာကျော်ဇင်က ဇွန်လမှာ ကြီးလေးကြီး ရုပ်ရှင် ဇာတ်ကားကို ပုပ္ပါးမှာ လူမင်း၊ ခန့်စည်သူ၊ ခိုင် သင်းကြည်တို့နဲ့ သွားရောက် ရိုက် ကူးမှာဖြစ်ပြီး ကိုယ်ပိုင်ထုတ်လုပ် ရေးဖြစ်တဲ့ သုဒြာ ထုတ်လုပ်ရေးက ရန်အောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့နဲ့ “ဥက္ကဋ္ဌရွေး ပွဲ” ဟာသရုပ်ရှင် ဇာတ်ကား ကို မေလမှာ ရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*