ကျော်ကျော်ဗိုရဲ့သမီး ပြိုင်သူခ @IKE ရဲ့ ၇ နှစ်ပြည့် မွေးနေ့ပွဲ

ကျော်ကျော်ဗိုရဲ့သမီး ပြိုင်သူခ @IKE ရဲ့ ၇ နှစ်ပြည့် မွေးနေ့ပွဲ
March 30, 2017 Asian Fame
ကျော်ကျော်ဗိုရဲ့သမီး ပြိုင်သူခ @IKE ရဲ့ ၇ နှစ်ပြည့် မွေးနေ့ပွဲ

kk

သရုပ်ဆောင်ကျော်ကျော်ဗိုနဲ့ မယဉ်ယဉ်မင်းတို့ရဲ့သမီး ပြိုင်သူခ @IKE ရဲ့ ၇နှစ်ပြည့် မွေးနေ့ပွဲကို မတ်လ၂၁ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ခင်မင် ရင်းနှီးတဲ့ အနုပညာညီအစ်ကို မောင်နှမများနဲ့အတူ မွေးနေ့ညစာစားပွဲကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ ကြပါတယ်။ သမီးလေးအတွက် မွေးနေ့ပွဲပြုလုပ်ပေးခြင်းနဲ့ ပတ်သက် ပြီး ဖခင်ဖြစ်သူကျော်ကျော်ဗိုက..

” ကိုကြံ့အတွက်တော့ သမီးလေးက ၁ဝဝ% ပါပဲ။ ကိုကြံ့ရဲ့ဘဝပါ။ သမီးအတွက်လည်း နှစ်တိုင်းဒီလိုလေး လုပ်သွားမှာပါ။ သမီးကြီးလာရင်လည်း သူဖြစ်ချင်တဲ့လမ်း ကြောင်းပေါ်မှာ ပံ့ပိုးနိုင်တဲ့ ဖခင်ဖြစ်အောင် ကိုကြံ့လည်း ကြိုး စားနေပါတယ်” လို့ ကျော်ကျော်ဗို က ပြောပါတယ်။ MNTV မှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ကျော်ကျော်ဗိုရဲ့ ခရီးသွားအစီအစဉ်ကလည်း Special Edition အဖြစ်နဲ့ အခွေထွက်ရှိသွားမယ်လို့ သိရပြီး ဆက်လက်ရိုက်ကူးသွားမယ့် ခရီးစဉ်တွေ အကြောင်းကိုလည်း ” တီဗီမှာ လွှင့်တဲ့ပုံစံမျိုးမဟုတ်ဘဲ ဝယ်သိမ်းလို့ရအောင်၊ ပြန် ကြည့်လို့ရအောင် စီစဉ်ထားတယ်။ ခရီးစဉ်အနေနဲ့ ကတော့ မြန်မာနိုင် ငံအောက်ပိုင်းတွေကို တော်တော် ရောက်ပြီးပြီ။ အထက်ပိုင်း ဆိုရင် ရှမ်း ပြည်မနှံ့သေး ဘူး။ ကချင်တို့၊ ချင်းတို့ဘက်တွေ ကျန်နေပါသေးတယ်။ အခုက ဇာတ်ကား ရိုက်ကူးရေးတွေနဲ့နည်းနည်းအလုပ်ရှုပ်နေလို့ပါ။ ကိုကြံ့က ဇာတ်ကား ၃ကားလောက် ရိုက်ကူးပြီးသွားရင် တစ်ကားစာလောက်ဟထားပြီး အဲဒီအချိန်မှာ ခရီးသွားအစီအစဉ်အတွက် လုပ်ပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*