ရန်ကုန် သင်းကွဲ

ရန်ကုန် သင်းကွဲ
April 7, 2017 Asian Fame
ရန်ကုန် သင်းကွဲ

qnint

ရန်ကုန်သင်းကွဲသည် မိမိ ကိုယ်မိမိ လူ့အဖွဲ့အစည်းနှင့် မပတ်သက်သော၊ အဆက်အစပ်မရှိသော၊ သီးခြား သတ္တဝါ၊ ပုဂ္ဂလလူသား၊ စည်းအပြင်ကလူအဖြစ် ယူဆသတ်မှတ် ထားသည်။ သူ့အယူအဆကို စာကိုး၊ စကားကိုးတွေ အသုံးပြု၍လည်း အခိုင်အမာ ပြုသေးသည်။

“အတ္ထာဟိ အတ္တနော နာထောတဲ့။ ဘုရားဟောဒေသနာ ကျမ်းဂန်လာ စကားအသေ အချာရှိသကွ။ မိမိကိုယ်ကိုပဲ အားကိုးရမတဲ့။ တစ် နည်းအားဖြင့် သူ များနှာခေါင်း ပေါက်နဲ့ အသက် ရှူလို့ မရဘူးပေါ့ ကွာ။ ရှူလို့ လည်း မရပါဘူး လေ။ နောက် တစ်ခုရှိသေးတယ်။ ကျမ်းဂန် ပါဠိလာရှိတဲ့အတိုင်းပေါ့။ အတ္တသမာပေမံနတ္တိတဲ့။ အဲသည်ပါဠိ ကို ရှေးစာဆိုတော် စတုရင်္ဂဝလ အမတ်ကြီးက ကဗျာနဲ့ ဘယ်လိုညှိ လိုက်သလဲဆိုတော့ကာ (လူတို့ ပြည် တွင်၊ ကိုယ်ပြင်ချစ်ဖို့၊ မရှိ မြို့တည့်)တဲ့။ မှတ်ထားကြ။ လူလောကမှာ လူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ် ကိုယ်ချစ်ဖို့ကလွဲပြီး တခြား ချစ်စရာမရှိဘူးတဲ့ဗျ။ ဘာမှတ်သလဲ”ရန်ကုန်သင်းကွဲက အထက်ပါစာသားတွေကို လူမှုကွန်ရက် FB ပေါ်သို့တင်သည်။ မြန်မာတွေ ပါဠိ တွေနှင့် အားမရသေး၍ နိုင်ငံရပ် ခြားဘာသာစကားကိုပါ ကိုးကား၍ တင်သည်။

The strongest man upon earth is he who stands most alone .

” ရန်ကုန်သင်းကွဲဆိုတဲ့ သောက်ပေါကတော့ အင်္ဂလိပ်စာ ကောင်း ကောင်းမတတ်ဘဲနဲ့ အင်္ဂလိပ်လိုတွေ လုပ်ချလိုက်ပြန်ပြီဟ”

စာပေနှင့်နီးစပ်သော ရန်ကုန် တက္ကသိုလ်ဝင်းထဲရှိ သစ်ပုပ်ပင် ရုက္ခစိုးကြီးက မဲ့ကာရွဲ့ကာဖြင့် ဝေဖန်သည်။ ထိုဝေဖန်သံကို ရန်ကုန် သင်းကွဲကြားသိသောအခါ သစ်ပုပ် ပင်ရုက္ခစိုးကို ရန်တွေ့ရန် အမြန် ရောက်လာသည်။ “ရုက္ခစိုးကြီးတို့ကတော့ သူများတကာကို အပုပ်ချရမယ်ဆိုရင် မြိန် ရည်ယှက်ရည်ပဲ။ ကျုပ်ကဘာပြုလို့ အင်္ဂလိပ်စာ ကောင်းကောင်းမတတ် ရမှာလဲ။ မြန်မာပြည်မှာ ကျောင်းနေ ဖူးတဲ့သူတိုင်း အင်္ဂလိပ်စာတတ်တယ်။ ငါးနှစ်သားကလေးတစ်ယောက် တောင် ကျောင်းနေပြီဆိုတာနဲ့ အင်္ဂလိပ်စာတတ်ပြီ။ နားလည်လား’

