အဆို ပြိုင်ပွဲတွေကို ဂရေဟမ် ဘယ်လိုမြင်လဲ

အဆို ပြိုင်ပွဲတွေကို ဂရေဟမ် ဘယ်လိုမြင်လဲ
April 7, 2017 Asian Fame
အဆို ပြိုင်ပွဲတွေကို ဂရေဟမ် ဘယ်လိုမြင်လဲ

Garahamအဆိုတော် ဂရေဟန်က ဧပြီလထဲမှာ စတင်ကျင်းပတော့မယ် Galaxy Star သီချင်း ဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကတော့ ဆုငွေ သိန်း တစ်ထောင်ကျပ် နဲ့အတူ ကိုရီးယားနိုင်ငံမှာ စီးရီးတစ်ခွေ သွားရောက် အသံ သွင်းယူနိုင်ခွင့်နဲ့ ကမ္ဘာ့ ဂီတရပ်ဝန်းကို အခြေချနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။ အကဲဖြတ်ဒိုင် တစ်ဦး အနေနဲ့ ပါဝင်မယ့် ဂရေဟမ်က အကောင်းဆုံး တစ်ဦးထွက်ပေါ်လာနိုင် ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ သိရပါတယ်။

“ကလေးတွေ ဆိုတာပြုတာနဲ့ ပတ်သက်လို့ အားနည်းတဲ့ ကလေးတွေ အပေါ်မှာလည်း ကျွန် တော် သိသလောက်၊ တတ်သလောက် အားလုံး ပြောပြမယ်။ အားသာချက်လေး တွေကို လည်းပံ့ပိုးပါ့မယ်”လို့ ဂရေဟမ်က ဆိုပါ တယ်။ ယနေ့ခေတ် ကာလမှာတော့ ကုမ္ပဏီ အသီးသီးက ပြုလုပ်တဲ့သီချင်း ဆိုပြိုင်ပွဲ တွေ များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအပေါ်မှာ လည်း ဂရေဟမ်ရဲ့ သုံးသပ်ချက် ကတော့…

“အဆိုပြိုင်ပွဲတွေ များစွာ ပေါ်ထွက်လာတဲ့အခါ ဝါသနာရှင် တွေ၊ ရွက်ပုန်းသီးတွေ၊ အရည်အချင်း ရှိပါလျက်နဲ့ အခွင့်အရေး မရှိလို့ အဆိုတော်ဖြစ်ခွင့် မရသူတွေအတွက် အရမ်းကောင်းပါတယ်။ ဒီအခွင့် အရေးမျိုးတွေက အရင်က မရှိခဲ့ဘူးလေ။ လူငယ်တွေ အတွက် တအား ကောင်းတဲ့ အခွင့်အရေး လို့ မြင်ပါတယ်။ တစ်ခုပြောချင်တာက အဆိုပြိုင်ပွဲမှာ တွေ့နေရတာမှာ တချို့က အဆိုတွေ ကောင်း ကြပေမယ့် ပြည်သူ့နီတိ ကိုလည်း နားလည်ဖို့ လိုပါတယ်။ လေးစားမှု ဆိုတာရှိရ မယ်။ ငယ်သူကိုသနား၊ ရွယ်တူ ကိုလေးစား၊ ကြီးသူကို ရိုသေ ဆိုတဲ့ ပြည်သူ့ နီတိလည်း ရှိမှရပါမယ်။ ကျွန်တ်ာမြင်မိသလောက် အတော်များ များမှာ respect ကိုမတွေ့ ရဘူး။ အောင်မြင်မှု အပေါ်မှာ ရုတ်တရက်သာယာ တတ်တာတော့ လူ့သဘာဝပေါ့။ အရေးကြီးဆုံး အချက်က သူများသီချင်းတွေနဲ့ပဲ သာယာမနေဘဲနဲ့ ကိုယ့်သီချင်း နဲ့ ကိုယ်အောင် မြင်အောင်လုပ်ဖို့က အရေး အကြီးဆုံးပါပဲ”လို့ ဂရေ ဟမ်က ပြောပါတယ်။

ရဲရဲ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*