ဘေးမျိုးမခ အေးမိုးကျတဲ့ အင်းတော်ကြီးပွဲ

ဘေးမျိုးမခ အေးမိုးကျတဲ့ အင်းတော်ကြီးပွဲ
April 7, 2017 Asian Fame
ဘေးမျိုးမခ အေးမိုးကျတဲ့ အင်းတော်ကြီးပွဲ

22မတ်လ၃ရက်၊ မွန်းတည့် ၁၂နာ ရီက မန္တလေး ကနေ အမှတ် ၅၅ အဆန် ရထားစီးခဲ့တာ။ နောက် တစ်နေ့ မနက်စော ၅နာရီလောက်မှာ ဟိုပင်ဘူတာကို ရောက်တယ်။ ဘူ တာကို လာကြိုတဲ့ ခွေးဘီလူးကား လေးနဲ့ ခရီးဆက်ရင်း လွန်ခဲ့တဲ့ ၃ နှစ်လောက်ကအထိ ဖိုးရှီးကားတွေနဲ့  ရွှံ့ထဲဗွက်ထဲ သွားခဲ့ရတာကို သတိရ မိပါသေး။ အခုတော့ လမ်းတွေ ကောင်းလာတဲ့ အပြင် ရွှေမှော်၊ ကျောက် စိမ်း မှော်တွေ ကို ပါဂျဲရိုး ကားတွေနဲ့ ပြေးဆွဲတော့ ဖိုးဝှီးတွေ ပျောက်လုနီးနီး ဖြစ်ရတာပေါ့။

ကျောက်စိမ်းခေတ်
ရွှေခေတ် ပယင်းခေတ်

ကားပေါ်မှာ ရှင်ဗွေယံ (တနိုင်း)က ဘုရားဖူး တစ်ဖွဲ့ ပါလာ တယ်။ ဒေသမှာ တွေ့ဆုံရသူတွေရဲ့ အဆင် တန်ဆာကိုကြည့်ရင် အရင် နှစ်တွေက ကျောက်စိမ်းလက်စွပ် ပြူးပြူး၊ ဆွဲသီးပြောင်ပြောင်ကြီးတွေ နဲ့ဆို ဖားကန့်၊ တာမခံလိုမျိုး ကျောက် စိမ်းမှော်ကလာသူ၊ ဆယ်ဇင်း၊ ဝှေခါ လိုမျိုး ရွှေမှော်နဲ့ ဗန်းမောက်၊ ပင်လယ်ဘူး ရွှေတောက လာသူတွေ ဆို ဆွဲကြိုး တုတ်တုတ်ကြီးတွေနဲ့၊ လက်ကောက်တွေ ကလည်း တံတောင်ဆစ်အထိပဲ။ ဘယ်ညာ ဝတ်ရတာကို အားမရချင်။ ရွှေတွေ သီးနေတာပဲ ဆိုတာ ကိုယ်တွေ့ပ။ ဒီနှစ် ပိုင်းမှာတော့ ပယင်းခေတ်ပေါ့။

ပယင်းလက်ကောက်၊ ဆွဲသီး၊ ဆွဲကြိုးကိုမှ ဆွဲကြိုး နှစ်ကုံးထပ် ဝတ်တော့လည်း လှတာပါပဲ။ ပယင်း ကို ရှင်ဗွေယံ တစ်ဝိုက်က တော ကြီး တွေထဲမှာ ရှာရတယ်။ မီးသွေးခဲလို ခပ်မဲမဲကိုမှ ဖြတ်လိုက်၊ သွေးလိုက်၊ ကော်ပတ်စား အရောင်တင် လိုက် တော့ ကျောက်ကောင်း ပွင့်သွားတာ ပေါ့။ ပိုးကောင်ရုပ်ကြွင်း ပီပီပြင်ပြင် ပါလာရင်တော့ ချမ်းသာပြီ။ တနိုင်း၊ ရှင်ဗွေယံမှာ  ပယင်းနဲ့ ချမ်းသာသူ တွေ မနည်း ဘူးတဲ့။ ပယင်းအစစ် က ရှားသွား၊ ရှာရခက်သွားပြီး အတုတွေ ကတော့ ပေါမှပေါ။ ပြီးတော့ ပယင်း အတုက ကွဲသွားရင်လည်း ဆင်ကော် နဲ့ ကပ်၊ မသိသာဘူး။ ခန္တီးက ထွက် တဲ့ပယင်းက သက်တမ်းနုပါတယ်။