” မောင်ရင် အင်္ဂလိပ်စာ တတ် ခြင်း၊ မတတ်ခြင်းကို ငါဂရုမစိုက်ဘူး။ လိုင်းပေါ်ကို မင်းတင်လိုက်တဲ့ အင်္ဂလိပ်စာ အဆိုအမိန့်က မူရင်းရေး သူနာမည်မပါဘဲ မင်းကိုယ်တိုင်ပဲ တီထွင်ရေးသားသလို ဘာလိုလိုနဲ့ ခပ်တည်တည်ကြီး ငြိမ်နေတာ ငါ မကြိုက်ဘူး။ မူရင်းကမ္ဘာကျော် စာ ရေးဆရာ၊ ပြဇာတ်ဆရာကြီး နော် ဝေလူမျိုး စာပေနိုဗယ်ဆုရှင် အိဗဆင် ရဲ့ လက်ရာဆိုတာ ဖော်ပြပေးသင့် တယ်ငါ့လူ”ဟု သစ်ပုပ်ပင် ရုက္ခစိုး ကြီးက ပညာရေးနယ်ပယ်မှာ နေထိုင် သူပီပီ ပညာမာနဖြင့် ပြန်ဟောက် ထည့်လိုက်သည်။ ရန်ကုန်သင်း ကွဲကား သင်းကွဲပီပီ နှုတ်သီးကောင်း လျှာပါးထဲက ဖြစ်သည်။

” ရုက္ခစိုးကြီးတို့များ တက္ကသိုလ် ထဲနေပြီး အင်္ဂလိပ်စာတော့ အလွန် ချာတူးလန်သကိုး။ အိဗဆင်လို့ အသံမထွက်ရဘူးခင်ဗျ။ ဗျန်ဆင့်လို့ အသံထွက်ရတယ်ဆိုတာ မှတ်ထား ပါ။ အဲသည်စာသားရဲ့ အဓိပ္ပာယ် က မိမိကိုယ်မိမိအားကိုးတဲ့လူဟာ ကမ္ဘာ ပေါ်မှာ စွမ်းအားအရှိဆုံးပဲတဲ့။ မှတ်ထားဗျ”” သြော် မင်းကရန်ကုန်သင်းကွဲဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ် အားကိုးသပေါ့။ စွမ်းအားဗလ လည်း အကောင်းဆုံးပေါ့ဟုတ်လား”နာကျည်းစရာ အတိတ်သမိုင်း ကြောင်းတွေကြောင့် စိတ်တိုနေတတ်သည့် သစ်ပုပ်ပင်ရုက္ခစိုးသည် ရန်ကုန်သင်းကွဲအနီးသို့ ကပ်လာ၏။

” ဟုတ်ပ ..ဟုတ်ပ။ တစ်ကောင်တည်းပဲဟေ့။ ဒါပေမဲ့ ခြင်္သေ့ ဆိုကာ ကျုပ်လိုပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းတာ ဟဲဟဲ”
” ဟေ့ ဒီမယ် လြေ<ွကားတွေ ခေတ်ကုန်သွားပြီကွ။ ငါ့ဧရိယာထဲက ကျောင်းသားကျောင်းသူတွေ အတု ယူမှားကုန်မယ်။ မင်းလစ်တော့။ နောက်နောင်ငါ့ဧရိယာထဲကို ခြေဦး တောင်မလှည့်နဲ့။ ကိုင်းကွာ …” သစ်ပုပ်ပင်ရုက္ခစိုးကြီး၏ လက်ဝါးရိုက်ချက်ဒဏ်ကို ခံစားရ ပြီးနောက် ရန်ကုန်သင်းကွဲသည် ကြောက်အားလန့်အားဖြင့် ရန်ကုန် မြို့လယ်ကောင်သို့ ပြေးလေသည်။ သူ၏ဦးတည်ရာမှာ ဆူးလေ ဘိုးဘိုး ကြီးထံသို့ ဖြစ်သည်။

