အမျိုးသမီး ဇာတ်ပို့ဆု မပေးခဲ့ခြင်း အပေါ် ခိုင်သင်းကြည်ရဲ့အမြင်

အမျိုးသမီး ဇာတ်ပို့ဆု မပေးခဲ့ခြင်း အပေါ် ခိုင်သင်းကြည်ရဲ့အမြင်
March 31, 2017 Asian Fame
အမျိုးသမီး ဇာတ်ပို့ဆု မပေးခဲ့ခြင်း အပေါ် ခိုင်သင်းကြည်ရဲ့အမြင်

Khing-Thein-Kyiအကယ်ဒမီ ခိုင်သင်းကြည်က ဒီနှစ်အကယ်ဒမီပွဲ တက်ရောက်ဖို့ အတွက် အားလုံး ပြင်ဆင်ပြီးခါမှ သူ့အဖေကျန်းမာရေး အတွက် ဘန်ကောက်ကို သွားခဲ့ရတာကြောင့် အခုနှစ် အကယ်ဒမီပွဲကို မတက် ရောက်နိုင်ခဲ့ပါဘူး။ အကယ်ဒမီဆု ပေးပွဲမှာ ဆု ရရှိသွားတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေ အားလုံး အတွက် ဝမ်းသာကြောင်း ခိုင်သင်း ကြည်က ပြောပါတယ်။ ဒီနှစ် အကယ်ဒမီပေးပွဲမှာ အမျိုးသမီး ဇာတ်ပို့ဆု မပေးခဲ့ခြင်း အပေါ်ကို အကယ်ဒမီ ခိုင်သင်းကြည်က

“အကယ်ဒမီ ဆိုတာကလည်း သူတို့ရဲ့ စည်းကမ်း၊ စည်းမျဉ်းနဲ့ စံနှုန်းနဲ့ ဆိုတာရှိတာကိုး။ သူတို့ ဘယ်လိုဖြစ်လို့ မပေးသလဲ ဆိုတာ တော့ မသိဘူးပေါ့နော်။ စစ်အစိုးရ လက်ထက်တုန်း ကဆိုရင် ပူးတွဲ တွေတောင် ပေးလိုက်တာ။ ပူးတွဲကိုမှ ၂ယောက် စလုံးကို ဆုံးဖြတ်ရခက်လို့ ၂ယောက်စလုံး ကို ပေးတာမဟုတ် ဘူး။ ၂ယောက်စလုံးကောင်း လို့ကို ၂ယောက်စလုံးကို ပေးလိုက်တာ။ အဲဒီလိုမျိုးတွေ ပေးလိုက်တော့လည်း ရသွားတာပေါ့နော်။ ဒါပေမဲ့လည်း သူများတွေ ပြောတာက အကောင်း ဆုံးဆိုတာ တစ်ခုတည်း ရှိတယ်။ ပူးတွဲဆိုတာ အရင်နှစ်တွေ ကလည်း မရှိဘူး။ ဒါတွေကို ကိုယ်တွေနား မလည်ပါဘူး။ ပေးရင် အကောင်း ဆုံးလို့ပဲ ကိုယ်တွေထင်တာလေ။ ကိုယ်တွေ ကတော့ ကိုယ်တွေရဲ့ အနုပညာရှင် တွေကို ရစေ ချင်တာပါ။ အစ်မ ဆိုလည်း အေးမြတ် သူတို့အတွက် ဆုတောင်းပေးခဲ့ တာ ပါပဲ။ အစ်မဆိုလည်း နှစ်၂ဝ ကျော် မှရခဲ့တာပါ။ အကြိမ်ကြိမ် လွဲပြီးမှ ရခဲ့တာ။ အစ်မ တို့နှစ်ကဆို အမျိုး သမီးက ဇာတ်ပို့ရော၊ ဇာတ်ဆောင် ရော မပေးဘူးဆို ပြီး ဖြုတ်လိုက် တာလည်းရှိတာပဲ။ နှစ်ပေါင်းလည်း များစွာ ကြိုးစားခဲ့ ရတယ်။ အခု ကလေးတွေလည်း တကယ်တော်တဲ့ သူတွေပါ။ ဆုလည်း ရကြမှာပါ။ အဲဒီအတွက် အားမငယ် ပါနဲ့။ ရလည်းရစေချင်တယ်။ ရလည်း ရဦးမှာပါ” လို့ အားပေးစကား ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*