ဘုဏ်းသိုက် ရေးမယ့် လောကဓံရှစ်ပါး ထွေရာလေးပါး အက္ခရာများ

ဘုဏ်းသိုက် ရေးမယ့် လောကဓံရှစ်ပါး ထွေရာလေးပါး အက္ခရာများ
March 30, 2017 Asian Fame
ဘုဏ်းသိုက် ရေးမယ့် လောကဓံရှစ်ပါး ထွေရာလေးပါး အက္ခရာများ

23-Mayသရုပ်ဆောင်ဘုဏ်းသိုက် က MWD Documentary မှ ထုတ်လွှင့် ပြသ မယ့် “ဝိညာဉ်စေစားရာ” ဇာတ်လမ်း တွဲမှာ ပါဝင် သရုပ်ဆောင် ထားပါ တယ်။ ဘုဏ်းသိုက်က ဝိညာဉ် သရဲကားတွေ ရိုက်ကူးတာ ဒါပထမ ဆုံးဖြစ်တဲ့အတွက်သရဲကြောက်တဲ့ ကာရိုက်တာ လုပ်ဖို့ ခက်ခဲကြောင်းကို”ဒီ “ဝိညာဉ်စေစားရာ” ဇာတ် လမ်းတွဲက ကျွန်တော်ရိုက်ကူးနေကျ ကာရိုက်တာနဲ့ ကွဲပြားမှုရှိတယ်။ သရဲ ဇာတ်ကားမျိုး ကျွန်တော် တစ် ခါမှ မရိုက်ကူးဖူးဘူး။ သရဲ ဝိညာဉ် ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်း လာတော့ သရဲကြောက်တဲ့ ကာရိုက် တာ ဘယ်လိုလုပ် ရမှန်းမသိဘူး။ လူချင်းချင်းကြောက် တဲ့ပုံစံကို ကျွန်တော် လုပ်လို့ရတယ်။ သရဲ ဝိညာဉ်တွေကို ဘယ်လိုကြောက် ရမှန်းမသိပေမယ့် အနီးစပ်ဆုံး၊ အဖြစ်နိုင်ဆုံး ပုံစံကို ကျွန်တော်ကြိုး စားရိုက်ကူးထားပါတယ်”လို့ဆိုပါ တယ်။

“ဝိညာဉ်စေစားရာ” ဇာတ်လမ်း တွဲက ထိုင်းနိုင်ငံမှာ သွားရောက် ရိုက်ကူးတဲ့အခါ ထိုင်းနိုင်ငံသားတွေ အလုပ်လုပ်တာကို အားကျတယ်လို့ ဘုဏ်းသိုက်က ပြောပါတယ်။

“ထိုင်းမှာ ရိုက်ကူးရတာ ပျော်စရာကောင်းပါတယ်။ သူတို့က အလုပ်တော်တော် လုပ်ကြတယ်။ ကျွန်တော် ဒါကို အားကျတယ်။ သူတို့ က အလုပ်ကိုရှောင်နေတာမျိုး မဟုတ်ဘဲ နဲ့ အလုပ်ကို လုလုပ်ကြ တယ်။ အနုပညာ ဖန်တီးမှုပိုင်းမှာ ကျတော့ သူတို့လိုကျွန်တော်တို့ ဗမာတွေလည်း အကောင်းဆုံးဖန် တီးနိုင်တယ်”လို့ ပြောပါတယ်။

ဘုဏ်းသိုက်က ဇာတ်လမ်း ရွေး ချယ်မှုတွေ မလုပ်ပေမယ့် တချို့တော် တော်များများက ဂျီး(ကြေး)များ တယ်ဆိုပြီး သူနဲ့ပတ်သက်ပြီး နာမည်ကြီး နေတဲ့သတင်း အကြောင်း ကိုလည်း..

“ကျွန်တော် ဇာတ်လမ်းရွေးချယ် မှုတွေ သိပ်မလုပ်ဖြစ်ပါဘူး။ တော် တော်များများက ကျွန်တော့်ကို တအားဂျီး (ကြေးး)များတယ်လို့ ထင်ကြတယ်။ ဘာကြောင့် ထင်တာ လဲဆိုတော့ သူတို့ ကိုယ်တိုင် ကျွန် တော့်ကို တစ်ခါမှ မကမ်းလှမ်းဘူး။ ကြားတဲ့သတင်းနဲ့ ဒီကောင် ဂျီး (ကြေး)များ မှာပဲဆိုပြီး တချို့တော် တော်များများကြားမှာ နာမည်ကြီး နေတယ်”လို့ ပြောပါတယ်။

ဘုဏ်းသိုက်က ဒုတိယစာအုပ် ရေးသား ပြီးပြီဖြစ်ကာ ဒီစာအုပ်ကို စာအုပ်ရေးသားပြီးပြီ ဖြစ်ကာ ဒီစာ အုပ်ကို လောကဓံ ရှစ်ပါးထွေရာ လေးပါး အက္ခရာများ စာအုပ်လို့ အမည် ပေးထားပါတယ်။ ကျွန်တော် ကိုယ်တိုင်က ရုပ်ရှင်ကြည့် ပရိသတ် ဆိုတော့ ကိုယ်ကြည့်ချင်တဲ့ ဇာတ် လမ်းမျိုးကို ကိုယ်တိုင်ရေးဖြစ် တာပါ”လို့ ဆိုပါတယ်။

ဘုဏ်းသိုက်က ရုပ်ရှင်ဇာတ် ကားတွေ ရိုက်ကူးဖို့ရှိပြီး “နေရယ် လရယ် အမှန်တရားရယ် Season 2 ရိုက်ကူးဖို့ရှိကြောင်းလည်း ပြော ပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*