ဗုဒ္ဓဘာသာ ဖြစ်ရတာလည်း ဂုဏ်ယူတယ် မေပန်းချီ

ဗုဒ္ဓဘာသာ ဖြစ်ရတာလည်း ဂုဏ်ယူတယ် မေပန်းချီ
May 2, 2017 Asian Fame
ဗုဒ္ဓဘာသာ ဖြစ်ရတာလည်း ဂုဏ်ယူတယ် မေပန်းချီ

May-Panchi-3ဘာသာရေး လိုက်စားမှုမှာ ရောဒါန ကုသိုလ်ပြုမှုတွေ မှာပါလူငယ် လူရွယ်တွေ တက်ကြွစွာ ပါဝင် လာကြတာမို့ ဗုဒ္ဓဘာသာ အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ အနာဂတ် ရောင်ဝါ ထွန်းလင်းစေမယ့် မျိုးဆက် သစ် ဖြစ်လို့ အားရကျေနပ် ပျော်စရာ ပါ။ ဒါကြောင့် အမျိုးသမီး မျိုးဆက် သစ် အနုပညာရှင်ဖြစ်တဲ့ မေပန်းချီ ရဲ့ ဘာသာရေး လိုက်စားကာ အလေးအမြတ်ထား ဆည်းကပ် ကိုးကွယ်ပုံ နဲ့ ဒါန ကုသိုလ်ပြုကာ ဘုရားတရား အပေါ်  ကြည်ညိုသဒ္ဓါ ပွားများပုံအကြောင်း   ထပ်ဆင့် သာဓု ခေါ်ဆိုအနုမောဒနာ ပွားများနိုင် ဖို့ ဖော်ပြလိုက် ရပါ တယ်။

May-Panchi-6ဘုရားတရား ဆိုတာ ကို စိတ်ထဲမှာ အမြဲထည့်ထားတယ်

ပန်းချီက အနုပညာ သမား ဆို တော့ ဘာသာရေးကို ဦးစားပေးရပါ တယ်။ ၁ဝဝ ရာခိုင်နှုန်းတော့ ပန်းချီ မပြည့်ပါဘူး။ နည်းနည်း အား နည်း တယ်။ ဒါပေမဲ့ ပန်းချီ စိတ်ထဲမှာတော့ ဘုရား၊ တရား ဆိုတာကို အမြဲထည့် ထားတယ်။ တစ်ခါတလေ အရမ်း ပင်ပန်းလို့ ဘုရား မရှိခိုးမိဘဲ အိပ် လိုက်တာ မျိုးတွေလည်း ဖြစ်ခဲ့တယ်။ ပန်းချီ ကိုယ်တိုင် ဂါထာတွေလည်း အများကြီး ရွတ်ဖူးတယ်။ ကုသိုလ် တော့ ရတာပေါ့။ ဒါပေမဲ့ ကိုယ့်နဲ့ အကျိုးပေးတဲ့ ဂါထာမျိုးတွေ ရှိပါ တယ်။ ဒါကလည်း တကယ်လုပ်မှ အကျိုးထူး တာပါ။ အန္တရာယ် တစ်ခုခု ဖြစ်တော့မယ် ဆိုရင်တောင် သူ့ရဲ့ အစောင့်အရှောက်တွေ က ကူညီပေး တာမျိုးတွေပေါ့။

