ဘာသာရေးကို မိရိုး ဖလာ ဗုဒ္ဓဘာသာထက် ကိုယ်ယုံကြည် သက်ဝင်တဲ့ ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစားပါ ဖြိုးသီရိခေတ်

ဘာသာရေးကို မိရိုး ဖလာ ဗုဒ္ဓဘာသာထက် ကိုယ်ယုံကြည် သက်ဝင်တဲ့ ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစားပါ ဖြိုးသီရိခေတ်
April 4, 2017 Asian Fame
ဘာသာရေးကို မိရိုး ဖလာ ဗုဒ္ဓဘာသာထက် ကိုယ်ယုံကြည် သက်ဝင်တဲ့ ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစားပါ ဖြိုးသီရိခေတ်

Phyoသရုပ်ဆောင် ဖြိုးသီရိခေတ်က နေ့စဉ်ပုံမှန် ဘာသာရေး လုပ်လေ့ရှိပြီး အဓိဋ္ဌာန် တွေကိုလည်း ဝင်လေ့ရှိ တယ်လို့ သိရပါတယ်။ အဓိဋ္ဌာန် မဝင် ဖြစ်တဲ့နေ့တွေမှာ ပုံမှန်စိပ်နေကြ ပုတီး တွေ စိပ်ဖြစ်ပြီး ဝါတွင်း၃လမှာ လည်း ပဋ္ဌာန်းရွတ်တယ် လို့ ဘာသာ ရေးနဲ့ ပတ်သက် လို့ သူလုပ်ဆောင် လေ့ရှိမှု တွေကို ပြောပြပါတယ်။ ဒါကြောင့် လည်း သူ့ရဲ့ ဘာသာရေး လုပ်ဆောင်မှု တွေကို ပရိသတ်များ ထပ်ဆင့် ဓမ္မ အသိ ပွားများစေဖို့ မေးမြန်းဖော်ပြ ပေးလိုက် ရပါ တယ်။

ကံကံ၏အကျိုးကို ယုံကြည်လို့ ဘာသာတရား ပိုလုပ်ဖြစ်တယ်

ကုသိုလ်ကောင်းမှုလုပ်နေတဲ့ အခါကျတော့ ကိုယ့်အတွက် မကောင်း မှုအကုသိုလ် ဆိုတာ နည်းသွား တာပေါ့နော်။ အဲဒီဟာကိုမှ အတိတ် ကံ၊ ပစ္စုပ္ပန်ကံ အကျိုးပေးပေါ်မူတည် ပြီးကိုယ် ကံကောင်းလာတယ်၊ အလုပ် အကိုင်တွေ အဆင်ပြေလာတယ်၊ အန္တရာယ် ကင်းတယ်ဆိုပြီး ယုံကြည် ထားတဲ့အတွက် ဘာသာတရားကို ပိုလုပ်ဖြစ်တယ်။ အကျိုးကို မမျှော်ကိုး ပါဘူးဆိုရင် ဒါလိမ်တာပါ။ ကောင်း ကျိုးရအောင်တော့ လုပ်ကြတာ ပေါ့နော်။ အဓိကကတော့ ကုသိုလ် လုပ်နေတဲ့ အတွက်ကြောင့်မို့ လို့ အကုသိုလ် နည်းသွားတာပေါ့နော်။ အကုသိုလ် နည်းသွားတယ် ဆိုရင် ပစ္စုပ္ပန်ကံတွေမှာ ကောင်းတယ် ပေါ့နော်။ အဲဒီလိုမျိုး ယုံကြည်ပြီး တော့ လုပ်ဖြစ်တာပေါ့နော်။ အဓိက ကတော့ ကံကံ၏ အကျိုးကို ယုံကြည် လို့ လုပ်ဖြစ်တာပါ။ ဗုဒ္ဓ ဘာသာမှာ ကံကံ၏ အကျိုးက ကောင်းတာလုပ်ရင် ကောင်းတာဖြစ် မယ်။ မကောင်းတာ လုပ်ရင် မကောင်း တာဖြစ်မယ်။ အဲဒီ လို အခြေခံလေးကို သိလိုက်လို့ ရှိ ရင် အဲဒီအသိတရား တစ်ခုကို ကိုယ်က ရသွားလို့ရှိရင် ကိုယ် မကောင်းမှု ပြုလုပ်ရမှာကို ကြောက် သွားတာ ပေါ့နော်။ ငယ်ငယ် ကဆိုရင် ညီမက ငရဲကြီးတာတို့၊ ဝဋ်လည် တာတို့ကို ကြောက်လို့ မကောင်းတာကို ဘာမှ မလုပ်ဖူး။ သူများ မကောင်းကြံတာ။ ခိုးတာဝှက်တာ ဘာမှမလုပ်ဘူး။
ဒါ ငယ်ငယ်တုန်း ကပေါ့။ ကြီးလာတဲ့ အခါကျတော့ ကံကံ၏ အကျိုးကို ပိုသိပြီး ကောင်းတာလုပ်ရင် အတိတ်၊ ပစ္စုပ္ပန် တို့မှာ ကောင်းတယ် ဆိုတာ ဒါကလည်း ကံကြောင့်ဆိုတာ သိလာ တော့ ပို ကောင်း အောင်နေဖို့ သိလာ တယ်။

