ရန်ကုန်မှာ ဇာတ်သဘင်ရဲ့ အနှစ်သာရစစ်စစ်တွေကို ကပြချင်တယ်ဆိုတဲ့ မန္တလေးက လှိုင်ဘွားအောင်

ရန်ကုန်မှာ ဇာတ်သဘင်ရဲ့ အနှစ်သာရစစ်စစ်တွေကို ကပြချင်တယ်ဆိုတဲ့ မန္တလေးက လှိုင်ဘွားအောင်
April 7, 2017 Asian Fame
ရန်ကုန်မှာ ဇာတ်သဘင်ရဲ့ အနှစ်သာရစစ်စစ်တွေကို ကပြချင်တယ်ဆိုတဲ့ မန္တလေးက လှိုင်ဘွားအောင်

Hlain

မြန်မာနိုင်ငံမှာတော့ ရိုးရာအကကို ကပြတင်ဆက်နေကြတဲ့ ဇာတ်အဖွဲ့တွေ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ အများအပြားရှိပါတယ်။ အဲဒီလိုအများအပြားရှိတဲ့ အထဲကမှာ မြန်မာပြည်အထက်ပိုင်းမှာ ၁၈နှစ်ကျော်ကြားကပြလာခဲ့ပြီးဖြစ်ကာ ဗလာဇာတ်ကရင်းမြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်းတင်ဆက်ကပြနေတဲ့ ဇာတ် အဖွဲ့ တစ်ဖွဲ့အကြောင်း တင်ပြချင်ပါတယ်။ အဲဒီ့ဇာတ်အဖွဲ့ကတော့ ပန်တျာ မြန်မာဇာတ်အဖွဲ့ ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင်မင်းသားကတော့ လှိုင်ဘွားအောင်ပဲဖြစ်ပါတယ်။ သူကတော့ ယခင်သဘင်အစည်းအရုံး (ဗဟို)ရဲ့ ဥက္ကဋ္ဌပန်ထျာဦးမြကြည်ရဲ့သားလည်းဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဇာတ် သဘင်အမွေကိုဆက်ခံရင်း ကြိုးစားလာခဲ့တာအခုဆိုရင် သဘင်သက် ၁၈နှစ်ထဲကို ဝင်ရောက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

လှိုင်ဘွားအောင်အနေနဲ့ကတော့ မန္တလေးမှာ ဗလာဇာတ်ကို အဓိက ထားကပြပါတယ်။ ရုံဇာတ်ကတော့ ကန်ထရိုက်တွေစီစဉ် တဲ့ပွဲမျိုးတွေမှာ တော့ ကပြဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင် ငံတစ် နိုင်ငံလုံးအနေ အထားဆိုရင်ဇာတ်အဖွဲ့အတွေအများ ကြီးရှိသလို အောင်မြင်ကျော် ကြားတဲ့ ဇာတ်မင်းသားတွေလည်း အများကြီးရှိပါတယ်။ သို့ပေမယ့် ရန်ကုန်ပရိသတ်တွေအနေနဲ့ တခြားပြည်နယ်နဲ့တိုင်းများမှာ အောင် မြင်ကျော်ကြားနေကြတဲ့ သဘင်မင်းသားများကိုတော့ အသိနည်းကြ ပါတယ်။ ဒီအပေါ်မှာ လှိုင်ဘွားအောင်က သူ့ရဲ့အမြင်ကိုအခုလို ပြောပြလာတာက..

” ရန်ကုန်ကျတော့ ဇာတ်ပွဲလည်းရှားတယ်လေ။ ရှားတော့မီဒီယာမှာ ပါရှိတဲ့မင်းသားလောက်ကိုပဲသိတော့တာ။ ကျွန်တော့်ကိုလူကြီး တစ်ယောက်က မေးပါတယ်။ မင်းသားတွေ ရှိသေးလားပေါ့။ မျက် နှာသစ်လေးတွေ တင်ချင်တယ်ပေါ့။ အဲဒီ့မှာ တချို့က မင်းသားတွေ မရှိတော့ဘူးလို့ပြောတယ်။ အရည်အသွေးရှိတဲ့မင်းသားတွေ အများကြီးရှိပါတယ်။ အနုပညာလောကမှာ ဇာတ်မင်းသားတွေ အများကြီးရှိတယ်ဆိုတာ ရန်ကုန်က ပရိသတ်တွေကို သိစေချင် ပါတယ်။ သိအောင်လည်း ကျွန်တော်တို့က ချပြနိုင်ရမယ်လေ။ ချပြတဲ့အခါမှာလည်း ရုံပွဲကြီးတွေ သွင်းပြီး ချပြတာထက်စာရင် င်္မနန့ျသတ(ဗလာဇာတ်)လို ပွဲမျိုးတွေများများဖြစ်လာရင် အားလုံးကသိလာကြမှာပါ။ ကျွန်တော်တို့လည်း အ ကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပေါ့ လေ။ ကျွန်တော်လည်း မင်းသားပါလို့ ပါးစပ်ကြေ<ွကးကြော်နေလို့ မရဘူးလေ။ ကိုယ့်ရဲ့အနု ပညာနဲ့ ကိုယ့်ရဲ့ပုံစံလေး တစ်ခုတော့ရှိအောင် ကြိုးစားရ မှာပေါ့လေ” လို့ ပြောပါတယ်။ လှိုင်ဘွားအောင်တို့ဇာတ် အဖွဲ့က မန္တလေးဇာတ်ဖြစ်ပေ မယ့်လည်း နောက်ပိုင်းမှာ တော့ ရန်ကုန်ပရိသတ်တွေနဲ့ ထိတွေ့ဖို့အတွက် ကြိုးစား သွားမယ်လို့ပြောပါတယ်။ လတ်တလောမှာလည်း ရန်ကုန်၊ ဒဂုံမြို့ သစ်အရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အလှူပွဲတစ်ပွဲမှာ လာရောက် ကပြဖြစ်ခဲ့ပါတယ်။ ဒါဟာ သူတို့ဇာတ်အဖွဲ့အနေနဲ့ ရန် ကုန်ပရိသတ်တွေနဲ့ စတင်ထိတွေ့ ခြင်းလည်း ဖြစ်ပါတယ်။

” ရန်ကုန်မှာတစ်နှစ်ကို (၂)ပွဲ လောက်အနည်းဆုံး ကပြနိုင်အောင် ကြိုးစားမယ်။ ကျွန်တော်ကတော့ Free Show (ဗလာဇာတ်)မျိုးကိုစီစဉ်ချင်တယ်။ပြီး တော့ ကျွန်တော့်အနေနဲ့ပဏာ မအော်ပရာ၊ နောက်ပိုင်း ဇာတ်တော်တွေ၊ ပြဇာတ်တွေကို အဓိကထားကပြမယ်။ ဇာတ်သဘင်ရဲ့အနှစ်သာရကို အဓိကထားပြီး တင်ဆက်မယ်” လို့ ရန်ကုန် ပရိသတ်တွေကို တင်ဆက်ချင်တဲ့ ပုံစံကို လှိုင်ဘွားအောင်က ပြောပြပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*