May-Panchi-4ပဋ္ဌာန်းရွတ်တာ ၅ နှစ်လောက်ရှိပါပြီ

ပန်းချီကတော့ ပဋ္ဌာန်းကို အမြဲ ရွတ်ဖြစ်တယ်။ အရင်ကတော့ ပဋ္ဌာန်းကို ကြုံရင် ကြုံသလို ရွတ် တယ်။ နောက်ပိုင်း လေ့လာကြည့် တော့ ပဋ္ဌာန်း ဆိုတာက တန်းခိုး ကြီး တယ်။ ကြုံရင် ကြုံသလို ရွတ်ရတာ မျိုးမဟုတ်ဘူး ဆိုတာ သိလာတယ်။ ဒါကြောင့် ခြေလက် သန့်စင်ပြီး သန့် သန့်ရှင်းရှင်းလေး နဲ့မှ ဘုရားရှေ့မှာ ရွတ်တယ် ။  ပဋ္ဌာန်း ကို အမြဲရွတ်တာ ကတော့ ပန်းချီး ငါးနှစ်လောက်ရှိပါ ပြီ။ ပန်းချီကို ကိုနေဒွေး က ပြောဖူး ပါတယ်။ သူက ဓိဝါတပတိ ဂါထာ ကို အမြဲ ရွတ်တယ်တဲ့။ ဒါက စွမ်း တယ်ပေါ့။ ပန်းချီကိုလည်း ရွတ် ကြည့်ဖို့ ပြောတော့ ပန်းချီ ရွတ် ပါတယ်။ ဘုရား ရှိခိုးတိုင်း ပဋ္ဌာန်း ရွတ်၊ မေတ္တသုတ်ရွတ်၊ ဂုဏ်တော် ကိုးပါး ဓိဝါတ ပတိဂါ ထာတွေ ရွတ်ပြီး မေတ္တာပို့ပေးပါတယ်။ ငယ်ငယ်က ဘာသာရေး သိပ်မလုပ်ဖြစ်ဘူး။ အခု ပန်းချီ ၂၅ လည်း ကျော်လာတော့ တရားသဘောကို သိလာတယ်။ ဗုဒ္ဓ ဘာသာ ဖြစ်ရတာလည်း ဂုဏ်ယူ တယ်။ ယုံကြည်ရာ ကိုးကွယ် ရာပေါ့။

စိတ်ထဲ ရှိတဲ့ အချိန်တိုင်း သွားလှူဖြစ်တယ်

ပန်းချီက အလှူအတန်း အကြီး အကျယ် မလုပ်ဖြစ်ပေမယ့် ပရဟိတ စိတ်က ရင်ထဲမှာ အမြဲတမ်း ရှိပါတယ်။ ပန်းချီကြုံရင် ကြုံသလို အလှူလုပ် ဖြစ်တယ်။ ကလေးငယ်လေး တွေ အတွက်လည်း လှူပါတယ်။ ပန်းချီ က အများကြီး မချမ်းသာတော့ ပိုက်ဆံ အများကြီးလည်း မပိုလျှံပါ ဘူး။ ဇာတ်ကား ရိုက်လို့ရတဲ့ ပိုက်ဆံ တွေထဲက အမေ့အတွက် ဖယ်ပြီး ရင် တစ်သိန်းရရင် တစ် သောင်း၊ ငါးသိန်း ရရင် ငါးသောင်း သပ်သပ်လေး ဘုရား စင်ပေါ်မှာ ဖယ်ထား တယ်။ မွေးနေ့တုန်း ကလည်း သန်လျင်မှာ လှူဖို့ လုပ်ပြီး ရှုတင်နဲ့ မသွားဖြစ်လို့ ပန်းချီတို့ အရင် ကနေခဲ့တဲ့ လှိုင်သာယာမှာ စတုဒိသာ ကျွေးဖြစ်တယ်။ ကြုံတဲ့သူ တွေရော၊ ကလေးတွေရော လာကြပါ တယ်။ ကလေးတွေ အတွက် ပန်းချီ လှူဖြစ်တာ များတယ်။ ပန်းချီက ကလေးတွေ ကိုလည်း ချစ်တယ်။ ကလေးတွေက ကောင်းတယ်၊ မကောင်းဘူး မပြောကြဘူး။ ဗိုက် ပြည့်အောင် စားကြတာပါပဲ။ ပန်းချီ ကအလှူလုပ်ရင် ဘာရည်ရွယ် ချက်မှ မရှိဘူး။ စိတ်ထဲမှာ ရှိတဲ့အချိန် သွား လှူဖြစ်တာပါပဲ။ ပန်းချီက အလှူ တစ်ခါ လုပ်ပြီးရင် ထပ်ကာ ထပ်ကာ လှူချင်နေတာပါ။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*