နှစ်စဉ် ၁၁ ဆုလုံး ပေးရမယ် ဆိုရင်တော့ အကယ်ဒမီ ဆုတွေက တန်ဖိုးမရှိ ဖြစ်ကုန်တော့မှာပေါ့ ဦးနှင်းမိုး

နှစ်စဉ် ၁၁ ဆုလုံး ပေးရမယ် ဆိုရင်တော့ အကယ်ဒမီ ဆုတွေက တန်ဖိုးမရှိ ဖြစ်ကုန်တော့မှာပေါ့ ဦးနှင်းမိုး
March 28, 2017 Asian Fame
နှစ်စဉ် ၁၁ ဆုလုံး ပေးရမယ် ဆိုရင်တော့ အကယ်ဒမီ ဆုတွေက တန်ဖိုးမရှိ ဖြစ်ကုန်တော့မှာပေါ့ ဦးနှင်းမိုး

UHninMoeအကယ်ဒမီ ဆုပေးပွဲတွေ ပြီး သွားတိုင်း ဆုမပေးဘဲ ကျန်ရစ်ခဲ့တဲ့ ဆုတွေကြောင့် နှစ်စဉ် ဂယက်တွေ ရှိနေခဲ့သလို အခုနှစ်မှာလည်း အကယ်ဒမီ အပြီး ဂယက်တွေ ရှိလာ ပါတယ်။  ဇာတ်ညွှန်း အကယ်ဒမီ ဆုနဲ့ အမျိုးသမီး ဇာတ်ပို့ဆုတို့ကို မချီးမြှင့်ခဲ့တဲ့ အပေါ် ဂယက်ထ ခဲ့ပါတယ်။ အဓိကအားဖြင့် ဇာတ် ညွှန်း အကယ်ဒမီဆု နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဂယက်ဖြစ်ပေါ်မှု တွေ ပိုမို များပြားလာခဲ့ပါတယ်။ အကယ်ဒမီ အကဲဖြတ် အဖွဲ့ဥက္ကဋ္ဌ ရုပ်ရှင် နာယကကြီး ဒါရိုက်တာ ဦးနှင်းမိုးကတော့ အဆိုပါ ဆုတွေကို မပေးအပ်ဖြစ်ခဲ့ခြင်းမှာ မဲပေးသူ အရေအတွက် ၅ဝ ရာခိုင် နှုန်း မပြည့်ခဲ့ခြင်းကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။ အဆိုပါ ၅ဝ ရာခိုင် နှုန်း သတ်မှတ်ခြင်း ကလည်း အခုနှစ် မှ စတင်ခဲ့တဲ့ စနစ်မဟုတ်ပါပဲ အရင် နှစ်တွေတုန်းက အတိုင်းသာ အကဲ ဖြတ်ခဲ့ကြခြင်း ဖြစ်တယ်လို့ ဆိုပါ တယ်။

“ပြောရရင် ဒီ ၅ဝ ရာခိုင်နှုန်း ဆိုတာနဲ့ ဆုံးဖြတ်တာ က ဦးတို့ အနေနဲ့ အကယ်ဒမီ စပေးဖြစ်ခဲ့တဲ့ နှစ်ကတည်းက ပြုလုပ်ခဲ့တဲ့မူပါပဲ။ အဲဒီတော့ ဒီနှစ်မှာလည်း ဒီလို ပြဿနာတွေ ဖြစ်လာပြန်ပြီဆိုတော့ နောက်နှစ်မှာ ဘယ်လို ပြင်မလဲ ဆိုတာကိုပဲ လုပ်လို့ ရတော့မယ်။ ဒီနှစ်မှာတော့ အရင်မူ အတိုင်းပဲ ပြုလုပ်ခဲ့တာ ဆိုတော့ ဒီမူအတိုင်း ကျင့်သုံးခဲ့ရတာ ဖြစ်တယ်။ သွားပြင် လို့မရသေး ဘူးလေ။ နောက်နှစ် မှာ ဒီ မူကို ပြင်မယ် ဆိုရင်လည်း အများ ဆုံးဖြတ်မှုပါမှရမယ်။ မူတစ်ခုကို ပြင်ပြီဆိုရင် အဖွဲ့ဝင်တွေအား လည်း စီအီးစီတွေအားလုံး ပါဝင်ပြီး ပြောင်းလဲမှသာရမယ်”လို့ ဦးနှင်းမိုး က ပြောပြပေးပါတယ်။

အခုပြောနေကြတဲ့ အကယ်ဒမီ ဆုဟာ တစ်နှစ်စာ အတွက် ပေးအပ် တာဖြစ်တာမို့ Best Of The Year ပဲဖြစ်သင့်တယ် ဆိုတဲ့ ပြော ဆိုနေမှု တွေကိုတော့ သူအပါအဝင် ရုပ်ရှင် နာယကကြီး တစ်ဦးဖြစ်သူ ဘဘ စည်သူ ဗိုလ်ကလေးတင့်အောင် ကလည်း လက်မခံခဲ့ပါဘူး လို့ ဖြည့် စွက်ဆိုပါသေးတယ်။

“Best Of The Year ဆိုရင် အရည်အသွေး အစစ်အမှန် မရ တော့ဘူးလေ။ ဘာလို့လဲ ဆိုတော့ အနူတော လူချောကို ပေးရတော့ မယ်လေ။ ဇာတ်ကားတွေ မကောင်း ဘူးဆိုရင် မကောင်းတဲ့ အထဲကပဲ အကောင်းဆုံးကို ရွေးပေးရမယ် ဆိုတဲ့ သဘောဆိုရင် မကောင်းနိုင် တော့ဘူးလေ။ ဒါကမကောင်း ဘူးပေါ့။ ကျွန်တော်တို့ သတ်မှတ် ထားတဲ့ စံချိန်စံညွှန်း မီတယ်ဆို ရင်တော့ရ မှာပေါ့။ နှစ်စဉ်မှာ ၁၁ ဆုလုံး ပေးရမယ် ဆိုရင်တော့ အ ကယ်ဒမီ ဆုတွေက တန်ဖိုးမရှိ ဖြစ်ကုန်တော့မှာပေါ့။ ဒီလို စံချိန် စံညွှန်းနဲ့မှ အကယ် ဒမီ ဆိုတာ တန်ဖိုး ရှိတော့မှာပေါ့။ စံချိန်စံညွှန်း မီရင် ရကိုရမယ်။ အထူးချွန်ဆုံး တွေကိုပဲ ပေးမှာဖြစ်တယ်။ မကောင်းတဲ့ အထဲမှာ အကောင်းဆုံးလေးကို ရွေးသာပေးနေရမယ် ဆိုရင်တော့ အကယ်ဒမီက ဘယ်တန်ဖိုး ရှိတော့ မလဲလေ” လို့ပြောပြပေး ခဲ့ပါတယ်။

အခုနှစ်မှာတော့ အထူးဆု ဆိုတဲ့ အကယ်ဒမီ ထူးချွန်ဆုကို ကလေး သရုပ်ဆောင်ဆု တွေကိုသာ ပေးအပ်နေရာမှ ထူးခြားစွာဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ “မနောမြေမှကျောက်စိမ်းကမ္ဘာ” ရုပ်ရှင်ဇာတ်ကားကို ပေးအပ်ဖြစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*