ဆရာတော်ကြီးများ ကျေးဇူး

နန့်ပတဲ ရွာကိုရောက်တော့ မုခ်ဦးအတိုင်း ဘုရားဘက်ကို ချိုးခဲ့ တယ်။ ပွဲတော်ကွင်းထဲ မဝင်ခင်လေး မှာပဲ အဆင့်မြင့် တည်းခိုဆောင်ကြီး တွေကို တွေ့ရတယ်။ ပွဲတော်ရက်မှာ ရန်ကုန် ဘုရားဖူးကားကြီးတွေ ရပ် ထားလို့ အဲဒီမှာ ညအိပ်ကြတယ် ထင်ပ့ါ။ ဒေသခံတွေ ကတော့ ဝါးကွပ် ပျစ်ခင်းထားတဲ့ တဲတန်းရှည်ကြီးတွေ မှာ တည်းကြတယ်။ မတ်လ ၅ရက် နေ့ မနက်မှာ ၁၄၈ကြိမ်မြောက် ရွှေမဉ္ဇူ ရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ ကျင်းပတယ်။

ညောင်ပင်ကျောင်းဆရာတော် ကြီး၊ ချောင်းဝဆရာတော်ကြီးတို့ ဦးဆောင်ပြီး ဘုရားဂေါပကများ၊ ဒေ ဝါဝင်း၊ ရာဇာဝင်း၊ ရှမ်းနီ တိုင်းရင်း သားဓလေ့ ဆွမ်းတော်ကြီးပွဲများ ကိုယ်စီနဲ့ ရွှေမဉ္ဇူ ဘုရားကို စီတန်း သွားကြတာကလည်း ရှုမငြီးစရာ။ ဒီနှစ်ဘုရားပွဲမှာ ထူးခြားတာ ကတော့ ရွှေမဉ္ဇူဘုရား ဝတ္တက မြေသတ်မှတ်ချက်နဲ့ ဘုရားမြေ ဂရန် ရခဲ့တာပါပဲ။ အစိုးရအဆက်ဆက်ကို ဘုရားမြေ ဂရန်ရဖို့ လျှောက် ထားခဲ့ တဲ့ နာယက ဆရာတော်ကြီးများရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ အသီးပွင့်များပေါ့။

ချက်ချင်းလက်ငင်း မျက်မြင်ဒိဋ္ဌ

ရွှေမဉ္ဇူစေတီတော် တည်ထားပုံ က ရင်ပြင်တော် ပတ်လည်ရယ်၊ နောက်အထက် တစ်ဆင့် ဖိနပ် (ပလ္လင်)တော်ပေါ်မှာ စေတီရံ ၁၅၂ ဆူ၊ပြီးတော့ အလယ်မှာ ပစ္စယံ အဆင့်ဆင့်နဲ့ စေတီလုံးတော်၊ အထွတ် စိန်ဖူးတော်အထိ ဖြစ်ပါ တယ်။ ဖိနပ်တော် အထက် ၅တောင် တစ်ထွာ အမြင့်၊ ပထမပစ္စယာရဲ့ အနောက် မျက်နှာစူးစူးမှာ အလျား တစ်တောင်၊ အနံရှစ်လက်မ၊ အနက် သုံးတောင်၊ အခေါင်း ချန်ထားတယ်။ ဘုရားရှင်ရဲ့ သရီယဓာတ်တော်၊ မွေတော် မြတ်၅ဆူကို ရွှေသေတ္တာ ထဲထည့်၊ ကျောက်မျက်ရတနာများပါ ရွှေလောင်း (လှေ)ပေါ်တင်ပြီး ဌာ ပနာတင်ထားတာမို့ အင်းရေအနိမ့် အမြင့်အတိုင်း ရွှေလောင်းက တည် နေတယ်။

