၂ဝ၁၇ မှာကျင်းပမယ့် MTV Video Music Awards ကို L.A. မှာပြုလုပ်မည်

၂ဝ၁၇ မှာကျင်းပမယ့် MTV Video Music Awards ကို L.A. မှာပြုလုပ်မည်
April 24, 2017 Asian Fame
၂ဝ၁၇ မှာကျင်းပမယ့် MTV Video Music Awards ကို L.A. မှာပြုလုပ်မည်
britney-spears-performance

2016 ခုနှစ်က ကျင်းပခဲ့တဲ့ MTV Video Music Awards အခမ်းအနား

MTVကွန်ရက် က ၂ဝ၁၇ မှာ TV Categories ဖြစ်တဲ့ MTV Movie Awards ကို ပေး အပ်မယ်လို့သိရပါတယ်။ ၂ဝ၁၇ MTV VMAs ပွဲကို L.A. မှာ ကျင်းပမယ်လို့ ကြာသပတေးနေ့က ထုတ် ပြန်ခဲ့ပြီး ၂ဝ၁၆ တုန်းကတော့ New York မှာ ပြုလုပ်ခဲ့တာပါ။ MTVအစီအစဉ်က Forum နဲ့အတူ ရပ်တည်လာတာ အခုဆို ၃၅ နှစ်ရှိသွားပါပြီ။ Forum ရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်ဖြစ်တဲ့ Shelli Azoff က “ဒီနှစ်မှာ ကျင်းပမယ့် ဆုပေးပွဲက ထူး ခြားတဲ့အစီအစဉ် ဖြစ်မှာပါ။ MTVရဲ့ အံ့သြဖွယ် အမှတ်တရတွေပြသမှာဖြစ်ပြီး ဆုရရှိသူတွေနဲ့ လာရောက်တဲ့ ပရိသတ်တွေအတွက် အမှတ်ရနေ အောင် စီစဉ်သွားမှာပါ။

“Mayor James Butts ကလည်း E! News ကို Inglewood က ကယ်လီဖိုးနီးယား ရဲ့ နံပါတ် ၁ အစီအစဉ်ဖြစ်တဲ့ MTV VMAsပြန်လာမှာကို ကြိုဆိုပါတယ်”လို့ ပြောခဲ့ပါတယ်။

မနှစ်က ကျင်းပခဲ့တဲ့ MTV Video Music Awards မှာ ၂ဝ၁၅ L.A. မှာ ကျင်းပခဲ့တဲ့ပွဲနဲ့ ယှဉ် ရင် ၃၄ ရာခိုင်နှုန်းကြည့်ရှုမှုကျဆင်းခဲ့ပါတယ်။ Jesse Ignjatovic က ဒီနှစ်မှာ ပရိုဂျူဆာအဖြစ် ပြန်လည်ပါဝင်မှာပါ။ MTV Video Music Awards ကို သြဂုတ် ၂၇ ရက်နေ့မှာ ကျင်းပမယ် လို့သိရပါတယ်။ ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း ကို မကြာခင် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*