” ဟယ် ငါ့တပည့် မျက်နှာတစ်ခြမ်း အညိုအမည်းစွဲလို့ပါလား။ မူးမူးနဲ့ ချော်လဲပြီတူတယ်” ဟု ဆူးလေဘိုးဘိုးကြီးက ရန်ကုန်သင်း ကွဲကို တွေ့တွေ့ချင်း စုတ်တသပ် သပ်နှင့် ထင်မြင်ချက်ပေးသည်။ သည်တော့မှ ရန်ကုန်သင်းကွဲမှာ ငိုချင်လျက်လက်တို့ဖြစ်ကာ ကြူကြူ ပါအောင် ငိြုေ<ွကးရင်း ဆူးလေဘိုး ဘိုးကြီးထံ ရင်ဖွင့်တိုင်ကြားလေသည်။

” ကျွန်တော့်ကိုသင်းကွဲဆိုပြီး အနိုင်ကျင့်စော်ကားလိုက်တာပါ ဘိုးဘိုးကြီး။ ပညာရေးရပ်ဝန်းမှာနေပြီး ပညာတတ်မဆန်ဘူး။ ဟီး ဟီး”
” တက္ကသိုလ်ဝင်းထဲမှာနေတိုင်း ပညာတတ်မဟုတ်ဘူးလေ။ တက္ကသိုလ်ဝင်းထဲက သန့်ရှင်းရေး အလုပ်သမားတွေဟာ ပညာတတ်မှ မဟုတ်ဘဲ”
“သစ်ပုပ်ပင်ရုက္ခစိုးက လူပါးကို ဝလွန်းပါတယ် ဘိုးဘိုးကြီးရာ။ သူ့ကိုယ်သူ သမိုင်းဝင် ပုဂ္ဂိုလ် ဆိုပြီး အခြောက်တိုက် ဘဝင်မြင့် နေတာ။ အခုခေတ် သစ်မှောင်ခို သမားတွေက သူ့ကိုလုံးဝ အထင်မကြီးကြဘူး။ အလကား ပေးတောင် သူ့ကို ယူကြမှာ မဟုတ်ဘူး” အရိုက်ခံလိုက်ရသဖြင့် ရန်ကုန် သင်းကွဲသည် နာလည်းနာ၊ ရှက် လည်းရှက်ပြီး သစ်ပုပ်ပင် ရုက္ခစိုးကို မှိုချိုးမျှစ်ချိုး ပြောနေသည်။ ဆူးလေ ဘိုးဘိုးကြီးက ရန်ကုန်သင်းကွဲကို နှစ်သိမ့်အားပေး၏။

” င့ါရဲ့ ဘန္တောဝါသိက ကန့်ကူ လက်လှည့် လက်ရင်းတပည့်ကျော် ကြီး ရန်ကုန်သင်းကွဲ၊ ခေတ်ကြီးက ပြောင်းလဲသွားပြီကွ။ ပွင့်လင်းလွတ် လပ်သွားပြီ။ အဖွဲ့အစည်း၊ အသင်း အပင်းတွေဟာ မိုးဦးကျပေါက်တဲ့ မှိုတွေထက်တောင် အပြိုင်းအရိုင်း ဖြစ်နေချေသေးရဲ့။ နိုင်ငံရေးလောက မှာလည်း ပါတီစုံစနစ်ဆိုတော့ ပါတီ တွေ တစ်မိုးလုံးဖျောက်ဆိပ်လို ဖြစ်နေပါရောလား။ ကဗျာဆရာတွေ ကလည်း ကဗျာဆရာသမဂ္ဂတဲ့။ အလုပ်သမားတွေကလည်း အလုပ် သမားသမဂ္ဂတဲ့။ ဃငလငှူသခငနအပ လို့ ခေါ်တဲ့ အရပ်ဘက်က အဖွဲ့အစည်း ကလေးတွေကလည်း လက်ညှိုးထိုး မလွဲဘဲ။ သည်တော့ သည်ခေတ် ကြီးမှာ ငါ့တပည့် တစ်ကိုယ်ရေ အထီးကျန်သင်းကွဲအဖြစ်နဲ့ မနေသင့် တော့ဘူး။ သင်းကွဲဆိုတာ မျောက် သင်းကွဲတို့၊ ဝံပုလွေသင်းကွဲတို့ စတဲ့ တိရစ္ဆာန်တွေပဲ ရှိတော့တာ”