စေတီတော်ရဲ့ ဖိနပ်တော်ကို အကြိမ်ကြိမ် မြှင့်တင် မွမ်းမံခဲ့တော့ ရွှေလောင်းက အောက်ဘက်မှာ ကျန်ခဲ့လို့ ဖိနပ်တော် ပလ္လင်ပေါ်ကို အမျိုး သမီးများတက်ရောက်ခွင့် မပြုပါဘူး။ မတ်လ၅ရက်နေ့မှာ ရာသီဥတုက နေပွင့်ပြီး သာသာယာ ယာရှိ တယ်။ မွန်းလွဲ၂ နာရီလောက်မှာ အမျိုးသမီးကြီး တစ်ယောက်နဲ့ ကလေးနှစ်ယောက်က လူအများ သွားလာနေကြတဲ့ ရင်ပြင်တော်က နေ ဖိနပ်တော်ပေါ် ကို တက်သွားလို့ မြင်တဲ့သူတွေက ဝိုင်းအော်ပြီး ဆင်း ခိုင်းလိုက်ရတယ်။ မကြာပါဘူး။ နေပွင့်နေရာက ချက်ချင်း မိုးအုံ့သွား ပြီး ၅မိနစ်ကြာလောက် မိုးသည်း တယ်။ မိုးက ဆက်အုံ့နေပြီး နောက် နေ့မနက်မှ နေပွင့်တာပါ။

ပွဲတော် ရှော့ပင်းမောလ်

ပရိသတ်တွေ ကြိတ်ကြိတ်တိုးနေ တဲ့ ပွဲဈေးတန်းကို ဘုရားလမ်း အမြင့် ပိုင်းကနေ အပေါ်စီးမြင်ရတယ်။ တစ်ညီတည်း ဆိုင်ခန်းအမိုး တပြန့် တပြောထဲကနေ ဝါးပိုးဝါးအမြင့်နဲ့ လော် စပီကာတချို့က ထိုးထိုးထောင် ထောင်။ ကိုယ့်ရောင်းကုန်ကို လော် ကြီးကနေ ဈေးခေါ် ကြတာပေါ့။ ဝါးတစ်လုံး ကတော့ ဖျာတစ်ချပ်မှာ စာရေးပြီး ချိတ်ထားတာ ရေခဲရပြီတဲ့။ ရတနာနယ်မြေက ဘုရားပွဲဆိုတော့ ကြက်ပေါင်း ခေါက်ဆွဲကအစရတဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေ၊ရွှေနဲ့ လက်ဝတ် ရတနာဆိုင်တွေ အပြင် အလှပြင်ဆိုင် တွေလည်း မနည်းပါ ဘူး။ ရွှေမှော်က လာသူဆိုလည်း ဘုရားပွဲမှာ လှူဖို့၊ သုံးစွဲဖို့ ရွှေတို၊ ရွှေစရောင်းနိုင် သလို၊ ကျောက်ကြည့် ဓာတ်မီးကိုယ်စီ၊ ပလတ်စတစ် ထိုင်ခုံနဲ့ အကျအနထိုင် နေသူတွေ ဆီမှာလည်း ကျောက်(စိမ်း)ရောင်းနိုင်တယ်။ တရားမဝင် ဆိုင်ကယ်တွေကို လိုင်စင် စလုပ်ပေးတဲ့ နှစ်ကဆို ဆိုင်ကယ် အရောင်းပြခန်းတောင် လာဖွင့် ခဲ့ကြ တယ်။ မှော်ကနေ ဖုန်လမ်းကို ဖြတ် ပြီးဘုရားပွဲကို ရောက်ရောက် ချင်း ဆိုင်ကယ်ဦးထုပ် ကိုယ်စီနဲ့ ဘုရား ကန်တော့ လှူဒါန်းပြီးမှ တည်းမယ့် နေရာမှာ အထုပ်အပိုးတွေထား၊ ကိုယ် လက်သန့်စင်၊ ဆိုင်မှာအလှပြင်၊ ဆိုင်မှာရှယ်စား၊ ညပိုင်းမှာဧည့် အနုပညာရှင် အကယ်ဒမီ ထွန်းထွန်း (Examplez)နဲ့အဂ္ဂမိုးတို့ ဖျော်ဖြေ မယ့်ဇာတ်ပွဲ ကြည့်ကြပါ့။

