သားကို အနုပညာအမွေပေးချင်တဲ့ ဆုပန်ထွာ

သားကို အနုပညာအမွေပေးချင်တဲ့ ဆုပန်ထွာ
March 28, 2017 Asian Fame
သားကို အနုပညာအမွေပေးချင်တဲ့ ဆုပန်ထွာ

Su Pan Htwar

သရုပ်ဆောင်ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့သားလေး Roar Roar Kyaw ဟာဆိုရင် မတ်လ၁၅ရက်နေ့က အသက် ၆ လ ပြည့်ပြီ ဖြစ်ပါတယ်။ ဆုပန်ထွာအနေနဲ့လည်း ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားထားပြီး သားလေးအတွက်ပဲ အချိန်ပေးထားတယ်လို့ ဆိုပါတယ်။ မိခင်တစ်ဦးအနေနဲ့ သားအတွက် ကုသိုလ်ကောင်းမှုတွေ နေ့စဉ်ပြုလုပ် နေပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ သားကောင်းရတနာဖြစ်စေချင်သလို သူမရဲ့အနုပညာအမွေကိုလည်းပေးချင်တယ်လို့ ပြော ပါတယ်။ ” Roar Roar လေးက အခုဆိုရင် ခြောက်လပြည့်ပြီပေါ့။ အခုလည်း သားသားက အမေ့ကိုဂျီကျတာ၊ ငိုတာမျိုးမရှိဘူး။ တအားအေးတယ်။ အစ်မတို့လင်မယားနှစ်ယောက်ကတော့ သားလေးအတွက်ပဲဂရုစိုက်ပါတယ်။ အစ်မက မိခင်တစ်ယောက်ဖြစ်တဲ့အတွက် သားလေးကိုလိမ္မာစေချင်တယ်။ ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ်။ နောက် အစ်မရဲ့အနုပညာအမွေကိုလည်း ပေးချင်တယ်။ တချို့က အနုပညာအလုပ်က တအားပင်ပန်းတယ်။ မလုပ်စေချင်ကြဘူး။ အစ်မကတော့ အစ်မ ရဲ့သွေးသားကို အစ်မရဲ့အမွေကို ဆက်ခံစေချင်တာပါ။ အခုကတည်းက ပရိသတ်တွေက Roar Roar လေးကို ချစ်ကြတဲ့အတွက် အစ်မတို့ တအားအံ့သြရပါတယ်” လို့ ဆုပန်ထွာက ပြောပါတယ်။ ဆက်လက်ပြီး ဆုပန်ထွာကို ကလေး ၆ လပြည့်ပြီဖြစ်တဲ့အတွက်
နောက်ထပ်ကလေးယူဖို့ အစီအစဉ်ရှိလားလို့မေးမြန်းတော့ …

” မပန်ပထမကတော့ နောက်ထပ်ကလေးယူဖို့ ဆရာဝန်နဲ့ဆွေးနွေးပါတယ်။ ဆရာဝန်ကလည်း ကလေးနည်း နည်းကြီးရင် နောက်တစ်ယောက်ယူဖို့ ပြောပါတယ်။ အခု သားသားကလည်း ခြောက်လပြည့်ပြီဆိုတော့ နောက်တစ်ယောက် ချက်ချင်းထပ်ယူမယ်။ ချက်ချင်းယူလို့မရရင်တော့ မယူတော့ပါဘူး။ မပန် အသက်ကလည်း သုံး ဆယ်ကျော်ပြီဆို တော့လေ။ နောက် တစ်ယောက်က တော့ဘာလေးပဲရရပါ။ အကယ်၍မရ ဘူးဆိုရင်တော့ သားသားတစ်ယောက်ကိုပဲ အစ်မတို့အစွမ်းကုန် ပံ့ပိုးပေးသွားမှာပါ” လို့ ဆုပန်ထွာက ပြောပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*