အမျိုးသမီး ဟန်းမိတ်ဖိနပ်များ ထုတ်လုပ်ရောင်းချသွားမယ့် စန္ဒီမြင့်လွင်

အမျိုးသမီး ဟန်းမိတ်ဖိနပ်များ ထုတ်လုပ်ရောင်းချသွားမယ့် စန္ဒီမြင့်လွင်
May 2, 2017 Asian Fame
အမျိုးသမီး ဟန်းမိတ်ဖိနပ်များ ထုတ်လုပ်ရောင်းချသွားမယ့် စန္ဒီမြင့်လွင်

Sandi-Myint-Lwinစန္ဒီမြင့်လွင်က သူငယ်ချင်း တစ်ဦးနဲ့ ပူးပေါင်းပြီး ဟန်းမိတ် ဖိနပ်များကို မေလကုန်မှ စတင်ပြီး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖိနပ်များကို ထိုင်းနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့မှ မှာယူပြီး မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ဒီဇိုင်းဆန်း များဖြင့် ဟန်းမိတ် များ ပြုလုပ်ကာ ရောင်းချသွားမှာ ဖြစ်ကြောင်း စန္ဒီမြင့်လွင်ကပြောပါတယ်။

“ဒီးဒီက ဖိနပ် အရမ်းကြိုက်တယ်။ သူငယ်ချင်း တစ်ယောက်က နဂိုကတည်းက ဖိနပ်တွေ လုပ်တဲ့ သူဆိုတော့ နှစ်ယောက်ပေါင်းပြီး လုပ်ရအောင်ဆိုပြီး တိုင်ပင် ဖြစ် သွားတာပါ။ ဒီးဒီက creation  ပိုင်း၊ အိုင်ဒီယာပိုင်းနဲ့ မီဒီယာပိုင်းကို ပိုလုပ်မယ်။ ဒီးဒီ တို့လုပ်မယ်ဆိုပြီး စီစဉ်ထားတာ လွန်ခဲ့တဲ့ တစ်နှစ် လောက်ကပါ။ ဘယ်သူ့ကိုမှ မပြောဖြစ်သေးတာ။ လောလောဆယ်တော့ မိန်းကလေးစီးကို ပထမဦးဆုံး ထုတ်မယ်။ ဟန်းမိတ်ရယ်၊ ဒီးဒီရဲ့  creation  တွေပါမယ်။ လူတန်းစား အားလုံးအတွက် ရည်ရွယ်တယ်။ ဈေးကလည်း အမြင့်ကြီး မဟုတ်ဘူး။ ကွာလတီကို ဦးစားပေးထုတ်မှာပါ။ ပရိသတ်တွေ အတွက်ရော၊ အပြင်သွား အပြင်လာ ရုံးသမားတွေ အတွက်လည်း ရည်ရွယ် ပါတယ်။ ဒီးဒီရဲ့ ပရိသတ်တွေ အတွက်ဆိုရင် ဒီးဒီဝတ် နေကျ ရှူးဖိနပ် ပုံစံမျိုးတွေကို ဒီးဒီရဲ့ creation တွေ၊ အိုင်ဒီယာတွေနဲ့ ဒီဇိုင်းပြန်လုပ်မယ်။ ဟန်းမိတ်တွေကို ကိုယ်တိုင်လုပ်မှာပါ။ ပြီးရင်  ဒီဇိုင်နာ တွေဆီက creation တွေတောင်းမယ်။ လို့ ဟန်းမိတ်ဒီဇိုင်းဆန်း ဖိနပ်များ ထုတ်လုပ်သွားမယ့် အကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။
ကိုယ့်နာမည်နဲ့ ထုတ်မှာဖြစ်တာကြောင့် ကွာလတီကောင်း တာတွေကိုပဲ ပရိသတ် လက်ထဲ ထည့်မှာပါဆိုတဲ့ စန္ဒီမြင့်လွင်က “ဒီးဒီလည်း စီးပွားရေး လုပ်ချင်တာလည်း ပါတယ်။ သူငယ်ချင်းက လည်း လုပ်ဖို့ တိုက်တွန်းတဲ့အတွက် စီးပွားရေး လုပ် ဖြစ်သွား တာပါ။ ဖိနပ်ကို ဝါသနာပါတယ်၊ ဖိနပ်စီးရတာ ကြိုက်တယ်။ ကိုယ့်နာမည်နဲ့ သွားတာဖြစ်တဲ့ အတွက် ကိုယ်တိုင်လည်း စီး ကြည့်မယ်။ ကွာလတီလည်း ကောင်းရမယ်။ တကယ်ကောင်း တာကိုပဲ ပရိသတ် အားလုံးရဲ့ လက်ထဲကို ထည့်ပေးမယ်။ အမြတ်ရဖို့ တစ်ခု တည်း မဟုတ်ဘူး။ ကိုယ်လည်း အဆင်ပြေ ရမယ်။ အားလုံးလည်း အဆင်ပြေရမယ်” လို့ပြောပါတယ်။

စန္ဒီမြင့်လွင်က အမျိုးသမီးစီး ဖိနပ် များကိုသာ အရင်ဆုံး ထုတ်လုပ် သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အမျိုးသား ဖိနပ်များ၊ အိတ်နဲ့ တခြား ပစ္စည်းတို့ကိုလည်း ထုတ်လုပ်ရောင်းချ သွားမှာဖြစ်ကြောင်းပြော ပါတယ်။ မေလကုန်မှာ အွန်လိုင်းမှာ အရင် ဖြန့်ချိမှာဖြစ်ပြီး ကုန်ပစ္စည်း မိတ်ဆက်ပွဲနဲ့ ပရိုမိုးရှင်းပွဲများလည်း ပြုလုပ် သွားဖို့ရှိကြောင်း သိရ ပါတယ်။ ဖိနပ်များကို ပထမဦးဆုံး ဝယ်ယူတဲ့ ၁ဝဦးပဲ ဖြစ်ဖြစ်၊ pre order အရင် ဆုံးမှာယူတဲ့ ၁ဝဦးကို ပဲဖြစ်ဖြစ် စန္ဒီမြင့်လွင် ကိုယ်တိုင် အိမ် အရောက် လိုက်ပို့ပေးဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*