ထပ်ဆင့် အကယ်ဒမီ လူမင်း အတွက် အမှတ်တရတွေ ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်

ထပ်ဆင့် အကယ်ဒမီ လူမင်း အတွက် အမှတ်တရတွေ ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်
March 28, 2017 Asian Fame
ထပ်ဆင့် အကယ်ဒမီ လူမင်း အတွက် အမှတ်တရတွေ ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်

ZAW_4708၂ဝ၁၆ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင် ဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ သရုပ်ဆောင်လူမင်းက အခုလို ဇာတ်ပို့အနေ နဲ့ဆုရရှိမယ် ဆိုတာကို မမျှော်လင့်ထားတဲ့ အတွက် စိတ်ကိုလျှော့ထားတယ် လို့လည်း ဆိုပါတယ်။

“အရင်နှစ်တွေလည်း သတင်းကြီးပြီးရင် လွဲတာပဲဆိုတော့ ဒီနှစ် လည်း လွဲမှာပဲဆိုပြီး ဆုရမယ့်ဘက်ကို ကိုယ့်စိတ်ကို လျှော့ထား ပါတယ်။ ဒီပွဲကြီး အဆင်ပြေပြေ ချောချောမွေ့မွေ့ အောင်အောင် မြင်မြင်ပြီးဖို့ပဲ စိတ်ပူနေတာပါ။ ဒီဇာတ်ပို့ဆုကြေညာတဲ့ အချိန် မှာတောင် ဘာဆုကြေညာမှန်း မသိဘူး။ ပွဲကိုစိတ်ပူနေတုန်း မှာပဲ ဒေါ်မြင့်မြင့်ခိုင် ပြောတဲ့ အချိန်မှာ “ငါ့ကိုပြောနေပါလား” ဆိုပြီး အံ့သြဝမ်းသာဖြစ်ရပါတယ်။ အစ်ကို့အတွက် ဒီနှစ်က အမှတ်တရတွေ ပိုဖြစ်စေတဲ့ နှစ်တစ်နှစ်လို့ ပြောရင်ရနိုင်ပါတယ်”လို့ ပြောပါတယ်။

အကယ်ဒမီ လူမင်းဆုရှိခဲ့တဲ့ “ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ” ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ဆရာကြီး မင်းသိင်္ခ ရဲ့ ဝတ္ထုကို ပထမဦးဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား ဖြစ်ပြီး အကယ်ဒမီဆု ရရှိခဲ့တဲ့အတွက် အမှတ်တရ ဖြစ်ခဲ့ကြောင်း လူမင်းက ပြောပါတယ်။

“ဆရာကြီးမင်းသိင်္ခရဲ့ ဝတ္ထုကို သူများတွေ အများကြီး ရိုက် ကူးနေတဲ့ အချိန်မှာ ကိုယ်တစ်ကားမှ မရိုက်ကူးဖြစ်ခဲ့ဘူး။ ဆရာ ကြီးရဲ့ ဝတ္ထုကို ကိုယ်ပထမဦးဆုံး စရိုက်ကူးဖြစ်တဲ့ အချိန်မှာပဲ ဇာတ်ပို့ဆုကို ရရှိတာဆိုတော့ အမှတ်တရပါပဲ။ ပြီးတော့ ဥက္ကဋ္ဌ တာဝန်က အနား ယူပြီးရင် ကိုယ်ကိုယ်တိုင် ထုတ်လုပ်ပြီး ဒါရိုက် တာအဖြစ် ရိုက်ကူးဖို့အတွက် ဆရာကြီးရဲ့ဝတ္ထု မိုးနဲ့မြေဝတ္ထုကို  လည်း ဝယ်ထားပြီးပါပြီ။ နဂိုကတည်းက ရိုက်ကူးဖို့စီစဉ်ထားတာပါ။ အဲဒီအတွက် အမှတ်တရ ပိုဖြစ်ရတာပေါ့” လို့ ပြောပါတယ်။

သမီးလေးနဲ့ အတူ ဆံပင်နောက်တစ်ကြိမ် ထပ်မံလှူဒါန်းခဲ့တဲ့ ခင်စံပယ်ဦးက မကြာမီမှာ ဥက္ကဋ္ဌရာထူးက အနားယူတော့မယ့် အကယ်ဒမီ လူမင်းကို ဥက္ကဋ္ဌ ဆက်မလုပ်စေချင်တဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူး အရမ်းတင်ကြောင်း၊ မိသားစုနဲ့ အတူ အလှူအတန်းတွေ ပြုလုပ်ကာ စတုဒိသာတွေလည်း ကျွေးမွေး ချင်ကြောင်း၊ သားနဲ့သမီး ကိုလည်း ရှင်ပြု၊ နားသ အလှူပြုလုပ်ပေးပြီး ဆရာတော် ဘုရားကြီးတွေ တရားပွဲတွေမှာ အလှူအတန်းတွေ လုပ် ချင်ကြောင်း သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ ရေးသားထားတာ ကိုလည်း တွေ့ရပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*