ဂီတမှူး ဓီရာမိုရ် အကယ်ဒမီ ပီတိ

ဂီတမှူး ဓီရာမိုရ် အကယ်ဒမီ ပီတိ
March 28, 2017 Asian Fame
ဂီတမှူး ဓီရာမိုရ် အကယ်ဒမီ ပီတိ

D-Yar-Moဓီရာမိုရ်ဆိုတာ ဂီတလောကမှာ မသိသူ မရှိလောက်အောင် ထူးချွန်လှတဲ့ အနုပညာ သမားတစ်ဦးပါ။ သူနဲ့ အကယ်ဒမီ ပေးပွဲမတိုင်ခင် အင်တာဗျူး ဖြစ်တုန်းက “အစ်ကို ဒီနှစ်အကယ်ဒမီ အတွက် အစ်ကို့ နာမည်ကြားနေတယ်။ အကယ်ဒမီ အတွက် ရင်ခုန်မှုရှိလား” လို့မေးဖြစ်ခဲ့ပါတယ်။ သူက “ကျွန်တော် ကတော့ အကယ်ဒမီ တစ်ခါတော့ ရပြီးပြီ။ ကျွန်တော့် အနေ နဲ့ကတော့ အကယ်ဒမီ ထပ်ရ ပါစေတို့ ဘာတို့တော့ ကျွန်တော့် စိတ်ထဲမှာ သိပ်မရှိဘူးဗျ။ အတတ်နိုင်ဆုံး ကိုယ်ကြိုးစားဖို့ပဲ ဆိုတဲ့ အပိုင်းပဲ ရှိတာပေါ့နော်။ အကယ်ဒမီ ကတော့ အဲဒီလောက်ပါပဲ” လို့ ရိုးရိုးသား သားပဲပြောခဲ့ပါ တယ်။ အကယ်ဒမီပေးပွဲ မှာတော့ ၂ဝ၁၆ ခုနှစ်အတွက် အကောင်း ဆုံး တေးဂီတဆုကို ဓီရာမိုရ်က “လူးရတနာသိုက်” ဇာတ်ကားနဲ့ ရရှိသွားခဲ့ပါတယ်။ သူက ၂ဝဝ၉ ခုနှစ် တုန်းကလည်း “ဇော်က ကနေသည်” ဇာတ်ကားနဲ့ ပထမဆုံး ရွှေစင်ရုပ်တုကို ဆွတ်ခူးခဲ့ဖူးသူပါ။

“ပီတိက အဓိကကတော့ ၂ချက်ပေါ့။ တစ်ချက်ကတော့ မိသားစုတွေနဲ့ Community အသိုင်းအဝိုင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ အတွက် ဝမ်းသာ တယ်။ အထူးသဖြင့်တော့ အကယ်ဒမီ ပေးပွဲမှာပြောသလိုမျိုး မိဘနှစ်ပါး အတွက်၊ သားတွေသမီးတွေ အတွက် ဒီလိုမျိုး ခံစားကြည့်တဲ့အခါ ကျတော့ ခံစားရတာ ကောင်း တယ်လေ။ အဲဒါတစ်ချက်ပေါ့နော်။ နောက်တစ်ချက် ကတော့ ဘဘဗိုလ်ကလေး တင့် အောင်ပေါ့။ သူကအသက် ၉၅ နှစ်ရှိပြီ။ သူကိုယ်တိုင် လက်ဆွဲ နှုတ်ဆက်ပြီးတော့ ဆုကို ပေးသွားတာပေါ့နော်။ အဲဒါကတော့ အရမ်း ကို ပီတိဖြစ်ပါတယ်” သူက ပွဲပြီးတဲ့နောက် အင်တာဗျူး မေးမြန်းတဲ့အခါ ပြန်လည်ဖြေကြားခဲ့ပါ တယ်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ဂီတဌာနရဲ့ ပါမောက္ခ(ဌာနမှူး) တစ်ယောက် ဖြစ်တဲ့ ဓီရာမိုရ်က သူ့ရဲ့ကျောင်းကို ရာနှုန်းပြည့် အချိန်ပေးနေ ရတာ ကများပါတယ်။ ကျန်တဲ့ အချိန်တွေမှသာ သူ့ရဲ့အနုပညာအလုပ် တွေကို လုပ်ကိုင်ဖြစ် နေတာဖြစ် ပါတယ်။

အခုတော့ အကယ်ဒမီ ပေးပွဲကြီးလည်း ပြီးသွားပြီ၊ ချီးမွမ်းသံတွေ၊ ဝေဖန် သံတွေလည်း ထွက်ပေါ်လာခဲ့ ပြီးပြီဆို တော့ အကယ်ဒမီပွဲ အပေါ် ဓီရာမိုရ် ရဲ့အမြင်ကို မေးမြန်းဖြစ်ခဲ့တဲ့အခါ “အကယ် ဒမီပွဲဆိုတာကတော့ အနုပညာ သမားတွေ အတွက် တစ်နိုင်ငံလုံးက ဂုဏ်ပြုတဲ့ပွဲပေါ့နော်။ အဲဒီလိုပွဲတွေကို ခမ်းနားသထက် ခမ်းနား အောင် စီစဉ်တာကောင်းပါ တယ်။ ကျန်တဲ့ အနုပညာပွဲတွေ လည်း ရှိသလို အကယ်ဒမီပွဲ ကတော့ ထိုက်ထိုက် တန်တန် ဂုဏ်ပြုတယ်။ လူသိ ထင်ရှားဖြစ်တယ်ပေါ့နော်။ အဲဒီလို ပွဲတွေ ကိုတော့ သေသေချာချာ၊ ခမ်းခမ်းနားနား နဲ့ နှစ်စဉ်ကျင်းပတာ က ကောင်းတယ် ထင်ပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*