တွေးမိတွေးရာ စာအုပ်ထုတ်ဖို့စီစဉ်နေတဲ့ ရတနာဦး

တွေးမိတွေးရာ စာအုပ်ထုတ်ဖို့စီစဉ်နေတဲ့ ရတနာဦး
May 2, 2017 Asian Fame
တွေးမိတွေးရာ စာအုပ်ထုတ်ဖို့စီစဉ်နေတဲ့ ရတနာဦး

yo

အသံချိုချိုအေးအေးနဲ့ သူ့ခေတ်သူ့အခါက ပရိသတ်ချစ်ခင်အာပေးမှု ရရှိခဲ့သူတေးသံရှင် ရတနာဦးအနေနဲ့ လက်ရှိအချိန်မှာ ဂီတသက်တမ်းနှစ်၂ဝနီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ သူမက အခွေထွက်ဖို့လည်း ရှိသလို စာရေးနေတယ်လို့လည်း သိရပါတယ်။ သူမက ” ရှိုးအနေနဲ့ကတော့ အစ်မ နောက်ပိုင်းအများကြီး လုပ်ဖြစ်မယ်မထင်ဘူး။ အခွေကတော့ ဆက်လုပ်ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ အခု လောလောဆယ်တော့ ပိုက်ဆံစုနေတယ်။ အခွေလုပ်ဖို့ဆိုတာကလည်း ကုန်ကျစရိတ်တွေရှိတယ် လေ။ ပြီးတော့ အခွေလုပ်တယ်ဆိုတာကလည်း အခုခေတ်က ပြန်ရဖို့ဆိုတာထက် လုပ်ဖြစ်သွားတယ်ဆိုတဲ့ဟာပဲ မျှော်လင့်ရတာဆိုတော့ ဒီအတိုင်း ပိုက်ဆံကိုသုံးလိုက်ရတာမျိုးပဲ။ ပရိသတ်ကို ကိုယ့်ရဲ့ အနုပညာချပြလိုက်တဲ့သဘောပဲဆိုတော့ အခွေနဲ့ပတ်သက်လို့ အွန်လိုင်းကနေပဲအယ်လ်ဘမ်ရောင်း တာပဲဖြစ်ဖြစ်၊ှငညါူန သီချင်း ဖြန့်တာပဲဖြစ်ဖြစ် လုပ်ဖို့တော့ ဆန္ဒရှိပါတယ်။ နောက်ပြီးတော့ အစ်မအခုလောလောဆယ် စီစဉ်နေဆဲဆိုရင် စာအုပ်လေးတစ်အုပ် လုပ်ထားတယ်။ အစ်မရဲ့ “တွေးမိ တွေးရာ” ဆိုတဲ့ စာအုပ်လေးပါ။ အဲဒါလေးကို နံပါတ်တစ်ဦးစားပေးအနေနဲ့ စဉ်းစားထားပါတယ်” လို့ ပြောပါတယ်။ ဂီတနဲ့ပတ်သက်လို့ကတော့ သူမက အသက်ရှင်နေသရွေ့သီချင်းတွေဆိုနေ ပါဦးမယ်တဲ့။

” မြန်မာနိုင်ငံအနေနဲ့ပရိသတ်ကတော့ တကယ် ကိုယ်ချစ်ထားတဲ့ လူဆိုလို့ရှိရင် ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ်အားပေးကြတယ်။ အဲဒီအတွက် မြန်မာ နိုင်ငံကပရိသတ်တွေအားလုံးအပေါ်မှာ အစ်မတို့ အနုပညာသမားတွေအနေနဲ့က လည်း အသက်ရှင်သရွေ့ကိုယ်ဘယ်နေရာကိုပဲ ရောက်ရောက် သီချင်းတွေသီဆိုပြီး တော့ ကိုယ့်ရဲ့အသံနဲ့သူတို့ရဲ့ ပင်ပန်းမှု၊ နွမ်းနယ်မှုတွေ ပြေပျောက်ပါစေ၊ သူတို့ရဲ့ဘဝလေးတွေကို စာနာမှု အားဖြင့်ခံစားရပါစေဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမြဲတမ်းဆိုမှာပါ” လို့ရတနာဦးက ပြောပြခဲ့ပါ တယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*