” သည်တော့ ..ကျွန်တော် ဘာလုပ်ရမှာလဲ ဘိုးဘိုးကြီး”

“အဖွဲ့အစည်း အသင်းအပင်း နဲ့ နေပေါ့လကွယ်။ နိုင်ငံရေးပါတီ တစ်ခုခုထဲ ခြေစုံပစ်ဝင်လိုက်ပေါ့။ တစ်ခုတော့ရှိရဲ့။ တောထဲက ဃြဗ လက်မှတ်မထိုးတဲ့ အဖွဲ့တွေထဲတော့ သွားမဝင်နဲ့ပေါ့ကွယ်”

ရန်ကုန်သင်းကွဲသည် ကျေးဇူးရှင်ဆူးလေဘိုးဘိုးကြီး၏ ဆုံးမသြဝါဒ စကားများကို လေးလေးနက်နက် နှလုံးသွင်း ဆင်ခြင်လျက်ရှိ၏။ ထို့ နောက် ဘိုးဘိုးကြီးအား အရိုအသေပေးကာ ” ကျွန်တော် ပြောင်းလဲ ချိန် တန်ပါပြီ ဘိုးဘိုးကြီး၊ ပြောင်းလဲပါ တော့မယ်” ဟု ဝန်ခံကတိပြုကာ ထွက်ခွာသွားလေသည်။

လအနည်းငယ်ကြာသောအခါ ရန်ကုန်တစ်နေရာရှိ ရန်ကုန်သင်း ကွဲ၏ နေအိမ်ရှေ့တွင် ဆိုင်းဘုတ် တစ်ခုထောင်ထားသည်ကို တွေ့ကြ ရသည်။ (သင်းကွဲပါတီ ဗမာပြည်) ဟူ၏။ အိမ်ထဲရှိ ဧည့်ခန်းအလယ်မှ စားပွဲတစ်လုံးနောက်တွင် ရန်ကုန်သင်းကွဲသည် တစ်ကိုယ်တည်း မြိန့် မြိန့်ကြီးထိုင်နေသည်။ နောက်တစ်လအကြာတွင် လည်း ထိုစားပွဲတွင်သူသည် တစ် ယောက်တည်း ရင်ကော့၍ ထိုင်နေသည်။ နောက်တစ်နှစ်ကြာသော အခါမှာလည်း ရန်ကုန်သင်းကွဲကို ထိုစားပွဲနောက်မှာ ရှုတင်းတင်း မျက်နှာထားဖြင့် တစ်ယောက်တည်း ထိုင်နေကြောင်း တွေ့ကြရမည်ဖြစ် သည်။ နောက်နှစ်မှာလည်း ထိုစား ပွဲ၌ ရန်ကုန်သင်းကွဲ တစ်ဦးတည်း ထိုင်နေတုန်းဖြစ်သည်။ နောက်၁ဝနှစ်အကြာတွင်ကား ထိုနေရာတွင် ဖွေးဖွေးဖြူသော အရိုးစုကြီးတစ်ခု ထိုင်နေကြောင်း တွေ့ကြရလေသတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*