သီချင်းတွေကို အမေရိကမှာပဲ Mixing ဆွဲလေ့ရှိတဲ့ အမွန်း

သီချင်းတွေကို အမေရိကမှာပဲ Mixing ဆွဲလေ့ရှိတဲ့ အမွန်း
April 25, 2017 Asian Fame
သီချင်းတွေကို အမေရိကမှာပဲ Mixing ဆွဲလေ့ရှိတဲ့ အမွန်း

Amoonတတိယ တစ်ကိုယ်တော် စီးရီး ခွေအတွက် ပြင်ဆင်နေရင်း အခွေ မထွက် ခင်ကြား ကာလတွေမှာ လည်း Single Song  တွေ ထွက်ဖို့ ရှိတယ် လို့ တေးသံရှင် အမွန်းက ဆိုပါတယ်။ Performance  အကတွေနဲ့ Dance Pop ဘက်ကို သွားတဲ့သီ ချင်းတွေကို ဆိုလေ့ရှိတဲ့ အမွန်းရဲ့ နောက်ထွက် မယ့် သီချင်း တွေက လည်း အဲဒီလို မျိုးပုံစံတွေပါ ပဲတဲ့။ အမွန်းရဲ့ သီချင်းတွေက အမေရိကမှာ Mixing ဆွဲလေ့ ရှိတာကြောင့် အဲဒီအကြောင်း အရာနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်တဲ့ အခါ

“အမွန်းကျတော့ ဒီမှာအသံ သွင်းတယ်။ တစ်ခါတလေ ကျရင် မြူးဇစ်ကို အမေရိကကနေ တီးပြီး တော့ ပြန်ပို့ခိုင်း လိုက်တယ်။ အမွန်း ရေး ပြီး သွားရင်ပေါ့။ ပြီးရင်ဒီမှာ အသံသွင်းတယ်။ အသံသွင်းပြီး တော့မှ အသံဖိုင်တွေ အားလုံးကို အမေရိက ကိုပို့တာပေါ့။ အဲဒါ တစ်မျိုး ပေါ့။ နောက်တစ်မျိုးက အမွန်း ကိုယ်တိုင်  LA  သွားဖြစ်လို့ရှိရင် အဲဒီမှာပဲ အသံသွင်း ဖြစ်တာပေါ့ နော်။ တစ်ခါတလေကျ လို့ရှိရင် အမွန်း ဘန်ကောက်မှာသွားပြီး အသံ သွင်းပါတယ်။ အမွန်းရဲ့ မန်နေဂျာ က ဘန်ကောက် ကိုလာပြီး အသံဖိုင် ကိုယူတယ်။ Mixing ကတော့ အမေရိကမှာပဲ အမြဲတမ်း ဆွဲဖြစ်ပါ တယ်”လို့ သူမက ပြောပါတယ်။

အမေရိကလို Music နဲ့ ပတ်သက်လို့ အစစအရာရာ တိုးတက် တဲ့ နိုင်ငံတစ်ခုမှာ ကိုယ့်သီ ချင်းတွေ ကို Mixing ဆွဲစေတာက ဘာတွေ ကောင်းမွန်စေမလဲလို့ အမွန်းကို ဆက်လက်မေးမြန်း ပြန်တော့

“အဓိကကတော့ အသံ Quality  အရ Mixing က အရမ်း စကား ပြောတယ်။ အရမ်း အရေးကြီး တယ်။ အဲဒီတော့ ဟိုမှာ Mixing ဆွဲ ဖြစ်တဲ့ အပေါ်မှာ အမွန်းရဲ့ ပရိသတ် က နားထာင်လိုက် လို့ရှိရင် Mixing Quality  လေးတစ်ခုကို ရသွားတယ်။ သူက နည်း နည်းတော့ ကရိကထများ တယ်။ ချက်ချင်းလည်း မပြီးဘူး။ ဟိုဘက်ကို ပို့နေရာနဲ့ ဟိုဘက်ကနေ ပြန်ပို့တဲ့  Mixing ကို အမွန်း က သေသေချာချာနားထောင်ရတယ်။ မြန်မာသီချင်းတွေ ကျတော့ အခက် အခဲနည်းနည်းလေး ရှိတာက မြန်မာ စကားနားမလည်တဲ့ အပေါ်မှာ တချို့  Mixing တွေဆို သူတို့ထည့်လိုက်တဲ့ Effect တွေက စကားနဲ့မကိုက်တာ မျိုးတွေ၊ စကားနဲ့ သံစဉ်လွဲ သွားတာ မျိုးတွေရှိတယ်။ အဲဒီလို အခက် အခဲတွေတော့ ရှိတယ်။ ဒါပေမဲ့ သီချင်း တစ်ပုဒ် အတွက် အားလုံးပြီး စီးသွားပြီ ဆိုရင် အမွန်းတို့ စိတ်တိုင်း ကျတဲ့ Quality တော့ရပါတယ်” လို့ ပြောပါ တယ်။

အမွန်းက ၂ဝ၁၆ ခုနှစ်တုန်းက “ဒုဋ္ဌဝတီကိုလွန်၍” ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကို မင်းသား နိုင်းနိုင်းနဲ့ ရိုက်ကူး ခဲ့ပါတယ်။ တစ်ကိုယ် တော် စီး ရီးခွေ ထွက်ပြီး တဲ့ အခါမှာ လည်း သူမက ရုပ်ရှင် ဆက် ရိုက်ကူးဖို့ရှိပါတယ်တဲ့။ မြန်မာ နှစ်သစ်ကိုရောက်ပြီဆို တော့ အလှူ အတန်းတွေ လုပ်ဖို့ ရှိဦးမလား လို့ မေးတဲ့အခါ

“အမွန်းကို အခုနှစ်ဆန်း မှာ အလှူခံ ထားတဲ့သူ တချို့ ရှိတယ်။ ကချင်ပြည်နယ် ဘက် ကပါပဲ။ ကချင်ပြည်နယ် ဘက်မှာ မူကြိုကျောင်းလေး ဆောက်နေတဲ့ သူတွေရှိတယ်။ သူတို့တွေက လှမ်းပြီး အကူ အညီ တောင်းထားတဲ့အတွက် သူတို့ကို လှူဖို့ အတွက် အမွန်း ပြင်ဆင်နေပါ တယ်”လို့ ပြော ပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*