အဆန်းတကြယ်ရှိနေဆဲ

အင်းတော်ကြီးနဲ့ ပတ်သက်လို့ အစဉ်အလာ ရှေးစကားတွေလိုပဲ ဒီနေ့အထိလည်း နေရာဒေသတွေ နဲ့  တကွ ဖြစ်ရပ်တွေက အဆန်း တကြယ် ရှိနေဆဲပါ။ အင်းတော်ကြီးရဲ့ အံ့၉ပါး ထဲမှာ တစ်နှစ်ကို ၃ကြိမ် ရေပြောင်း ပြန်ဆန် တက်တာ၊ နှစ်စဉ် တန် ဆောင်မုန်းလကနေ ပြာသလိုလ အတွင်း အင်းတော်ကြီး တောင်ပိုင်း ၈မိုင်အကွာ ဘုရားကြီး အထိ လွှဲ အိမ်ထောင်အရှင်ကြီးက အင်းငါး တွေကို ဆေးခတ်လို့ ငါးသေတာတို့ ပါဝင်တယ်။ ငါးရှာသူများ ပိုက်တန်း ထားပြီး ညပိုင်းမှာ နတ်တွေငါးဆေး ခတ်ဖို့ ဆေးထုသံ ကြားတဲ့နေရာကို မနက်လင်းလို့ သွားကြည့်ရင် ငါးသေ အများကြီး မိနေတာ ရဖူးကြတယ်။ လွှဲအိမ်အရှင်ကြီး ဆေးခတ်တဲ့ တန်ဆောင်မုန်း လမှာ ငါးအသေ နည်းပြီး နတ်တော်ပြာသိုလမှာ ဆေး ခတ်တဲ့ သူ့ချွေးမက အမျိုးသမီးမို့ လောဘပိုလို့ ငါးများများသေပါသ တဲ့။ အင်းတော်ကြီး ထဲကို စီးဝင်တဲ့ ချောင်းတွေမှာလည်း ငါးပေါင်းစုံရတဲ့ နန့်ခမ်းတာချောင်း၊ ငါးချေးချမ်း တစ်မျိုး တည်းသာရတဲ့ နန့်ခိုကျင် ချောင်း၊ ငါးပတ် အရင်ရပြီးနောက် တစ်ပတ်မှာ ငါးမြစ်ချင်း ရတဲ့နန့် မန်လည်နဲ့ လယ်သပြေချောင်းလိုမျိုး ကွာခြားပါသေး။

ရွှေမဉ္ဇူ အစောင့်အရှောက်

ဘုရားဖူးတွေ အကြိတ်ကြိတ် တိုးနေတဲ့ မတ်လ ၉ရက်နေ့ကပေါ့။ တချို့က ပွဲခင်းကနေ လွှဲမွန်ရွာက ငွေမဉ္ဇူစေတီ နဲ့ မုဆိုးမခြေရာ၊ နန့် မီးလောင်ရွာက နှီးဘုရားတို့ကို သွား ပြီးမှ ရေလယ် ဘုရားကို စက်လှေ ကပ်တော့ ဖိနပ်တွေပါလာ ကြတယ်။ ကမ်းစပ်မှာ ဖိနပ်မအပ် နိုင်တော့ဘဲ ရင်ပြင်ပေါ် အထိပါလာ ပါလေရော။ အသံချဲ့စက်ကနေ အမျိုးသမီးငယ် တစ် ယောက်ရဲ့ အသံကိုထူးထူး ခြားခြား ကြားလို့ ဘုရားဘက်ကို ကျွန်တော် သွားကြည့်တော့ ဖရဲသီးသည်လေး ကို မမြင်အပ်တဲ ပုဂ္ဂိုလ်တစ်ဦးကဝင် ရောက်ပူးကပ်နေတာပါ။

