မင်းသန့်မောင်မောင်ကို သရုပ်ဆောင်အလုပ်ထက် ဒါရိုက်တာအလုပ်ကို ပိုအားပေးတယ် မေသန်းနု

မင်းသန့်မောင်မောင်ကို သရုပ်ဆောင်အလုပ်ထက် ဒါရိုက်တာအလုပ်ကို ပိုအားပေးတယ် မေသန်းနု
May 2, 2017 Asian Fame
မင်းသန့်မောင်မောင်ကို သရုပ်ဆောင်အလုပ်ထက် ဒါရိုက်တာအလုပ်ကို ပိုအားပေးတယ် မေသန်းနု

may than nu

လူငယ်တွေ ဒါရိုက်တာလုပ်လာတဲ့အတွက် အားပေးပါတယ်လို့ ဆိုသူကတော့ အကယ်ဒမီမေသန်းနုပဲဖြစ်ပါတယ်။ မေသန်းနုက ဟိန်းဝေယံ ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားမှာ မိန်းမလျာဖြစ်တဲ့ ဇေရဲထက်ရဲ့မိခင်အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

” ဒါရိုက်တာဆိုတာ တအားတာဝန်ကြီးတယ်။ ဇာတ်ကားတစ်ကားလုံးရဲ့အချုပ်ဘုရင်ပေါ့။ အဲဒီ နေရာကို စိတ်ဝင်စားတယ်ဆိုကတည်းက သူ့ရဲ့စိတ်ဝင်စားမှုကို မဆင့်တို့အားပေးရမယ်။ ဒါရိုက်တာ အလုပ်က တအားရှုပ်တယ်လေ။ အားလုံးကိုတာဝန်ယူရတော့ တာ ဝန်လည်းကြီးတော့ ဒီလိုမျိုးတာဝန် ယူဖို့ စဉ်းစားတဲ့ သူ့ကို မဆင့်တို့က ဝိုင်းပြီး အားပေးရမှာပေါ့။ အခု လောလောဆယ်တော့ သူနဲ့ မရိုက်ရ သေးတော့ သေချာမသိသေးဘူးပေါ့။ ရိုက်ရင်တော့ သူ့ရဲ့စိတ်ကူးစိတ် သန်းတွေကိုတွေ့ရမှာပေါ့။ အဓိက ကတော့ သူ့ရဲ့စိတ်ကူးကို အကောင် အထည်ဖော်တယ်။ အနုပညာ ညီအစ်ကိုမောင်နှမတွေ အားလုံးက တော့ ပံ့ပိုးကြမှာပါ” လို့ပြောပါတယ်။

မေသန်းနုရဲ့သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း ဒါရိုက်တာပညာကို အမေရိကန်နိုင်ငံမှာ သွားရောက်သင်ယူခဲ့ပြီး တွဲဖက်ဒါရိုက်တာအနေနဲ့ ဒါရိုက်တာစင် ရော်မောင်မောင်နဲ့အတူ “ထာဝရ အမေ” ရုပ်ရှင်ဇာတ်ကားကို ပထမဦး ဆုံး ရိုက်ကူးခဲ့ပါတယ်။ အမေရိကန် နိုင်ငံမှာ သင်ယူလာတဲ့ ဒါရိုက်တာပညာကို မြန်မာပြည်မှာ ပြန်လည် အသုံးချတဲ့အခါ အဆင်ပြေပါ့ မလား လို့ စိတ်ပူမိတယ်ဆိုတဲ့ မေသန်းနုက …

” သူက အခုကျောင်းတက်နေတာ ၂နှစ်ရှိပြီ။ သူ့တစ်ယောက်ထဲရဲ့ဖန်တီးမှုကတော့ မမြင်ရသေးဘူးပေါ့။ သူ့တို့ကျောင်းက သူ့ရဲ့ပညာကို စစ်တဲ့အခါကျတော့ သူတို့ကိုယ်တိုင် ရိုက်ကူးရတယ်။ သူတို့ ကိုယ်တိုင်စိတ် ကူးရတယ်။ ဇာတ်လမ်းဇာတ်ကွက် ကင်မရာနေရာ အကုန်လုံးကိုတစ်ယောက်တည်းဖန်တီးရတယ်။ ထွက် လာတဲ့ ရလဒ်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ အမေရိကမှာ သင်ယူ တဲ့ပညာနဲ့ မြန်မာပြည်နဲ့ အံဝင်ပါ့ မလားလို့ စိုးရိမ်တယ်။ တစ်ခါတလေကျရင် ဟိုအယူအဆနဲ့ ဒီအယူ အဆနဲ့ အဟ ကွာတယ်လေ။ တအားမြင့်လွန်းရင် လည်း မရသလို၊ တအားနိမ့်လွန်းရင် လည်း မရ ဘူးလေ။ ကြားမှာ လုပ်တတ်ဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။

မင်းသန့်မောင်မောင်က သရုပ် ဆောင်အလုပ်ကိုလည်း စိတ်ဝင်စားပေမယ့် သရုပ်ဆောင်အနေနဲ့ တစ်ကားနှစ်ကားပဲ ရိုက်ကူး စေချင်ပြီး မင်းသားတစ်ဦးထက် ဒါရိုက်တာ အလုပ်ကိုပဲ ပိုပြီးအားပေးတယ်လို့ပြောပါတယ်။ ” မင်းသားထက် ဒါရိုက်တာကိုပဲ အားပေးချင်တယ်။ ဒါရိုက်တာက အရွယ် ၃ပါးမရှိဘူး။ ကိုယ်ဖန်တီးရင် ဖန်တီးသလို ဒါရိုက်တာအနေနဲ့ ရပ် တည်လို့ရတယ်လေ။ မင်းသားကျ တော့ အချိန်အကန့်အသတ် ပရိ သတ်ရဲ့အားပေးမှုပေါ်မှာ မူတည်တာပေါ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*