အကယ်ဒမီ နဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတဲ့ ထွန်းထွန်း

အကယ်ဒမီ နဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတဲ့ ထွန်းထွန်း
March 31, 2017 Asian Fame
အကယ်ဒမီ နဲ့ ပတ်သက်ပြီး စိတ်ကြီးဝင်နေတဲ့ ထွန်းထွန်း

ZAW_4711၂ဝ၁၆ခုနှစ်၊ အကယ်ဒမီ ထူးချွန် ဆုပေးပွဲကြီးမှာ “အုတ်ကြားမြက် ပေါက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ် ဆောင်ဆု ရရှိခဲ့တဲ့ အကယ်ဒမီ ထွန်း ထွန်းက ဒီဇာတ်ကားကြီးကသူ့ အနု ပညာလှုပ်ရှားမှုတွေနဲ့ အဆက်ပြတ် နေတဲ့ အချိန်မှာ ပထမဦးဆုံးပြန်ရိုက် ကူးခဲ့တဲ့ ဇာတ်ကား ဖြစ်ကြောင်းခုလို ပြောပါတယ်။

“၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၂ခု နှစ်ထိ ကျွန်တော် အလုပ်မလုပ်တဲ့ အချိန်မှာ ပထမဦးဆုံး ကျွန်တော့် ကို ဇာတ်ကားပြန်ရိုက်ကူးဖို့ ညီလေး နေမင်းကခေါ်တယ်။ ကိုကျော်လင်း ထွန်းကလည်းခေါ်တယ်။ အဲဒါနဲ့ ကျွန်တော် ပြန်ရိုက်ကူးတဲ့ ဇာတ်ကား လေးပါ။ အကုန်လုံးကြောင့် ကျွန် တော်ဒီဆုကို ရရှိခဲ့တာပါ” လို့ ပြော ပါတယ်။ ဒီဆုကို ရရှိခဲ့တဲ့အတွက် လည်း ပရိသတ်တွေကို ကျေးဇူးတင် စကားဆိုတဲ့ ထွန်းထွန်းက ပရိသတ် တွေ အတွက် ထပ်မံကြိုးစား သွားမယ် လို့လည်း ဆိုပါတယ်။

“ကျွန်တော် စိတ်ကြီးဝင်မိတာ တစ်ခုရှိပါတယ်။ Rap ဆိုတဲ့ လူတစ် ယောက်အနေနဲ့ ပထမဦးဆုံး ဒီဆု ကို ကိုင်ခွင့်ရခဲ့လို့ပါ။ အဲဒါလည်း ပရိသတ်တွေ ပေးတဲ့ ခွန်အားတွေပါ။ နောက်နောင် မှာလည်း အများကြီး ကြိုးစား သွားမှာပါ။ ဒီဆုကို ပိုင်ဆိုင်ခွင့်ရတဲ့ အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အရမ်းလည်း ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်တော့် အတွက် ဒီအကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆုကြီးက အရမ်း တန်ဖိုးကြီးပါတယ်။ ကျွန်တော် အနုပညာသက်တမ်း ၁၆နှစ်မှာ ဘယ်လိုအနေအထား ပဲရောက် ရောက် အားပေးခဲ့ကြတဲ့၊ အားပေး နေကြတဲ့ ကျွန်တော့်ရဲ့ အမာခံ ပရိသတ်များလည်း ဝမ်းသာနေ ကြမှာပဲ” လို့ ပြောပါတယ်။ လတ်တလော မှာတော့ ထွန်း ထွန်းက ဒါရိုက် တာစတီးလ် (ဒွေးမေတ္တာ) ပုံဖော်ရိုက် ကူးတဲ့ “ချိန်ခွင်” ရုပ်ရှင်ဇာတ်ကားကြီး ကို စည်ဖြိုး၊ထွန်းကိုကို၊ ဇင်ဝိုင်း၊ နေဆန်း၊ မင်းသူ၊ အေးမြတ်သူ၊ အိချောပို တို့နဲ့အတူ ရိုက်ကူးနေ ကြောင်း သိရပါတယ်။

တွယ်တာ
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*