ကလေးမလေးက ဖရဲသီးရောင်း ရာကနေ ခေါင်းလောင်းထိုး တံကို ကိုင်၊ မျက်လုံးပြူးကြီး နဲ့ထလာပြီး ဘုရားရဲ့ အနောက်မြောက်ထောင့်က ခေါင်းလောင်းကို ထိုးလိုက်တာ အသံ ဟိန်းထွက်သွားတယ်။ ဖိနပ်တွေ ယူမလာနဲ့ မကြိုက်ဘူး ဆိုပြီး ရင်ပြင် တော်ပေါ်က ဖိနပ်တွေကို ဘုရား ပရဝုဏ် အပြင်ဘက် စက်လှေဆိပ်က  ပြန့်ပေါ်ကို ကန်ထုတ်ပစ်တယ်။ ကြက်ဥပြုတ်၊ နေကြာစေ့ ထုပ်တွေကို လည်း တစ်ကိုက်စီကိုက်ပြီး လွှင့် ပစ်တယ်။ နောက်တော့ အလှူခံဌာန က “မိုက်” ရှေ့သွားပြီး ကျွန်မက မိကောင်းဖခင် သားသမီးပါ။ ဘုရား ရင်ပြင်တော်ပေါ်ကို ဖိနပ်တွေ ယူမ လာကြပါနဲ့။ ကျွန်မမကြိုက်ဘူး စသည်ဖြင့် ပြောပြီးတော့ ပြန်ထွက် သွားတယ်။ မြင်အပ်၊ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ၊ အစောင့်အရှောက် ကြီးတဲ့
ရွှေမဉ္ဇူဘုရားပါပဲ။

ရေစီးတစ်ခါ ရေသာတစ်လှည့်

နေပွင့်နေသာပြီး ပွဲတော်အရှိန် အကောင်းဆုံး မတ်လ ၁ဝရက်မှာ တော့ တစ်နိုင်ငံလုံး အချိန်အခါ မဟုတ်တဲ့ မိုးက အင်းတော်ကြီးပွဲကို လည်း ရွှဲရွှဲစိုစေခဲ့တယ်။ ပွဲတော်မှာ ဘေးမျိုးမခ အေးမိုးကျတယ်လို့ ဆိုရ မှာပညယ်။ ရွှေပွဲလာတွေက မိုးရွာ လာရင်ရောက်တဲ့နေရာမှာ မိုးခို၊ မိုးနည်းနည်းစဲတာနဲ့ ရေလယ်ဘုရား ကို သွားကြတော့တာပဲ။ ပွဲဈေးတန်း မှာ ရွှံ့ဗွက်တွေချည်းမို့ ခြေထောက် ကို ကြွပ်ကြွပ်အိတ်ကြီး တွေစွပ်ပြီး လျှောက်ကြတော့ ပြီးရော။ အင်းတော် ကြီးပွဲမှာ နှစ်တိုင်း ဈေးရောင်းကောင်း လို့ လဆန်း ၁၄ရက်ညဆို ဆိုင်ခန်း အားလုံး နီးပါး သိမ်းပြီးကြပြီ။ ဒီနှစ် တော့ မိုးရွာလို့ လပြည့်နေ့ အထိ ဆိုင် ဖွင့်ထားကြဆဲ။ ကဗျာ စာသားတစ် ပိုင်းတစ်စလိုပေါ့။

“အကင်းတိုင်းပင်
အသီးတင်လျှင်
ဘူးစင်တောင့်ဖို့ လိုလိမ့်မည်”

 ကိုညိုလုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*