ဘုရားကပဲ ဘဝကို ထိန်းကွပ် သွားမှာဖြစ်လို့  ဘာသာတရားကို ပိုလုပ်စေချင်တယ်

ဘုရားကပဲ ဘဝကိုထိန်းကွပ် သွားမှာဖြစ်တဲ့ အတွက်ကြောင့်မို့ ဘာသာတရားလေး လုပ်ကြပါ။ ဘာသာတရား ကပဲ အရာအားလုံးကို ထိန်းချုပ် ထားတယ်။ အဲဒီတော့ အခု ခေတ် လူငယ်တွေ ဘာသာရေးကို အရင်ထက် ပိုလုပ်ကြပါ။ အရင်ထက် ပိုပြီးတော့ ဘာသာရေးတွေ လုပ်လာ ကြတယ်လို့လည်း ညီမထင်ပါတယ်။ ညီမတို့ငယ်ငယ်က ဆို မဂ္ဂဇင်းတို့၊ စာစောင်တို့ထဲမှာ ပါလာတဲ့ ဘုရားစာ တွေကို မိတ္တူ ဆွဲရတယ်။ အခုတော့ င်္facebook တို့၊ Social Network  တို့မှာ ဘုရားစာတွေတင်တယ်။ share ကြတယ်။ ဘုရားစာတွေကို ဖုန်းထဲမှာ Download ဆွဲပြီးဖတ်နေကြတာ တွေ့နေရတယ်လေ။ ပြီးတော့ အခု ခေတ် လူငယ်တွေ ပဋ္ဌာန်းရဲ့ အကျိုး ကိုသိရှိကြပြီး ပဋ္ဌာန်းတွေကို အများ အပြား ရွတ်ဖတ်လာကြတယ်။ ဒါက လည်း အင်မတန်ကို ကောင်းမွန်ပါ တယ်။ အခုလို ဘာသာတရားကို ပြုလုပ်သလို ဘာသာရေးကို မိရိုး ဖလာ ဗုဒ္ဓဘာသာထက် ကိုယ်ယုံကြည် သက်ဝင်တဲ့ ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစားပါ။ အဖေ၊ အမေ ကိုးကွယ်လို့ ကိုယ်ကပါလိုက်ကိုးကွယ်နေရတယ်။ ရှိခိုးကန်တော့ ရတယ်ဆိုတာထက်ကို ကိုယ်ကိုယ်တိုင် ဗုဒ္ဓဘာသာ ကဘာလဲ၊ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက ဘာလဲ ဆိုတာ တစ်ရာရာခိုင်နှုန်းသိတဲ့ လူမျိုး ဖြစ်အောင်ကြိုးစားပြီး ကိုးကွယ်ကြ စေချင်ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*