
သင်္ကြန်တွင်း ၄ရက်စလုံး မုံရွာ မှာ ဖျော်ဖြေရေးနဲ့ ဖြတ်သန်းခဲ့တဲ့ ပိုပိုက သင်္ကြန်အပြီး နှစ်သစ် အလှူ အဖြစ် အနုပညာရှင် အသီး သီးဆီက အလှူခံနေတဲ့ ပုံရိပ် လေးတွေကို သူမရဲ့ ဖေ့စ် ဘုတ် စာမျက်နှာထက်မှာ တင်ထား တာ တွေ့ရပါတယ်။ ဒါကြောင့် သူမတို့ရဲ့ အလှူ အကြောင်းကို မေးမြန်းဖြစ် တဲ့အခါမှာတော့ သင်္ဃန်းကျွန်း မြို့နယ်မှာရှိတဲ့ နန္ဒာရာမစာသင် တိုက် ဆွမ်းစားဆောင်အတွက် ကိုယ်တိုင်လည်း လှူသလို မိတ်ဆွေ၊ သူငယ်ချင်းတွေ ကိုလည်း လှူဒါန်းဖို့ အလှူခံ ပေးနေတယ်လို့ ပြောပါ တယ်။
“သုံးထပ်တိုက် ဆွမ်းစားဆောင် ပေါ့နော်။ ကိုရင်တွေ၊ ဘုန်းဘုန်းတွေ အတွက် ဆွမ်း စားဆောင်လေး ဆောက် ဖို့အတွက်ကို ဒီဇဝန ပဋ္ဌာန်း ကျောင်းကဘုန်း ဘုန်းကပိုပိုကို မေတ္တာ ရပ်ခံတာပေါ့နော်။ အလှူခံ စာအုပ်ဖြတ်ပိုင်းလေး ပေးထား တယ်။ အဲဒါနဲ့ ပိုပိုက အလှူခံပေး တာပါ။ လှူတဲ့သူတွေ၊ လှူမယ့် သူ တွေလည်းအများကြီးပါပဲ။ ကိုခန့်စည် သူ၊ ဦးအရိုင်း၊ ကိုဖြိုးပြည့် စုံ၊ ကိုဟိဏ်းသစ် အများကြီးပါပဲ။ဖေ့စ်ဘုတ်မှာ ရေးထားတာတွေ ရှိပါ တယ်။ နောက်ပြီး ရွှေထူးတို့ ကလည်း လှူ မယ်။ ကိုညီမင်းခိုင်တို့ အများကြီး ပါပဲ” လို့ ပိုပိုက ပြောပြ ပါတယ်။
သင်္ကြန် မတိုင်မီ ဧပြီလ ၁ဝရက် နေ့ကတည်းက ပိုပိုက အလှူအတန်း တွေ များစွာ ပြုလုပ် ခဲ့တာ တွေ့ရပါ တယ်။ သူမရဲ့ အလှူဒါနတွေ နဲ့ ပတ်သက် ပြီး မေးမြန်းဖြစ်တဲ့အခါ
“ဧပြီလ ၁ဝရက်နေ့က ဝါးတစ် ရာမှာ တည်ထား ကိုးကွယ်မယ့် ဘုရားအတွက် ကျပ် သိန်း၅ဝ နဲ့ ဒုလ္လဘ ရဟန်းအပါး ၂ဝစာ အတွက် တစ်ပါးကို ကျပ်၁ဝသိန်း လှူခဲ့ တယ်။ ဘုရား ဌာပနာမှာ ပိုပို ရွှေ FM ဆု ရထားတဲ့ အထဲ က ရွှေတစ်ကျပ်သား နီး ပါး ရှိတဲ့ ရွှေ၂ပြား နဲ့ ရွှေပန်းခိုင်တွေ လှူခဲ့ပါတယ်” လို့ ပိုပိုက ပြောပါ တယ်။ ကိုယ်တိုင်လည်း ဘာသာရေး လုပ်သလို သူမရဲ့ပရိသတ်တွေကို လည်း ဘာသာရေး လုပ် ဖို့ တိုက်တွန်း လိုက်တဲ့ ပိုပိုက
“ဘုရား၊ တရားကတော့ အမြဲ တမ်း လုပ်သင့်ပါတယ်။ ပိုပို့အဖွား ပြောခဲ့တဲ့စကား တစ်ခု ရှိတယ်။ ဘာသာရေး လုပ်၊ ဘုရားရှိခိုး၊ ပုတီး စိတ်၊ ဘယ်တော့ မှထမင်း မငတ်ဘူး။ ဘုရားက ထမင်းကျွေး လိမ့်မယ်တဲ့။ ငယ်ငယ် ကတည်းက ဦးနှောက်ထဲ ရိုက်သွင်းခံ ထားရတဲ့ စကားက ပိုပို အခု ဘာသာရေးတွေ၊ အလှူအ တန်းတွေ လုပ်ပြီး လက်တွေ့ဖြစ်လာ တဲ့အခါ ပိုနားလည် လာတာပေါ့။ ဒါကြောင့် ပရိသတ် တွေ ကို ပြောချင် တာက ဘုရား၊ တရားများ များလုပ်ပါ။ အလှူအတန်း များများ လုပ်ပါလို့။ ပိုပို ၅လပိုင်း၊ ကဆုန်လ ပြည့်နေ့ကျ လို့ရှိရင်လည်း ပိုပို့ အဘွားရွာလေး မှာ ဘုရားရင်ပြင်ခင်း ထားတာရှိတယ်။ အဲဒါကို ရေစက်ချ ဖို့လည်းရှိပါ တယ်” လို့ ပြောပြခဲ့ပါ တယ်။
မျိုးမောင်