သင်္ကြန်ရောက်ခါနီးရင် အလိုလိုပျော်တယ် ရတနာမိုင်

သင်္ကြန်ရောက်ခါနီးရင် အလိုလိုပျော်တယ် ရတနာမိုင်
April 4, 2017 Asian Fame
သင်္ကြန်ရောက်ခါနီးရင် အလိုလိုပျော်တယ် ရတနာမိုင်

yadanam

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ရိုးရာမှာ ပျော်ရွှင်မှုအထွတ်အထိပ်နဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ သင်္ကြန်ရောက်ပြီဆိုရင် ကြီးငယ်လတ်မရွေး အရွယ် စုံလူတန်းစား အစုံပျော်ရွှင် ရင်ခုန်ကြပါတယ်။ ဒီလိုပျော်ရွှင်ကြသူတွေထဲကမှ တစ်ဦးဖြစ်တဲ့ အဆို တော်မလေး ရတနာမိုင်ကလည်း သင်္ကြန်ရောက်ပြီဆိုတာနဲ့ သီချင်းဆို ရင်း ဖျော်ဖြေရေးနဲ့ပဲ ဖြတ်သန်းရသည်ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ အတူ မဏ္ဍပ်ထိုင်ရင်း ဖြတ်သန်းရသည်ဖြစ်စေသင်္ကြန်ဆိုတာနဲ့ အလိုလို ပျော်လာမိတယ်လို့ ဆိုပါတယ်။

” ဒီနှစ်သင်္ကြန်ကိုတော့ ဘားအံမှာ သီချင်းဆိုရင်းရှိပါမယ်။ ဒီနှစ်မှာတော့ ရန်ကုန်မှာမဏ္ဍပ်တွေ နည်းတယ်လို့လည်း ကြားတယ်။ ညီမအနေနဲ့တော့ အရင်လို စည်စည်ကားကားပဲ ပြန်ဖြစ်စေချင်ပါတယ်။ အခုတော့ EDM Festival တွေများလာတာလည်းကောင်းပါတယ်။ အရင်ကတော့ မဏ္ဍပ်တွေမှာ DJ တွေနဲ့ ဖွင့်တာရှိတယ်။ အခုတော့ EDM Festival အနေနဲ့ကွင်းတွေမှာ လုပ်ကြတာပေါ့။ အရင်ကလည်း ဖျော်ဖြေရေးမဏ္ဍပ်မှာ သီချင်းဆိုဖျော်ဖြေရေးအစီအစဉ်တွေပြီးရင် DJ နဲ့ဖွင့်ကြတာလည်း ရှိတာပေါ့။ အားလုံးမျှမျှတတလုပ်ရင်တော့ ပိုကောင်းတာပေါ့။ ကွင်းထဲမှာဖျော်ဖြေရေးသွားကြည့်မယ့်သူလည်းသွားပေါ့။ မဏ္ဍပ်မှာရေပက်မယ့်သူတွေ လည်းပက်တာပေါ့။ မဏ္ဍပ်တွေလည်းအရင်လိုပဲရှာပြီး ဖျော်ဖြေပွဲတွေလည်း ရှိနေရင်တော့ ပိုကောင်းတာပေါ့” လို့ ရတနာမိုင်ကပြောပါတယ်။

ရတနာမိုင်က သူ့အနေနဲ့ သင်္ကြန်ကို သီချင်းဆိုရင်း ဖြတ်သန်းတဲ့နှစ်တွေရှိသလို ကိုယ်တိုင်လည်းသူငယ်ချင်းတွေနဲ့အတူ မဏ္ဍပ်ဆောက်ရင်းနဲ့ ဖြတ်သန်းတဲ့ နှစ်တွေလည်း ရှိတယ်လို့ဆိုပါတယ်။ ” သင်္ကြန်နှစ်သစ်ရောက်ပြီဆိုတိုင်းနောက်နှစ်မှာ အလုပ်တွေ ပိုလုပ်ဖို့ အတွက်အားပေးတယ်။ ပျော်တယ်။ သင်္ကြန်ကာလရောက်ပြီဆို အလို လိုနေရင်းကို စိတ်ထဲမှာ ကြည်နူးမိတယ်။ ၂ဝ၁၃ ခုနှစ်တုန်းကတော့ ညီမတို့မဏ္ဍပ် လုပ်သေးတယ်။ အဲဒါလည်း တော်တော် ပျော်ဖို့ ကောင်းပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် သင်္ကြန်ဆိုတာ နဲ့ညီမက ပျော်တယ်” လို့ ရတနာမိုင် ကပြောပြပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*